စတော်ဘယ်ရီ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
စထရော်ဗယ်ရီကို မြန်မာတို့က ရှမ်းဆီးဟူ၍ ခေါ်ကြသည်။ စထရော်ဗယ်ရီ၏ ရုက္ခဗေဒမျိုးစုအမည်မှာ 'ဖရာဂေးရီးယား' ဖြစ်သည်။ စထရော်ဗယ်ရီသည် သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်း ဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ ပေါက်ရောက်သည်။ စထရော်ဗယ်ရီအသီးမှာ အလွန်ထင်ရှားသည်။ တောင်အမေရိကတိုက် ချီလီနိုင်ငံ တောင်ပိုင်း၌လည်း စထရော်ဗယ်ရီပင်တစ်မျိုး ပေါက်သည်။ ဥရောပတိုက်တွင် ရှေးမဆွကပင် စထရော်ဗယ်ရီပင် တစ်မျိုးလည်း ပေါက်ရောက်သည်။ စထရော်ဗယ်ရီသည် အစေ့များ၍ အနှစ်အရသာမရှိလှသဖြင့် လူတို့သည် ထိုအပင်ကို စိုက်ပျိုးရန် စိတ်မကူးခဲ့ကြချေ။ သို့ရာတွင် အမေရိကတိုက်ကို တွေ့ရှိသောအခါ၌ စထရော်ဗယ်ရီပင်ရိုင်း အသစ်နှစ်မျိုးကို ထပ်မံတွေ့ရှိကြ၏။ ထိုနှစ်မျိုးစလုံးမှ အသီးများမှာ ဥရောပ တိုက်မှ စထရော်ဗယ်ရီပင်နှင့် မခြားနားလှချေ။ ဥရောပတိုက်မှ စထရော်ဗယ်ရီပင်နှင့် အမေရိကတိုက်ရှိ စထရောက်ဗယ်ရီပင်တို့ကို မျိုးစပ်လိုက်သည့်အခါကျမှ ယခုစိုက်ပျိုးလျက်ရှိကြသော အနှစ်အရသာနှင့် ပြည့်စုံသည့် စထရော်ဗယ်ရီပင် အမျိုးမျိုးကို ရရှိလေသည်။ စထော်ဗယ်ရီပင်များမှာ ချုံပင်ငယ်များ ဖြစ်၍ မြေလျှောက် ပင်စည် အဆစ်အပိုင်းများမှ အပင်သစ်များ ပွားလာကြသည်။ စထရော်ဗယ်ရီပင် အသီးသီးချိန်တွင် အသီးများ စင်ကြယ်လှပစေရန် အပင်ရင်းတွင် ကောက်ရိုးကို ပုံထားလေ့ရှိသည်။ စထရော်ဗယ်ရီကို လူကြိုက်များသဖြင့် ရာသီမဟုတ်ဘဲ သီးသောအပင်မျိုးများကို အမေရိကတိုက်၌ တီထွင်စိုက်ပျိုးကြသည်။ လူများ အလိုရှိသလောက် အသီးများကို တင်ပို့ ရောင်းချနိုင်ရန် အလွန်ကျယ်ဝန်းရလေသည်။ စထရော်ဗယ်ရီပင် စိုက်ခင်းများမှ အသီးမှည့်များကို ရေခဲစိမ်ရန် တွဲဲများ ပါရှိသော အထူးမီးရထားဖြင့် သယ်ယူပို့ဆောင်ကြရသည်။
Strawberry Fragaria × ananassa | |
---|---|
Strawberry fruit | |
Halved strawberry | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Rosaceae |
မျိုးဇာတ်သေး: | Fragariinae |
မျိုးစု: | Fragaria |
မျိုးစိတ်: | F. × ananassa |
ဒွိနာမ | |
Fragaria × ananassa | |
နှစ်ပေါင်းသုံးဆယ်ခန့်က အိန္ဒိယနိုင်ငံမှ မျိုးကိုယူ၍ မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်တွင် ရှမ်းဆီးပင်ကို စတင်စိုက်ပျိုးခဲ့ကြရာ ယခုအခါ မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီး
အပါးတွင် ပေ ၃ဝဝဝ ကျော်မြင့်သော တောင်ကုန်းများ၌ ရှမ်းဆီးပင် စိုက်ခင်းများကို တွေ့မြင်နိုင်သည်။ ရှမ်းဆီးပင်ကို
စိုက်ပျိုးရာတွင် တစ်ပေစီကွာသော အတန်းများ ပြုလုပ်၍ စိုက်ပျိုးကြသည်။ အပင်များမစိုက်မီ မြေဆီလွှာတွင် နောက်ချေး နှင့် သစ်ရွက်ဆွေးမြေဩဇာ နိုင်နိုင်ထည့်ပေးရသည်။ ရေလောင်း
ပေးခြင်း၊ ပေါင်းသင်ခြင်း၊ မြေတောင်မြှောက်ပေးခြင်းကို အခါမလပ် ပြုလုပ်ပေးရသည်။ မြန်မာနိုင်ငံတွင် ရှမ်းဆီးပင်များသည် ဖေဖော်ရီလမှစ၍ အပွင့်များ ပွင့်ကြ၏။ မတ်လမှ ဇွန်လ
အထိ အသီးများ သီးသည်။ သို့သော် ဧပြီလနှင့် မေလများတွင် ဆွတ်ခူးရရှိသော အသီးများမှာ အကောင်းဆုံးဖြစ်သည်။ ရှမ်းဆီးသီးမှည့်များကို အသီးမှည့်အတိုင်း သို့မဟုတ် ယိုထိုး၍
စားကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.