မြန်မာနိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: National Democratic Alliance Army; အတိုကောက် NDAA),[1] သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS))၊ (ရှမ်းပြည်အရှေ့ပိုင်း တပ်မတော်)[2] ဟူ၍လည်း ခေါ်သည်။ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် အခြေစိုက်သည်။[3]
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် | |
---|---|
အင်္ဂလိပ် အမည် | National Democratic Alliance Army-Eastern Shan State (NDAA-ESS) |
နာယက | ဦးစိုင်းလင်း |
အထွေထွေ အတွင်းရေးမှူး | Sao Hsengla |
ဒုဥက္ကဋ္ဌ | ဦးစံဖဲ |
တည်ထောင်ခြင်း | ၁၉၈၉ |
ခွဲထွက် | ဗမာပြည် ကွန်မြူနစ်ပါတီ |
ဌာနချုပ် | မိုင်းလားဒေသ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
အရောင် | အဝါ၊ အစိမ်း နှင့် အနီ |
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.