From Wikipedia, the free encyclopedia
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Planning, Finance and Industry;MOPFI) သည် အမျိုးသားစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုကုန်ထုတ်လုပ်ခြင်းများနှင့် သက်ဆိုင်သော မြန်မာအစိုးရဝန်ကြီးဌာနဖြစ်သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ခုနှစ် မေလတွင် ဖျက်သိမ်းခဲ့သည်။
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၂၈ နိုဝင်ဘာ ၂၀၁၉ |
ယခင်အဖွဲ့အစည်း | စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန စက်မှု ဝန်ကြီးဌာန |
ဖျက်သိမ်းခြင်း | ၃ မေ ၂၀၂၁ |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၃၂)၊ ရုံးအမှတ် (၂၆)၊ ရုံးအမှတ် (၃၀)၊ နေပြည်တော် |
ဝက်ဘ်ဆိုက် | mopfi.gov.mm |
လွတ်လပ်ရေးရပြီးစအချိန်တွင် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနတို့သည် သီးခြားတည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍လည်းကောင်း၊ ၁၉၉၃ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဟူ၍လည်းကောင်း၊ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍လည်းကောင်း အသီးသီး ပြောင်းလဲဖွဲ့စည်းခဲ့သည်။[1]
လွတ်လပ်ရေးရပြီးစအချိန်တွင် စက်မှုလုပ်ငန်းများအတွက် စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန၊ စက်မှုလက်မှုနှင့် သတ္တုတွင်း ဝန်ကြီးဌာနဟူ၍ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၂ခုနှစ်တွင် စက်မှုလက်မှုဝန်ကြီးဌာနဟူ၍ သီးခြားဖွဲ့စည်းခဲ့သည်။ ၁၉၇၂ခုနှစ်မှစ၍ စက်မှုဝန်ကြီးဌာန ဖြစ်လာခဲ့သည်။ ၁၉၇၅ခုနှစ်တွင် စက်မှုဝန်ကြီးဌာနကို အမှတ်(၁)နှင့် အမှတ်(၂)ဟူ၍ ခွဲခြားဖွဲ့စည်းခဲ့သည်။ ၂၀၁၂ခုနှစ်တွင် စက်မှုဝန်ကြီးဌာနအဖြစ် တစ်ခုတည်းထား၍ ဖွဲ့စည်းခဲ့သည်။[2]
၂၀၁၆ခုနှစ်တွင် စက်မှုဝန်ကြီးဖြစ်လာသော ဦးခင်မောင်ချိုလက်ထက်တွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ဘီပီအိုင်ဆေးဝါးစက်ရုံကိစ္စနှင့် လူနာတင်ယာဉ်ကိစ္စများကြောင့် ၂၀၁၉ခုနှစ်တွင် ဝန်ကြီးဖြစ်သူ နုတ်ထွက်ခဲ့ရသည်။[3] ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပူးတွဲကိုင်တွယ်ခဲ့ရသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့အား ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြလာခဲ့ရာ လွှတ်တော်မှ သဘောတူခဲ့သည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။[4][5][6]
၂၀၂၁ခုနှစ် အာဏာသိမ်းမှုအပြီးတက်လာသော တပ်မတော်အစိုးရသည် ၂၀၂၁ခုနှစ် မေလ ၃ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍ ပြန်လည်ခွဲထုတ်ခဲ့သည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.