ကြောင်ရိုင်းတစ်မျိုး From Wikipedia, the free encyclopedia
သစ်ကြောင်(Prionailurus bengalensis)သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားသော တောကြောင်အငယ်စား ဖြစ်သည်။ ၂၀၀၂ ကတည်းက ၎င်းကြောင်မျိုးသည် ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် အိုင်ယူစီအင် စာရင်းနီတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေရသည်။[2]
သစ်ကြောင် | |
---|---|
အိန္ဒိယ သစ်ကြောင် (P. b. bengalensis) | |
အေမွာ သစ်ကြောင် (P. b. euptilura) both at the Parc des Félins | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Prionailurus |
မျိုးစိတ်: | P. bengalensis |
ဒွိနာမ | |
Prionailurus bengalensis (Kerr, 1792) | |
Distribution of leopard cat, 2015[1] |
အာရှတိုက်နှင့် ဆန်ဒါကျွန်းများရှိ သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြသည်။ ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် ပရိုင်ယိုနေးလရပ် ဂျာဗနစစ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်သည်။[3]
သစ်ကြောင်မျိုးစိတ်ခွဲများသည် သားမွေးအရောင်၊ အမြီးအရှည်၊ ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားနှင့် ကျယ်ပြန့်စွာ ကွဲပြားသည်။[4] တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင် ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်သည်ဟု ညွှန်ပြနေသည်။[5]
သစ်ကြောင်သည် အာရှတိုက်ရှိကြောင်ရိုင်းအငယ်စားများအနက် တွေ့ရှိရာအရပ် အကျယ်ပြန့်ဆုံး ဖြစ်သည်။ ၎င်းတို့ကို ရုရှားအရှေ့ဖျားရှိ အေမွာဒေသမှသည် ကိုရီးယားကျွန်းဆွယ်၊ တရုတ်ပြည်၊ အင်ဒိုချိုင်းနား၊ အိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရသည်။ ယင်းတို့ကို ပါကစ္စတန်မြောက်ပိုင်းအထိ တွေ့ရသည်။[6]ဂျပန်ပြည်တွင် ယင်းတို့ကို အီရီယိုမိုတေးကျွန်းနှင့် ကျူရှီးမားကျွန်းတို့တွင်သာ တွေ့ရသည်။ [7][8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.