ကရ်ဘလာဆိုသည် ဝေါ်ဟာရသည် (အရဗီပုဒ်: ‎كَرْبَلَاء‎, ပါးရှန်းပုဒ်: ‎کربلاء‎)မှဆင်းသက်လာခြင်းဖြစ်သည်။ အိရန်နိုင်ငံ အလယ်ပိုင်းဒေသရှိ, ဘဂ္ဂဒက်မြို့တော်၏ ‎အနောက်တောင်ဘက် ကီလိုမီတာ(၁၀၀) မိုင်ပေါင်း(၆၂)အကွာ၊ (Milh)ရေကန်၏ အရှေ့ဘက် ‎မိုင်အနည်းငယ်ခန့်အကွာတွင် တည်ရှိသည်။ ‎.[2][3] ကရ်ဘလာမြို့သည် ကရ်ဘလာတိုင်း၏မြို့တော်ဖြစ်သည်။ (၂၀၁၅)သန်းခေါင်စင်းအရ လူဦးရေ (၇၀၀၀၀၀) ‎ခုနှစ်သိန်းခန့် ရှိသည်။ ‎

အချက်တိုများ Karbalaكَربَلَاء KarbalāʾKerbala, နိုင်ငံ ...
Karbala
كَربَلَاء
Karbalāʾ
Kerbala
Thumb
Thumb
Karbala
Karbala
အီရတ်နိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 32°37′N 44°02′E
နိုင်ငံ အီရတ်
တိုင်းကရ်ဘလာတိုင်း
တည်ထောင်ဘီစီ ၆၉၀
လူဦးရေ (၂၀၁၄)
  စုစုပေါင်း၆၉၀,၁၀၀[1]
ပိတ်ရန်

ခရစ်နှစ်(၆၈၀)ခုနှစ်တွင် တမန်တော်မြတ်၏မြေးတော်များဖြစ်သည့် (Masjidayn : ဗလီနှစ်ခု ဆိုလိုသည်မှာ) ‎[4][5]  အေမာမ်ဟိုစိုင်န်(အ.စ) နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ) တို့နှင့်အတူ အဲဟ်လေဘိုင်သ် အိမ်တော်သူ ‎အိမ်တော်သားများ ဤအရပ်ဒေသတွင် စစ်ဖြစ်ခဲ့၍ ရှဟီးဒ်ဖြစ် ကျဆုံးခဲ့ရသည့်အတွက် လူသိများလာခဲ့သည့် ‎ဒေသဖြစ်သည်။ ထိုအချိန်တွင် ကရ်ဘလာအရပ်ဒေသသည် သဲကန္တရတစ်ခုမျှသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် ‎အေမာမ်ဟိုစိုင်န်(အ.စ) နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ)တို့၏ ဂူဗိမ္မန်များရှိတည်ရှိရာဖြစ်သောကြောင့် ‎လူများလာရောက်နေထိုင်လာကြသည်။ ကရ်ဘလာမြို့သည် ရှိအာမွတ်စ္စလင်မ်များနှင့် ‎အဲဟ်လေဘိုင်သ်များကို အချစ်ထားသူတို့အဖို့ အထွတ်အမြတ်နေရာတစ်ခုဖြစ်ရာ မက္ကာမြို့၊ မဒီနာမြို့၊ ‎ဂျေရုစလင် စသည့်အထွတ်အမြတ်ထားရာမြို့တော်များကဲ့သို့ အထွက်အမြတ်ထားကြသည်။‎ [6][7][8][9] သန်းပေါင်းများစွာသော ရှီအာမွတ်စ္စလင်မ်များနှင့် အဲဟ်လေဘိုက်သ်တို့အား အချစ်ထားသူတို့သည် ‎တစ်နှစ်လျှင် နှစ်ကြိမ် ဤမြို့သို့လာရောက်၍ ဇေယာရသ် ဂါဝရပြုကြသည်။ [10][11][12][13] အေမာမ်ဟိုစိုင်န်(အ.စ)နှင့် ဟဇရသ်အဘ္ဘားစ်(အ.စ)တို့ ရှဟီးဒ်ဖြစ်ကျဆုံးခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ‎‎(Āshūrā) နေ့တွင်လူဦးရေ (၈)သန်းခန့်လာရောက်ကြသည်။ ထိုနေ့၏ရက်လေးဆယ်နေ့(Arba'īn)တွင်လည်း ‎လူဦးရေ သန်း(၃၀)ခန့်သည် နိုင်ငံပေါင်း (၅၆) နိုင်ငံမှ လာရောက်စုဝေး ဂါဝရပြုကြသည်။ [14][15]

ကရ်ဘလာ၏ ဝေါဟာရ ရင်းမြစ်

ကရ်ဘလာသည် အရဗီ ဝေါ်ဟာရ ကရ်ဘ် နှင့် ဘလာ နှစ်ခုပေါင်းစပ်ထားခြင်းဖြစ်သည်။ ကရ်ဘ် ဆိုသည်မှာ ‎ဒုက္ခဖြစ်စေသောအရပ်ဒေသ ဟုအဓိပ္ပာယ်ရပြီး ဘလာဆိုသည်မှာ ဘေးအန္တရာယ်များဟု အဓိပ္ပာယ်ရသည်။[16]

