From Wikipedia, the free encyclopedia
ယခင်အမည် Harakah al-Yaqin ဖြစ်သော[13][14] အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (အင်္ဂလိပ်: Arakan Rohingya Salvation Army; အတိုကောက် အာဆာ, ARSA)[15][16][17] သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ International Crisis Group မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာတွင် ကြီးပြင်းခဲ့သော ရိုဟင်ဂျာလူမျိုး Ataullah abu Ammar Jununi က ဦးဆောင်သည်။[1][2] အခြားဦးဆောင်သူများတွင် ဆော်ဒီအာရေဗျတွင် ခိုလှုံနေထိုင်ကြသော ရိုဟင်ဂျာကော်မတီတစ်ခု ပါဝင်သည်။[18]
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် Arakan Rohingya Salvation Army | |
---|---|
ခေါင်းဆောင်များ | Ataullah abu Ammar Jununi[1][2] |
စတင်လှုပ်ရှားခြင်း | ၂၀၁၃[3] – လက်ရှိ ၉ အောက်တိုဘာ ၂၀၁၆ – လက်ရှိ (militarily) |
လှုပ်ရှားနယ်မြေ | ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် |
Ideology | |
အရွယ်အစား | ~၂၀၀ (ဇန်နဝါရီ ၂၀၁၈)[5][6] 500[7][8]–၆၀၀[9] (၂၀၁၆-၁၇ ခန့်မှန်း) |
ပြိုင်ဘက်များ | State opponents: မြန်မာ Non-state opponents: ရက္ခိုင့်တပ်တော်[10] |
စစ်ပွဲနှင့် တိုက်ပွဲများ | ရိုဟင်ဂျာပဋိပက္ခ
|
အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသူ | |
အလံ |
မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက အာဆာ အား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။[19][20] အာဆာအား အကြမ်းဖက်အဖွဲ့အဖြစ် မလေးရှားနိုင်ငံကလည်း သတ်မှတ်ထားသည်။[12]
အာဆာတွင် အစ္စလာမ်နိုင်ငံများ ပါဝင်ပတ်သက်နေသည်ဟု မြန်မာနိုင်ငံ အစိုးရက စွပ်စွဲထားသော်လည်း ခိုင်လုံသော သက်သေအထောက်အထားများ မရှိခဲ့ပေ။[21]၂၀၁၇ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့တွင် အာဆာက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့ပြီး အာဆာ၏ အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။[22]
၂၀၁၇ခုနှစ်ဩဂုတ်လ ၂၅ ရက်နေ့က၊ မြန်မာ နယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို Arsaတပ်များဝင်ရောက်တိုက်ခိုက်ခဲသည်။ထိုအချိန်မှစပြီးမြန်မာစစ်တပ်နှင်Arsa တို့၂၀၁၈နှစ်ကုန်ခန့်အထိတိုက်ပွဲများဖြစ်ပွားခဲ့လေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.