From Wikipedia, the free encyclopedia
အဲလစ်အုန်း (အင်္ဂလိပ်:Alice Ong , ၁၉၉၄ ဩဂုတ်လ ၈ တွင်မွေးဖွား) သည် မြန်မာအမျိုးသမီး သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အလှအပရေးရာကျွမ်းကျင်သူ နှင့် မော်ဒယ် တစ်ဦး လည်းဖြစ်သည်။ မျက်နှာပြင်များ(၂၀၁၈) နှင့် ဘယ်လာနှင့်ကျွန်တော် (၂၀၁၇) ရုပ်ရှင်များတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် လူသိများ ထင်ရှားလာခဲ့သည်။ [1][2][3]
Alice Ong | |
---|---|
ဇာတိ အမည် | အဲလစ်အုန်း |
မွေးဖွား | ချို ချို ဩဂုတ် ၈၊ ၁၉၉၄ တောင်ကြီး, မြန်မာ |
နိုင်ငံလူမျိုး | မြန်မာ |
မိခင်ကျောင်း | Victoria University College University of Wolverhampton |
အလုပ်အကိုင် | သရုပ်ဆောင်, မော်ဒယ်, အလှအပကျွမ်းကျင်သူ |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၃ – လက်ရှိ |
အရပ် | ၁.၆၅ m (၅ ft ၅ in) |
အဲလစ်အုန်း သည် ၁၉၉၄ခုနှစ် ဩဂုတ်လ ၈ရက်နေ့ တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ ၌ မွေးဖွားခဲ့သည်။ သူမသည် ရှမ်း-တရုတ် ကပြားတစ်ဦး လည်းဖြစ်သည်။ မွေးချင်းလေးယောက် ရှိသည့် အနက်မှ အကြီးဆုံး သမီးဖြစ်သည်။ HND ဒီပလိုမာ ကို Victoria University College မှ ၂၀၁၅ခုနှစ် တွင် ဘွဲ့ရခဲ့ ပြီး BA honors အား University of Wolverhampton မှ ၂၀၁၈ခုနှစ် တွင် ရခဲ့သည်။ အဲလစ် သည် တောင်ကြီးမြို့ မှ ရန်ကုန်မြို့ သို့ မိဘများ ကွာရှင်းပြီးနောက်ပိုင်းတွင် သူမ၏မိခင်နှင့်အတူ ပြောင်းရွေ့လာခဲ့သည်။[4]
အဲလစ် သည် ပြည်တွင်း၌ ကျင်းပခဲ့သော Miss Suko အလှမယ်ပြိုင်ပွဲ တွင် အနိုင်ရသူတစ်ဦးဖြစ်သည်။ ဒါအပြင် Shwe Kann Tharyar နှင့် Miss PH Care ပြိုင်ပွဲတို့တွင်လည်း အနိုင်ရရှိခဲ့သည်။ [5]
၂၀၁၃ခုနှစ် တွင် အလှမယ်မော်ဒယ် အဖြစ်စတင်လှုပ်ရှားခဲ့ပြီး မဂ္ဂဇင်း မျက်နှာဖုံး အတွက်လည်း မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့သည်။[6] မင်းသမီး အဖြစ် Miss Asia Yangon Myanmar (2015) ပြိုင်ပွဲ ပြီးနောက်ပိုင်းတွင် လုပ်ကိုင်ခဲ့သည်။ အဲလစ် ၏ပထမဆုံး ရုံတင် ရုပ်ရှင်ကား မှာ မျက်နှာပြင်များ (Dimensions) ဖြစ်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင် ခါရာ နဲ့အတူ သရုပ်ဆောင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်အား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့ တွင် ပြည်တွင်း၌ ရုံတင်ခဲ့ပြီးနောက်ပိုင်း စင်ကာပူနိုင်ငံတွင်လည်း ရုံတင်ခဲ့သည်။[7][8] အဲလစ်၏ ဒုတိယမြောက် ရုပ်ရှင်မှာ ဘယ်လာနှင့် ကျွန်တော် ဖြစ်ပြီး ၂၀၁၇ မေလ တွင် ဖြန့်ချိခဲ့သည်။ [9][10]
၂၀၁၇ခုနှစ် တွင် CANAL+မြန်မာ ၏ ချာတိတ် နှင့် ပူတူတူး ရုပ်သံလိုင်းများ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၂၀၁၈ခုနှစ်တွင် လည်း Vivo လက်ကိုင်ဖုန်း ၏ အရောင်းသံတမန် ( brand ambassador) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ [11][12]
ခုနှစ် | မြန်မာနာမည် | အင်္ဂလိပ်နာမည် | နေရာ | မှတ်ချက် |
---|---|---|---|---|
၂၀၁၉ | လေဆန်ကကြိုး | Wind Up Dancer[13] | စင်သီယာ | ခေါင်းဆောင်ပိုင်း |
၂၀၁၈ | မျက်နှာပြင်များ | Dimensions | အခါရာ | ခေါင်းဆောင်ပိုင်း |
၂၀၁၇ | ဘယ်လာနှင့်ကျွန်တော် | Bella and Me | ဘယ်လာ | ခေါင်းဆောင်ပိုင်း |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.