ကရင်နီဘာသာစကား
From Wikipedia, the free encyclopedia
ကရင်နီဘာသာစကား သို့မဟုတ် ကယားဘာသာစကား (ကယား: ကယး လီူး ꤊꤢꤛꤢ꤭ ꤜꤟꤤ꤬) သည် မြန်မာနိုင်ငံရှိ ကယားလူမျိုး (ကရင်နီလူမျိုး) ငါးသိန်းကျော် (၅၀၀,၀၀၀ ကျော်) ပြောဆို အသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်သည်။
အချက်တိုများ ကရင်နီ ကယး လီူး, ဒေသခံ ...
ကရင်နီ ကယး လီူး | |
---|---|
ကယား | |
Karenni | |
ဒေသခံ | မြန်မာနိုင်ငံ |
လူမျိုးစု | ကယားလူမျိုး |
ဒေသခံ ပြောဆိုသူများ | ၁၉၀၀၀၀ (၂၀၀၀–၂၀၀၇)[1] |
တရုတ်-တိဗက်နွယ်
| |
စာအရေးအသားစနစ် | ကယားလီအက္ခရာ (eky,kyu) လက်တင်အက္ခရာ (kyu,kxf) မြန်မာအက္ခရာ (kyu,kxf) unwritten (kvy) |
တရားဝင် အခြေအနေ | |
လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုခြင်း | |
ဘာသာစကားကုဒ်များ | |
ISO 639-3 | Variously: eky – အရှေ့ကယား kyu – အနောက်ကယား kvy – ယင်းတလဲ kxf – မနူမနော (မနု၊ ကော်ယော်) |
Glottolog | kaya1317 ကယား[2]yint1235 ယင်းတလဲကရင်[3]manu1255 မနုမနောကရင်[4] |
ပိတ်ရန်
ကယား ဟူသော ဝေါဟာရသည် အခြားကရင်များမှ ခွဲခြားခေါ်ဆိုရန်အတွက် ဖန်တီးခဲ့ခြင်း ဖြစ်သည်။[5]
၂၀၀၀ ခုနှစ်တွင် အရှေ့ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၆၀,၀၀၀ နှင့် ထိုင်းနိုင်ငံတွင် ၁၀၀,၀၀၀ တို့က ပြောဆိုအသုံးပြုကြသည်ဟု ဆိုသည်။ ၁၉၈၇ ခုနှစ်တွင် အနောက်ကယားဘာသာစကားကို မြန်မာနိုင်ငံတွင် လူဦးရေ ၂၁၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ ယင်းနှစ်ခုသည် ကွဲပြားသော ဘာသာစကားနှစ်ခု ဖြစ်သည်။ အနောက်ကယား၏ ဒေသိယစကားများမှာ ယင်းတလဲ နှင့် မနုမနော တို့ ဖြစ်ကြသည်။