ကရင်နွယ်ဘာသာစကားများ
From Wikipedia, the free encyclopedia
ကရင်ဘာသာစကား /kəˈrɛn/[2] သည် လူဦးရေ ခုနစ်သန်းခန့်ရှိသော ကရင်လူမျိုးများက ပြောဆိုအသုံးပြုကြသည် ဘာသာစကားတစ်ခု ဖြစ်သည်။ ကရင်ဘာသာစကားများသည် တရုတ်-တိဗက်နွယ် ဘာသာစကားများအုပ်စုထဲတွင် ဆက်နွယ်မှုမှာ ရှင်းလင်းခြင်း မရှိပေ။[3] ကရင်ဘာသာစကားများသည် စာရေးသားရာတွင် မြန်မာအက္ခရာများကို အသုံးပြုသည်။[4] အဓိက ကရင်ဘာသာစကားကြီး သုံးခုမှာ စကောကရင်ဘာသာစကား၊ ပိုးကရင်ဘာသာစကားနှင့် ပအိုဝ်းဘာသာစကားတို့ ဖြစ်ကြသည်။ ကရင်နီ (ကယား) နှင့် ကယန်း (ပဒေါင်) တို့သည် စကော နှင့် ဆက်စပ်နေကြသည်။ အခြားသော ကရင်ဘာသာစကားများနှင့် နှိုင်းယှဉ်ပါက တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုတွင် ပုံစံကွဲနေပြီး ကတ္တား-ကြိယာ-ကံ (subject–verb–object) ပုံစံ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုမှာ ကတ္တား-ကံ-ကြိယာ (subject–object–verb) ပုံစံ ဖြစ်သည်။[5] ယင်းမှာ မွန်နှင့် ထိုင်းဘာသာစကားများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။[6] ထို့အပြင် ကရင်ဘာသာစကားများတွင် တရုတ်လွှမ်းမိုးမှု မရှိသည့်အတွက် ထူးခြားသည်ဟုလည်း မှတ်ယူနိုင်သည်။[7]
ကရင်နွယ်ဘာသာစကားများ | |
---|---|
လူမျိုး: | ကရင်လူမျိုး |
ဒေသအလိုက် ပျံ့နှံ့မှု: | မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက် |
ခွဲခြားမှု: | တရုတ်-တိဗက်နွယ်
|
ရှေးဦးပထမဖြစ်သော ဘာသာစကား | ရှေးဦး-ကရင်နွယ် |
အခွဲများ: | |
ISO 639-2 / 5: | kar |
Glottolog: | kare1337[1] |