From Wikipedia, the free encyclopedia
မဟာဗုဒ္ဓဝင် (အင်္ဂလိပ်: Mahabuddhavamsa or Great Chronicle of Buddhas) သည် မင်းကွန်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသပြုစုခဲ့သော ကျမ်းစားတွဲကြီးတစ်ခုဖြစ်သည်။ ဤစာပေလက်ရာတွင် ဂေါတမဗုဒ္ဓ၊ ယခင်ပွင့်တော်မူခဲ့သော ဗုဒ္ဓများအကြောင်း၊ တပည့်သာဝက ရဟန်းများ၊ လူပုဂ္ဂိုလ်များ၊ ၎င်းတို့၏ အတိတ်ဘဝများအကြောင်း စသည်တို့ပါဝင်သည်။
မဟာဗုဒ္ဓဝင် (ပထမတွဲမှ ဆဋ္ဌမတွဲ) | |
စာရေးသူ | မင်းကွန်းတိပိဋကဆရာတော် |
---|---|
ဘာသာပြန်သူ | ဦးကိုလေးနှင့် ဦးတင့်လွင် [1] |
နိုင်ငံ | မြန်မာ |
ဘာသာစကား | မြန်မာ |
အမျိုးအစား | ဗုဒ္ဓဖြစ်စဉ် |
ထုတ်ဝေသူ |
|
ထုတ်ဝေခဲ့ | ၁၉၆၀-၁၉၇၂ |
အင်္ဂလိပ်ဘာသာဖြင့် | ၁၉၉၁-၁၉၉၇/၉၈ |
စာအုပ်အရေအတွက် | (၈) အုပ် |
ထိုစဉ်က မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနှင့် ဗုဒ္ဓသာသနာ့အဖွဲ့တို့၏ လျောက်ထားပန်ကြားမှုအရ ဗုဒ္ဓဖြစ်စဉ် (သို့) မဟာဗုဒ္ဓဝင်ကို ၁၉၅၅ တွင် စတင်ရေးသားခဲ့သည်။ ဤမဟာဗုဒ္ဓဝင်သည် ဆရာတော်၏ အထူးထင်ရှားသော စာပေလက်ရာတစ်ခုပင်ဖြစ်သည်။[2] ပထမတွဲကို ၁၉၆၀ မှစ၍ ဆဋ္ဌမတွဲ (ဒုတိယပိုင်း) ကို ၁၉၇၂ တွင် ပထမဆုံးအကြိမ်အနေဖြင့် ထုတ်ဝေခဲ့ကြသည်။ အကြိမ်များစွာလည်း ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်များဖြစ်သည်။ တိနိအဖွဲ့၏ အင်္ဂလိပ်ဘာသာပြန်မူကို ဦးကိုလေးနှင့် ဦးတင့်လွင်တို့က ပထမတွဲမှစ၍ နောက်ဆုံးတွဲထိ ပြုစုဘာသာပြန်ဆိုခဲ့ကြသည်။
အတွဲအနေဖြင့် (၆) တွဲဖြစ်၍ စာအုပ်အနေဖြင့် (၈) အုပ်ဟူ၍ သတ်မှတ်စီစဉ် ထုတ်ဝေခဲ့သည်။ ထုတ်ဝေရာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံခေတ် သာသနာရေးဦးစီးဌာနမှ တာဝန်ယူရိုက်နှိပ်ထုတ်ဝေခဲ့သည်။[3] [4] [5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.