From Wikipedia, the free encyclopedia
ပုလဲသီး ဟူသည် စား၍ရသော အကြည်လုံးဖြစ်ပြီး ပီလောပီနံမှုန့်မှ လုပ်သည်။ [1] အရှေ့တောင်အာရှ၌ အသုံးအစားများသည့် သာကူစေ့မှာ ဈေးများသည့်အတွက် သာကူစေ့အစား ဈေးပေါသော ပီလောပီနံမှုန့်မှ ထုတ်ခြင်းတည်း။ [2][3] ဘာဘယ်တီးတို့တွင် ပုလဲသီးကို ဘိုဘာ ခေါ်သည်။ ဘိုဘာမှ တရုပ်ဗန်းစကားဖြင့် နို့သီးခေါင်းကို ဆိုခြင်းတည်း။ [4] ပုလဲသီးအချင်းမှာ ၅-၁၀ မီလီမီတာမျှ ရှိသည်။ အိန္ဒိယ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဇမ္ဗူ့ဓန ဟု သိကြပြီး အခြားအခေါ်အဝေါ်များလည်း ရှိသေး၏။ [5] အခြားပါဝင်ပစ္စည်းများထည့်ကာ အရောင်၊ အသွင်အပြင် ကွဲသွားနိုင်သည်။ [6] မူရင်းအရသာမှာ ခပ်ချဉ်ချဉ်ဖြစ်သည်။ သို့ဖြင့် သကာရည်တွင်စိမ်ကာ အရသာပုံမှန်ဖြစ်အောင် သို့မဟုတ် ချိုအောင် ဖန်တီးရ၏။ [7] လက်ဖက်ရည်တို့တွင် ထည့်သည်မှာ အသွင်အပြင်ကောင်းစေရန် ဖြစ်ပြီး အရသာမှာ ယင်းလက်ဖက်ရည်အရသာအတိုင်း ဖြစ်လာသည်။ အရသာမဲ့ခြင်းနှင့် ဂျယ်လီဖြစ်လွယ်ခြင်းတို့ကြောင့် ပူတင်းကိုပျစ်စေသည့် ထပ်တိုးပစ္စည်းအဖြစ် ထည့်တတ်သည်။ [8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.