ကမ္ဘာမကျေ
မြန်မာနိုင်ငံတော် သီချင်း / From Wikipedia, the free encyclopedia
ကမ္ဘာမကျေသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း) ကို မြန်မာ့ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်းဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။ ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင်[1]ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေး မှ ကမ္ဘာမကျေ ကို နိုင်ငံတော်သီချင်း အဖြစ် အတည်ပြုခဲ့သည်။ [2][3]
အချက်တိုများ English: Till the End of the World, စာသား ...
English: Till the End of the World | |
---|---|
ကမ္ဘာမကျေ | |
မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်း | |
စာသား | ဝဏ္ဏကျော်ထင် ဝိုင်အမ်ဘီ ဆရာတင် (၁၉၃၀)နှင့် ဝဏ္ဏကျော်ထင် စိန်မြမောင် (၁၉၄၇) |
ဂီတ | ဝဏ္ဏကျော်ထင် ဝိုင်အမ်ဘီ ဆရာတင်, ၂၀ ဇူလိုင် ၁၉၃၀ |
အတည်ပြုခြင်း | ၂၂ စက်တင်ဘာ ၁၉၄၇ |
အသံနမူနာ | |
ကမ္ဘာမကျေ (တီးလုံး) | |
ပိတ်ရန်
Problems playing this file? See media help.