နောက်ထပ် အချက်အလက်များ Karbala အတွက် ရာသီဥတု အချက်အလက်များ, လ ...
Karbala အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 15.7
(60.3)
18.8
(65.8)
23.6
(74.5)
30.6
(87.1)
36.9
(98.4)
41.5
(106.7)
43.9
(111)
43.6
(110.5)
40.2
(104.4)
33.3
(91.9)
23.7
(74.7)
17.6
(63.7)
30.78
(87.42)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 5.4
(41.7)
7.0
(44.6)
11.2
(52.2)
17.1
(62.8)
22.5
(72.5)
26.3
(79.3)
28.8
(83.8)
28.2
(82.8)
24.3
(75.7)
19.0
(66.2)
11.6
(52.9)
6.9
(44.4)
17.36
(63.24)
ပျမ်းမျှ ရွာကျခြင်း mm (inches) 17.6
(0.693)
14.3
(0.563)
15.7
(0.618)
11.5
(0.453)
3.5
(0.138)
0.1
(0.004)
0.0
(0)
0.0
(0)
0.3
(0.012)
4.1
(0.161)
10.5
(0.413)
15.3
(0.602)
92.9
(3.657)
Average precipitation days 7 5 6 5 3 0 0 0 0 4 5 7 42
Source: World Meteorological Organisation (UN)[17]
ပိတ်ရန်

သမိုင်း

ကရ်ဘလာအခင်း

Thumb
အဘ္ဘားစီမင်းဆက် မိုသဝကိလ်၏ အမိန့်ဖြင့် အေမာမ်ဟိုစိုင်န်(အ.စ)ရောင်ဇာ ဂူဗိမ္မာန်အား ဖြတ်ဆီးနေပုံ။

အစ္စလာမ်တွင် ကရ်ဘလာအခင်းဖြစ်ပွားခဲ့သည့် ရလဒ်ကြောင့် ရှီအာမွတ်စ္စလင်မ်များအကြား ‎အစဉ်အလာတစ်ခုဖြစ်လာရသည်။ ထိုအခင်းသည် အောက်တိုဘာလ (၁၀)ရက်နေ့ ခရစ်နှစ်(၆၈၀)၊ ‎မိုဟရမ်လ (၁၀)ရက်နေ့ ဟစ်ဂျရီခုနှစ် (၆၁)တွင် အီရတ်နိုင်ငံ ကရ်ဘလာသဲကန္တရတွင် ဖြစ်ပွားခဲ့သည်။ ‎အခင်းဖြစ်ပွားခဲ့ပြီးနောက် အေမာမ်ဟိုစိုင်န်(အ.စ)နှင့် နောင်တော်ဖြစ်သူ ဟဇရသ်အဘ္ဘားစ်(အ.စ)တို့ကို ‎ဗနီအစက်ဒ် မျိုးနွယ်စုမှ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရာ ယနေ့တွင် ((ဘိုင်နွလ်ဟရမိုင်း) ‎အဖြစ်ကြော်ကြားခဲ့လေသည်။ ထိုအခင်းဖြစ်ပွားမှုသည် ထိုခေတ်ကာလ ယဇီးဒ် အုပ်ချုပ်မင်းလုပ်သူသည် ‎အေမာမ်ဟိုစိုင်န်(အ.စ)ထံမှ သစ္စာခံရန်တောင်းဆိုခဲ့ရာ အေမာမ်ဟိုစိုင်န်(အ.စ)မှ ငြင်းဆန်ခဲ့သောကြောင့် ‎ကရ်ဘလာအခင်း ဖြစ်ပွားခဲ့ရသည်။ ကရ်ဘလာဒေသအနီး ကူဖာပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ‎အိုဗိုင်ဒွလ္လာအိဗ်နေဇေယားဒ်သည် မြင်းဆီးစစ်သည် (၃၀၀၀၀)ခန့်ကို အေမာမ်ဟိုစိုင်န်(အ.စ)ကိုဆန့်ကျင်ရန် ‎စေလွှတ်ခဲ့သည်။ ထိုစစ်သည်များသည် အေမာမ်ဟိုစိုင်န်(အ.စ)နှင့် နောက်လိုက်သားများအား ယဇီးဒ်၏ ‎သစ္စာခံယူရန်နှင့် အုပ်ချုပ်ရေးအောက်တွင် ဒူးထောက်ရန် ရေကိုဖြတ်တောက်ခဲ့ကြသည်။ နောက်ဆုံးတွင် ‎အေမာမ်ဟိုစိုင်န်(အ.စ)သည် မိုဟရမ်လ (၉)ရက်ညတွင် ဆုတောင်းပတနာပြုရန် အချိန်တောင်းဆိုခဲ့သည်။ ‎မိုဟရမ်လ (၁၀)ရက်နေ့တွင် နောင်တော်ဖြစ်သူ ဟဇရသ်အဘ္ဘားစ်(အ.စ)မှ စစ်ဦးစီးချုပ်အဖြစ် ဦးဆောင်၍ ‎တိုက်ခိုက်ခဲ့သည်။ အေမာမ်ဟိုစိုင်န်(အ.စ)၏ သားတော်များဖြစ်သော အလီအက္ကဘရ်နှင့် ‎ခြောက်လသားအရွယ် အက်္စဂရ် နှင့် တူဖြစ်သူ ကာစင်မ်၊ အော်န်၊ မိုဟမ္မဒ် နှင့် တစ်ခြားသော ‎ဆွေတော်မျိုးတော်များနှင့် နောက်လိုက်တပည့်သားကောင်းများ ကျဆုံးခဲ့ရသည်။[18]

