ကျော်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျော်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
အချက်တိုများ မနုဿ ကျော်ဝင်း, အမည်ရင်း ...
မနုဿ ကျော်ဝင်း
Thumb
အမည်ရင်းကျော်ဝင်း
မွေးဖွား၃၊ ၆၊ ၁၉၄၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့
ကွယ်လွန်၂၂ မတ်၊ ၂၀၂၂(2022-03-22) (အသက် ၇၆)[1]
ရန်ကုန်မြို့
ကလောင်အမည်ရွှေအိုးလေး၊ လှမြင့်၊ ဝင်းနွယ်၊ ဝင်းသူ
အလုပ်အကိုင်တက္ကသိုလ် နည်းပြဆရာ၊ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ပညာရေးမဟာဝိဇ္ဇာဘွဲ့
မိဘဦးအုန်းမောင် + ဒေါ်လှရှိန်
ပိတ်ရန်

ကိုယ်ရေးဖြစ်စဉ်

ဆရာမနုဿ ကျော်ဝင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အဖ ဦးအုန်းမောင်၊ အမိ ဒေါ်လှရှိန်တို့က ၁၉၄၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ငါးယောက် အနက် သားအကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ ကျော်ဝင်း ဖြစ်သည်။

၁၉၆၁-ခုမှ စတင်၍ ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ မနုဿဗေဒပညာရပ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို၎င်း၊ မဟာဝိဇ္ဇာဘွဲ့ကို၎င်း ရရှိခဲ့သည်။ ၁၉၆၈-ခုနှစ် ရန်ကုန်အထိ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

'ရွှေအိုးလေး'၊ 'လှမြင့်'၊ 'မောင်ဝင်းနွယ်(ရန်ကုန် တက္ကသိုလ်)' နှင့် 'တက္ကသိုလ် ဝင်းသူ' စသည့် ကလောင်အမည်ဖြင့် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။ မိမိ အထူးလိုက်စားခဲ့သော မနုဿဗေဒ ပညာရပ်ကို အစွဲပြု၍ ၁၉၆၈ ခုနှစ်မှ စတင်ကာ 'မနုဿကျော်ဝင်း' ဟူသော အမည်ကို ခံခဲ့သည်။ ကွင်းဆင်းလေ့လာမှု အတွေ့အကြုံများကို စာနယ်ဇင်းများတွင် ဆောင်းပါးနှင့် ဝတ္ထုတိုများအဖြစ် ရေးသားခဲ့သည်။ သုတေသန စာတမ်းများ၊ ဝတ္ထု၊ ဆောင်းပါးများ စုစုပေါင်း ၄၀ဝ-ကျော်ခန့် ရေးသားခဲ့ပြီး မြန်မာ့အသံ ယဉ်ကျေးမှု အနုပညာ အစီအစဉ်မှလည်း အသံလွှင့်ခဲ့သည်။

၁၉၆၉-ခုနှစ်တွင် ယဉ်ကျေးမှုဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။ နာဂတောင်တန်းနှင့် ပြည်နယ်များသို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် စာပေဗိမာန် စာမူပြိုင်ပွဲ၌ 'အခြေခံ ရှေးဟောင်းသုတေသနပညာ' စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ဆုကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် 'တက္ကသိုလ် ဘယ်မှာရှိတယ်' စာမူဖြင့် ဝတ္ထုရှည်ဆုကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် 'နောက်အော်နာဂ' စာအုပ်ဖြင့် အမျိုးသား စာပေဆုကို ထပ်မံ ရရှိခဲ့သည်။

၁၉၇၉ ခုနှစ်တွင် 'ခရီးကြမ်း ဓလေ့ဆန်းဆန်း' စာမူဖြင့် စာပေဗိမာန် စာပဒေသာဆုနှင့် ၁၉၉၅ ခုနှစ်တွင် 'အိုးခြမ်းပဲ့များ သက်သေထား' စာမူဖြင့် ပခုက္ကူ ဦးအုန်းဖေ စာပေ ဝတ္ထုရှည်များ ဆက်လက်ရှိသည်။ ထို့ပြင် ၂၀၀၁ ခုနှစ်တွင် 'အခြေခံ ပြတိုက်ပညာ' စာအုပ်ကို ပြုစု ထုတ်ဝေခဲ့သည်။ ဆရာ မနုဿကျော်ဝင်းသည် လုံးချင်း ၆ အုပ် ရေးသားခဲ့ရာ ၅ အုပ် ဆုရခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ စာပေဆု ပြိုင်ပွဲ၌ ဝတ္ထုရှည် ပထမဆု ရရှိခဲ့သည်။

၁၉၇၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီပြည်နယ်၊ ဟိုနိုလူလူမြို့ရှိ 'အရှေ့ အနောက် ဗဟိုရေးရာ တက္ကသိုလ်' (East-West Centre) ၌ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဆိုင်ရာ ပြတိုက် ပညာတော်သင် အဖြစ် ၆ လတာမျှ သွားရောက် လေ့လာခဲ့သည်။ ထို့အပြင် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများ အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဖိလိပိုင်နိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင် စင်ကာပူနိုင်ငံများသို့ သွာရောက်ခဲ့သည်။

ဆရာ မနုဿကျော်ဝင်းသည် ယဉ်ကျေးမှု ဗိမာန် ဦးစီး ဌာန၊ တိုင်းရင်းသား ယဉ်ကျေးမှု သုတေသ ဌာနခွဲတွင် သုတေသန အရာရှိ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြတိုက်မှူးကြီး၊ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ရှေးဟောင်း သုတေသန ဦးစီး ဌာနတွင် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ဆရာသည် အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် စာပေနှင့် စာနယ်ဇင်း အဖွဲ့တွင်လည်း ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ

၁။ အခြေခံ ရှေးဟောင်း သုတေသနပညာ ၁၉၇၃
၂။ တက္ကသိုလ် ဘယ်မှာရှိတယ် ၁၉၇၅
၃။ နောက်အော်နာဂ ၁၉၇၇
၄။ ခရီးကြမ်းကြမ်း ဓလေ့ဆန်းဆန်း ၁၉၇၆
၅။ အိုးခြမ်းပဲ့များ သက်သေထား ၁၉၉၅
၆။ အခြေခံ ပြတိုက်ပညာ ၂၀၀၁ [2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.