ချေဖာပိုး (Beetle, Chafer) ခေါ် ပိုးတောင်မာအမျိုးမျိုးကို ကမ္ဘာအနှံ့အပြားမှာပင် တွေ့ရှိနိုင်သည်။ ပိတုန်းအမျိုးမျိုးနှင့် ချေးထိုးပိုးအမျိုးမျိုးသည် ပိုးတောင်မာစာရင်းဝင်ပိုးများ ဖြစ်ကြ၏။ ချေဖာတို့သည် 'လမယ်လီတောနီးယား'ခေါ် မျိုးပေါင်းတွင် ပါဝင်၍၊ ပြားချပ်သောအာရုံမှင်မျိုး ပါရှိခြင်းကြောင့် ယင်းတို့ကို ခွဲခြားသိသာ နိုင်သည်။

အချက်တိုများ မျိုးရိုးခွဲခြားခြင်း, မျိုးစဉ်ခွဲများ ...
ချေဖာပိုး (ဝါ) ပိုးတောင်မာ
(အင်္ဂလိပ်: Beetle)
Temporal range: 318–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Late CarboniferousHolocene
Thumb
Clockwise from top left: female golden stag beetle (Lamprima aurata), rhinoceros beetle (Megasoma sp.), long nose weevil (Rhinotia hemistictus), cowboy beetle (Chondropyga dorsalis), and a species of Amblytelus.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
(unranked): Endopterygota
မျိုးစဉ်: Coleoptera
လင်းနီးယပ်၊ ၁၇၅၈
မျိုးစဉ်ခွဲများ
ပိတ်ရန်

ချေဖာပိုးတို့သည် သစ်ပင်ပန်းပင်တို့၏ အရွက်များကို အကုန်လိုလို ဖျက်ဆီးလေ့ရှိသည်။ ချေဖာပိုး လောင်းကလေးများက အပင်၏အမြစ်များကို စား၍ ဖျက်ဆီးတတ်ကြသည်။ ချေဖာပိုးလောင်းသည် အခြားပိုးလောင်းတို့ထက် ကြီးမားလေးလံသော ကိုယ်ရှိသည်။ ဖြူဖွေးနူးညံ့သော ကိုယ်တွင် အညိုရင့်ရောင် ဦးခေါင်းပါရှိသည်။ ခြေထောက်သုံးစုံရှိ၍ ဝမ်းပိုက်ပူသည်။ ကြီးပြင်းနေဆဲအချိန်တွင် ပိုးလောင်းတို့၏ အဓိကအစာမှာ သစ်မြစ်များသာ ဖြစ်သည်။ ပိုးလောင်းဘဝနှင့် နှစ်ပေါင်းများစွာ နေတတ်သဖြင့် ယင်းတို့စားသောက် ဖျက်ဆီးမှုကြောင့် အပျက်အစီးများတတ်၏။

မြန်မာနိုင်ငံ၌ ပြောင်းပင်နှမ်းပင် စသည်တို့၏ အမြစ်များကို ကိုက်ဖဲ့ဖျက်ဆီးလေ့ရှိသော ပိုးတီကောင်သည် ပိုးစာပင်အစ ရှိသော အပင်တို့၏ အရွက်များကို ကိုက်ဖြတ်ဖျက်ဆီးသော ပိုးကျိုင်းကောင်တို့၏ ပိုးလောင်းကလေးများပင် ဖြစ်လေသည်။ ထိုပိုးကျိုင်းကောင်ကို ချေးထိုးပိုးဟုလည်း ခေါ်သည်။ ယင်းတို့သည် မိုးဦးကျရာသီတွင် အိမ်ထဲသို့ ညဉ့်အခါ တဝီဝီမြည်ပြီး ပျံဝင်လာတတ်ကြသည်ကို တစ်ခါတစ်ရံ ကြံရတတ်လေသည်။ [2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.