From Wikipedia, the free encyclopedia
အမျိုးသားဇာတ်ရုံသည် ရန်ကုန်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အမျိုးသားဇာတ်ရုံတစ်ခုဖြစ်သည်။ အဆိုပါဇာတ်ရုံတွင် အခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ အစိုးရဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားများ၊ အနုပညာလက်ရာပြပွဲ၊ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်လေ့ရှိသည်။ [1]
လိပ်စာ | မြို့မကျောင်းလမ်း ရန်ကုန်မြို့ မြန်မာနိုင်ငံ |
---|---|
ကိုဩဒိနိတ် | 16.7839°N 96.1493°E |
အမျိုးအစား | အမျိုးသားဇာတ်ရုံ |
ဖွင့်လှစ် | ၁၉၉၁ |
အမျိုးသားဇာတ်ရုံကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၃ ရက် ဇွန်လ ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၃၀ ရက် ဇန်နဝါရီ ၁၉၉၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ စုစုပေါင်းကုန်ကျငွေ ၂၁၅.၄၇ မီလီယံကျပ်ငွေဖြစ်ပြီး တရုတ်အစိုးရမှ ၁၅၀ မီလီယံကျပ်ငွေ အကူအညီပေးခဲ့သဖြင့် မြန်မာအစိုးရမှ ကျန်ငွေသာ ကုန်ကျခဲ့သည်။ [2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.