အိန္ဒိယ-မြန်မာကြားတောင်တန်း From Wikipedia, the free encyclopedia
ပတ်ကွိုင်တောင်တန်းကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အရှေ့မြောက်ဘက်မှ အနောက်ဘက်သို့ နိုင်ငံတော်၏ နယ်နိမိတ်သဖွယ် တန်းဆင်းနေပါသည်။ ပတ်ကွိုင်တောင်သည် ဟိမဝန္တာတောင်တန်းကြီးမှ ဖြတ်၍ ဆင်းလာသည့် တောင်ဖြစ်သည်။ ထိုတောင်တန်းကြီး၏ တောင်ဘက်စွန်းတွင် နာဂတောင်တန်းများက တည်ရှိလေသည်။
Patkai | |
---|---|
![]() Patkai hill summits seen from the Pangsau Pass | |
အမြင့်ဆုံးအမှတ် | |
တောင်ထွတ် | စာရာမေတိတောင်[၁] |
အမြင့် | ၃,၈၂၆ m (၁၂,၅၅၂ ft) |
ကိုဩဒိနိတ် | 27°0′N 96°0′E |
ပထဝီဝင် | |
တည်နေရာ | အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ |
ဗြဟ္မပုတ္တရမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်လက်တက်ပေါင်းများစွာ မြစ်ဖျားခံရာ ရေဝေတောင်တန်းလည်း ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ တစ်သောင်းကျော်အထိ မြင့်သည်။ လီဒိုလမ်းမကြီးသည် ထိုပတ်ကွိုင်တောင်တန်းကြီး၏ မြောက်ဘက်မှ ဖြတ်၍ အိန္ဒိယနိုင်ငံ၊ ဒီဗဂူးမြို့မှ မီးရထားလမ်း ပေါက်သည့် လီဒိုမြို့နှင့် မြန်မာနိုင်ငံ ဟူးကောင်းချိုင့်ဝှမ်းသို့ ဆက်စပ် ဖောက်ယူထားပေသည်။ [၂]
Seamless Wikipedia browsing. On steroids.