Map Graph

ကမ္ဘာအေးစေတီ

ကမာၻေအးေစတီ

ကမ္ဘာအေးစေတီမှာ ရန်ကုန်မြို့ ရေကူးရပ် သီရိမင်္ဂလာကုန်းတွင် တည်ရှိသော စေတီတော် ဖြစ်သည်။ ဘွဲ့တော်အားဖြင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီဟု တွင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းအဓိဌာန်ဖြင့် ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် သီရိပျံချီဦးသန်းစိန် ပါဝင်သည့် သာသနာရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ စုပေါင်း မတည်ကာ အရပ်ရပ်ကုသိုလ်ရှင်များ၏ အလှူငွေများဖြင့် တည်ထားသော စေတီတစ်ဆူ ဖြစ်သည်။ စေတီတော်ကြီးမှာ မြန်မာနိုင်ငံတွင် တည်ထားပြီးသော စေတီတော်များနှင့် လုံးမဝတူဘဲ ခေတ်မှီ ပိသုကာပညာအရ သံထုတ်တန်းကြီးများဖြင့် အတွင်း၌ လိုဏ်ဂူသဖွယ် ဌာပနာတိုက်ကို အုံထပ်၍ တည်ထားသည်။ စေတီတော်၏ လိုဏ်တွင်း၌ အလယ်ဌာပနာတိုက်ကိုပတ်၍ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးနှင့် ပွင့်တော်မူဆဲ ဘုရားငါးဆူတို့ကို ပူဇော်သောအားဖြင့် ဆင်းတုတော်ကြီးငါးဆူကို ကိုးကွယ်ထားသည်။ ဆင်းတုတော်တို့ မျက်နှာမူရာတွင် မုခ်ငါးမုခ်ထားရှိသည်။ ဘုရားငါးဆူတွင် တစ်ဆူတစ်ဆူ၌ ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်များကို နောက်ခံကားဆေးခြယ်ထားသည်။ ဉာဏ်တော်မှာ ၇၈ တောင် ၂ မိုက် ဖြစ်သည်။

Read article
ဖိုင်:Kaba_Aye_Paya_2.JPGဖိုင်:Myanmar_location_map.svgဖိုင်:Tipitakadhara_Tipitakakovida_Examinations,_Mahapasana_Guha_Cave,_Yangon.JPGဖိုင်:Inner_location_of_MHPTN_Hlaing_Gu.jpgဖိုင်:View_of_Mahar_Parthana_Hlaing_Gu.jpgဖိုင်:Buddha_returning.jpg