From Wikipedia, the free encyclopedia
စစ်လက်ရုံးတပ်ဖွဲ့ (သို့မဟုတ် ပစ်ကူပေးတပ်ဖွဲ့) ဆိုသည်မှာ မြေပြင်တိုက်ပွဲဝင်သို့ နည်းဗျူဟာမြောက် တိုက်ရိုက်ပါဝင်ပတ်သက်သော တပ်ဖွဲ့များအားလုံးကို စုပေါင်း၍ တပ်မတော်များ၌ ခေါ်ဝေါ်သုံးစွဲသည့် အသုံးအနှုန်း ဝေါဟာရ တစ်ခုဖြစ်သည်။ ယေဘူယျအားဖြင့် သံချပ်ကာ နှင့် အမြောက်တပ်ဖွဲ့ကဲ့သို့သော လက်နက်များ သယ်ဆောင်သော (သို့) အသုံးပြုသော တပ်ဖွဲ့များပါဝင်သည်။[1] စစ်လက်ရုံးတပ်ဖွဲ့အမျိုးမျိုးကို အပြန်အလှန်အထောက်အကူပြုသော နည်းလမ်းများဖြင့် အသုံးပြုခြင်းအား ပေါင်းစပ်ပစ်ကူပေးခြင်း ဟုခေါ်သည်။
အချို့နိုင်ငံများ၊ အထူးသဖြင့် ဗြိတိသျှ၏ တပ်မတော် (ကြည်း)၌မူ အမြောက်တပ်ဖွဲ့များကို စစ်အကူလက်ရုံးတပ်ဖွဲ့အဖြစ်သာ သတ်မှတ်သည်။ အမေရိကန်ကြည်းတပ်မတော်ကဲ့သို့ အချို့သော ကြည်းတပ်ဖွဲ့များသည် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များကို စစ်လက်ရုံးအဖြစ် သတ်မှတ်သည်။ တင့် နှင့် သံချပ်ကာတပ်ဖွဲ့သည် မြင်းစီးစစ်သည်များမှ ဆင်းသက်လာသော သမိုင်းကြောင်းများစွာရှိသော်လည်း အခေါ်အဝေါ်အားဖြင့် စစ်လက်ရုံး အဖြစ်သာ သတ်မှတ်ထားသည်။[2]
တိုက်ခိုက်ရေး။ ပင်မတိုက်ပွဲဝင် တိုက်ခိုက်ရေး အဖွဲ့။
စစ်လက်ရုံး။ ပစ်ခတ်မှု စွမ်းအားဖြင့် တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။
စစ်အကူလက်ရုံး။ ပစ်ခတ်မှုမဟုတ်သော အခြား တိုက်ပွဲဝင် ပံ့ပိုးမှုပေးသော အဖွဲ့။
စစ်အကူလက်ရုံးဝန်ထမ်း။ တိုက်ပွဲဝင် တပ်ဖွဲ့ မဟုတ်သော အခြားအုပ်ချုပ်မှုကိစ္စများ ပံ့ပိုးပေးသော အဖွဲ့။
ဓနသဟာယအဖွဲ့ဝင်နိုင်ငံအချို့တွင် ကြည်းတပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်လေသည် -
ကနေဒါနိုင်ငံတွင်မူ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အား အမြောက်တပ်ဖွဲ့၌ ထည့်သွင်းစဉ်းစားလေသည်။
လက်ရှိ၌ အမေရိကန် ကြည်းတပ်မတော်၏ ဖွဲ့စည်းပုံဆိုင်ရာ အယူဝါဒမှာ "စစ်ကစားမှု၊ ပစ်ခတ်မှု နှင့် သက်ရောက်မှု" (MFE) နှင့် "စစ်ဆင်ရေး တိုက်ပွဲဝင်အထောက်အပံ့" (OS) ဟူ၍ ခွဲခြားထားသည်။[3] အမေရိကန် ကြည်းတပ်တွင် အစဉ်အလာအရ အောက်ပါဌာနခွဲများကို ၁၉၆၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ စစ်လက်ရုံးတပ်ဖွဲ့များအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည် -
မြန်မာ့တပ်မတော်၌ အောက်ပါတပ်ဖွဲ့များသည် ၎င်းတို့၏ အထူးပြုထားသော တိုက်ပွဲဝင်၍ အနီးကပ် ပစ်ကူပေးခြင်း၊ ပစ်ခတ်မှုစွမ်းအားဖြင့် ပစ်ကူပေးခြင်း အစရှိသော စစ်ဆင်ရေးဆိုင်ရာ အခန်းကဏ္ဍများအရ စစ်လက်ရုံးတပ်ဖွဲ့များ ဖြစ်လေသည် -[ကိုးကားချက်လိုသည်]
Seamless Wikipedia browsing. On steroids.