From Wikipedia, the free encyclopedia
ရှင်ဆံတော်စေတီတော် (ကလိန်အောင် ဆံတော်ရှင်စေတီတော် ဟုလည်း ခေါ်) ထားဝယ်မြို့မှ မြောက်ဘက် ထားဝယ်-ရေး ကားလမ်းမှ ၄၇ မိုင်အကွာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တောင်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[1]
ဂေါတမမြတ်စွာဘုရားသည် ၁၁ ဝါမြောက်တွင် မြောက်ဥတ္တရကုရုကျွန်းမှ ဆွမ်းခံပြန်လာချိန် ဝေမိဿကတောင်အရောက်၌ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့နှင့် တွေ့ခဲ့သည်။ ဘုရားရှင်သည် ဆံတော်သုံးဆူ ပေးသနားခဲ့သည်။ ထို့နောက် ရသေ့၊ နတ်နှင့် ဘီလူးသုံးဦးတို့အား ဝေဿဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားတို့၏ ဆံတော်မူတည်ရှိပြီး ထိုဆံတော်များနှင့်အတူ မိမိဆံတော်သုံးဆူကိုပါဌာပနာရန် ဗျာဒိတ်ထားခဲ့သည်။[1]
ဘုရားရှင်၏ ဗျာဒိတ်အတိုင်းပင် ဝေဿဝဏ္ဏတောင်ကုန်းတွင် စောက် အတောင် ၄၀၊ အနံအလျား အတောင် ၃၀ တူး၍ အင်္ဂတေဖြင့် ချောမွေ့သေသပ်စွာ ပြုလုပ်ကာ ဆံတော်သုံးဆူကို ဌာပနာ၍ ဉာဏ်တော် ၁၅ တောင်ရှိသည့် ကျောက်စေတီကို တည်ခဲ့သည်။ စေတီတော်သည် ဆုတောင်းပြည့်သည့်အတွက် “ဆုတောင်းပြည့်ဆံတော်ရှင်” ဟုလည်း တွင်သည်။[1]
ပွင့်တော်မူပြီးသော ဘုရားရှင်များ ဖြစ်ကြသည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူ၏ ဆံတော်များ (၃) ဆူစီကိန်းအောင်းစံပယ်လျက်ရှိပြီး တစ်ဆယ့်နှစ်ဆူသော ဆံတော်မြတ်များ ကိန်းအောင်းနေသည့် “ကလိန်အောင်ဆံတော်ရှင်စေတီတော်မြတ်ကြီ” ဖြစ်သည်ဟုလည်း အဆိုရှိ၏။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.