ထိုနောက် ယဇီးဒ်သည် အေမာမ်ဟိုစိုင်န်(အ.စ)၏ အိမ်တော်သူအိမ်တော်သားများအား သုံ့ပန်းအဖြစ် ‎အုပ်ချုပ်ရေးအခြေစိုက်ဖြစ်သည့် ဆီးရီးယားနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုသုံ့ပန်းများအား ‎လွတ်ငြိမ်းခွင့်ပေးခဲ့လေသည်။ ထိုကြောင့် အနွယ်တော်မွန်တို့သည် မက္ကာမြို့သို့အပြန်ခရီးတွင် ‎ကရ်ဘလာသို့သွားရောက်၍ အေမာမ်ဟိုစိုင်န်(အ.စ)၏ ဂူဗိမ္မာန်သို့သွားရောက် ဇေယာရသ် ‎ဂါဝရပြုခဲ့ကြသည်။ တချို့အဆိုများတွင် ခရစ်နှစ်(၆၈၅)တွင် ဆိုလိုင်မန်ဗင်ဆိုရဒ်သည်လည်း ထိုဂူဗိမ္မာန်သို့ ‎သွားရောက်ဇေယာရသ်ပြုခဲ့သည်ဟု ဆိုထားသည်။ ထိုနေရာသည် တဖြည်းဖြည်းဖြင့် ‎အေမာမ်ဟိုစိုင်န်(အ.စ)၏ ဂူဗိမ္မာန်တစ်ခုဖြစ်လာပြီး လူတို့လာရောက်ဂါဝရပြုလာကြသည်။ ထိုနောက် ‎လာရောက်ဂါရဝပြုသူတို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာမှ မြို့တစ်ခုဖြစ်လာခဲ့သည်။ ထိုဂူဗိမ္မာန်သည် ‎မွတ်စ္စလင်မ်အုပ်ချုပ်ရေးမင်းများ၏ ဆောက်လုပ်ခြင်းဖြင့် တိုးချဲ့လာခဲ့သည်။ သို့သော်လည်း ‎တချို့အုပ်ချုပ်ရေးမင်းများ၏ ဖျက်ဆီးခြင်းကိုလည်း ခံခဲ့ရသည်။ ခရစ်နှစ်(၈၅၀)တွင် ‎အဘ္ဘာစီအုပ်ချုပ်ရေးမင်းဆက်ဖြစ်သည့် မိုသဝကိလ်သည် ဂူဗိမ္မာန်အား မြေနှင့်တစ်သားဖြစ်သည်အထိ ‎ဖြတ်ဆီးခဲ့သည်။ သို့သော် ခရစ်နှစ်(၉၇၉)တွင် အသစ်တဖန် ပြန်လည်တည်ဆောက်ခဲ့သည်။ ‎ခရစ်နှစ်(၁၀၈၆)တွင် စစ်သည်တို့သည် ဂူဗိမ္မာန်၏ အချို့အပိုင်းများအား မိးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုနောက် ‎လူတို့သည် ပြန်လည်မွန်းမံ တည်ဆောက်ခဲ့ကြသည်။

ခေတ်သစ်အစောပိုင်း

Like Najaf, the city suffered from severe water shortages that were only resolved in the early 18th century by building a dam at the head of the Husseiniyya Canal. In 1737, the city replaced Isfahan in Iran as the main centre of Shia scholarship. In the mid-eighteenth century it was dominated by the dean of scholarship, Yusuf Al Bahrani, a key proponent of the Akhbari tradition of Shia thought, until his death in 1772,[19] after which the more state-centric Usuli school became more influential.

The Wahhabi sack of Karbala occurred in 21 April 1802 (1216 Hijri) (1801[20]), under the rule of Abdul-Aziz bin Muhammad the second ruler of the First Saudi State, when 12,000 Wahhabis from Najd attacked the city of Karbala.[21] The attack was coincident with the anniversary of Ghadir Khum event,[22] or 10 Muharram.[23] Wahhabis killed 2000-5000 of the inhabitants and plundered the tomb of Husayn ibn Ali, grandson of Muhammad and son of Ali bin Abi Talib, and destroyed its dome. Then they seized a large amount of spoils including golds, Persian carpets, money, pearl and guns accumulated in the tomb most of them donations. The attack lasted for 8 hours and Wahhabis left the city with more than 4,000 camels carrying their plunder.[24]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.