From Wikipedia, the free encyclopedia
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေသည် ၂၀၁၀ခုနှစ် အောက်တိုဘာ၂၁ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်သည်။နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေများနှင့်အညီ သုံးစွဲနိုင်စေရန်အတွက် ဤဥပဒေကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။[၁]
၁။ ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်။
၄။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ဤဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၈၊ ပုဒ်မခွဲ(က)ပါ ပုံသဏ္ဌာန်၊အချိုးအစားတို့နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီစေရမည်။
၅။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။
၆။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါတို့ကို မပြုလုပ်ရ-
၇။ မည်သူမဆို ပုဒ်မ၆ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၈။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် -
၁၀။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (၁၉၇၄ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်၂)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
<sub>Insert non-formatted text here</sub><sup> #REDIRECT [[Superscript text]] {| class="wikitable" |+ Caption text |- ! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |- | ဥပမာ || ဥပမာ || ဥပမာ |} </sup>== နောက်ဆက်တွဲ == Now myanmar army together add training & other hobby Welcome HTTPS://Army.burmese.com Archived 11 July 2013 at the Wayback Machine.100
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.