From Wikipedia, the free encyclopedia
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (အင်္ဂလိပ်: National United Party of Arakan; NUPA) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးအဖွဲ့အစည်းနှင့်[1] လက်နက်ကိုင်အဖွဲ့[2] ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည်ကွန်မြူနစ်ပါတီ အပါအဝင် အမျိုးသားရေးအဖွဲ့လေးဖွဲ့ ပူးပေါင်းကာ တည်ထောင်ခဲ့သည်။[3]
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ | |
---|---|
ပြည်တွင်းသောင်းကျန်းမှုသမိုင်းတွင် ပါဝင် | |
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ လိုဂို | |
လှုပ်ရှား | ၁၉၉၄ | –၂၀၂၀
ခံယူချက် | ရခိုင်အမျိုးသားရေး ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် |
ဦးဆောင်သူများ | ဗိုလ်ခိုင်ရာဇာ |
မဟာမိတ် | ကရင်အမျိုးသားအစည်းအရုံး |
ပြိုင်ဘက် | စစ်အာဏာရှင်စနစ် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၉၄ - ၂၀၂၀) |
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းပဋိပက္ခ |
၁၉၉၅ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (All Arakan Students' and Youths' Congress - AASYC) က ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army - ANGA) ကို ထူထောင်ခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ရခိုင်တော်လှန်ရေးပါတီများကို စုစည်းထားသည့် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front of Arakan - NUFA)က ၎င်းတို့လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စုစည်းပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (New Arakan Construction Army - NACA)ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army - ALA) မှ တော်လှန်ရေးလမ်းကြောင်းသစ် ဖောက်လိုသည့် ဗိုလ်ခိုင်ရာဇာဦးဆောင်သော တပ်ဗိုလ်တပ်မှူးများက ရခိုင်တပ်မတော် (Arakan Army - AA)ကိုထူထောင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦးအား ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (National United Party of Arakan - NUPA) အဖြစ် ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်သစ်တည်ဆောက်ရေးတပ်မတော် (NACA) နှင့် ရခိုင်တပ်မတော်တို့ကိုပေါင်းစည်းကာ ရခိုင်ပြည်တပ်မတော် (Arakan Army - AA) ဆိုသည့် အမည်ကို သုံးစွဲခဲ့သည်။
၁၉၉၅ ခုနှစ်တွင် အိန္ဒိယရှိ AASYC အဖွဲ့ဝင်များမှလွဲ၍ တခြား AASYC အဖွဲ့ဝင်များသည် NUPA နှင့်လည်းကောင်း၊ ANGA သည် AA နှင့်လည်းကောင်း ပူးပေါင်းသည်။ ၁၉၉၈ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းတွင် လျှို့ဝှက်အခြေစိုက်ရန် အိန္ဒိယထောက်လှမ်းရေး လက်ဖတင်နင်ကာနယ် Biswajit Singh Grewal ၏ ဖိတ်ခေါ်မှုကြောင့် ပင်လယ်ကြောင်းမှထွက်ခွါခဲ့ရာ ဗမာစစ်အစိုးရနှင့် အိန္ဒိယထောက်လှမ်းရေးတို့၏ ပူးပေါင်းလုပ်ကြံမှုကြောင့် ရခိုင်ပြည်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးခဲ့ရပြီး AASYC/ANGA ရဲဘော်ဟောင်းများ အများအပြားလည်း အိန္ဒိယနိုင်ငံ အကျဉ်းထောင်များတွင် နှစ်ပေါင်း(၁၀)ကျော် အကျဉ်းချခံခဲ့ရသည်။
၂၀၂၀ ဒီဇင်ဘာလတွင် NUPA/AA မျက်နှာစုံညီ အစည်းအဝေးမှ ဗဟိုကော်မတီ အများစု သဘောတူညီချက်ဖြင့် (NUPA/AA) ကိုဖျက်သိမ်းလိုက်ကာ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ပူးပေါင်းလိုက်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.