ရေညှောင့်နှုတ်ဝိုင်းငှက်
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ဆောင်းခိုငှက်မျိုးဖြစ်သော ရေညှောင့် နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက် (Spoon-Billed Sandpiper)သည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်းဒေသ၊ ရခိုင်ပြည်နယ် စစ်တွေတွင် ကျက်စားသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးဖြစ်သည်။ ဖမ်းဆီးရောင်းချ ခံရခြင်းကြောင့် ကမ္ဘာပေါ်တွင် ကောင်ရေတစ်ထောင်ခန့်ပင် မကျန်ရှိတော့ဟု Birdlife International အဖွဲ့က ခန့်မှန်းထားသည်။
Calidris pygmaea | |
---|---|
non-breeding | |
breeding | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Charadriiformes |
မျိုးရင်း: | Scolopacidae |
မျိုးစု: | Calidris |
မျိုးစိတ်: | C. pygmaea |
ဒွိနာမ | |
Calidris pygmaea | |
Synonyms | |
|
ရေညှောင့် နှုတ်ဝိုင်းငှက်သည် မိုးဥတုအခါ ရုရှားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ချူကိုတာ ပြည်နယ်တွင် သားပေါက်ပြီး ဆောင်းတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများ၌ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၎င်းငှက်ကို ၂၀၀၈-ခုနှစ်မှ စတင်ကာ လေ့လာသုတေသနပြုလုပ်ခဲ့ကြသည်။ တစ်ကမ္ဘာလုံးတွင် ကောင်ရေ ၅၀၀ လောက်သာ ကျန်တော့သည်ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)မှ ဥက္ကဋ္ဌ ဒေါက်တာထင်လှက ပြောကြားသည်။[2] မြန်မာနိုင်ငံတွင် ရေညှောင့် နှုတ်ဝိုင်းငှက် အဓိကကျက်စားရာနေရာမှာ မုတ္တမပင်လယ်ကွေ့ ဒေသ ဖြစ်သည်။ [3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.