ကမ္ဘာ (၁၉၈၃-၂၀၁၉) သည် မြန်မာလူမျိုး တေးရေး၊ တေးဆို၊ အသံဖမ်းအင်ဂျင်နီယာနှင့် ဂီတာသမား ဖြစ်သည်။

အချက်တိုများ ကမ္ဘာ, မွေးဖွား ...
ကမ္ဘာ
မွေးဖွားဖေကမ္ဘာငြိမ်းချမ်း
(1983-06-21)၂၁ ဇွန်၊ ၁၉၈၃
ကွယ်လွန်မတ် ၄၊ ၂၀၁၉(2019-03-04) (အသက် ၃၅)
ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်မြို့
အလုပ်အကိုင်အသံဖမ်းအင်ဂျင်နီယာ၊ တေးရေး၊ တေးဆို၊ ဂီတာသမား
မိဘ(များ)ဦးဝင်းအောင်၊ ဒေါ်မာရီ
ပိတ်ရန်

ငယ်ဘဝ

ဦးဝင်းအောင်၊ ဒေါ်မာရီတို့မှ ၁၉၈၃ ခု၊ ဇွန်လ ၂၁ ရက်တွင် မွေးသည်။ မွေးချင်း ၄ ယောက်အနက်အငယ်ဆုံးသား ဖြစ်သည်။ သူ့အထက်ရှိ အစ်ကိုမှာ အဆိုတော် ဂျီလတ် ဖြစ်သည်။ အမည်ရင်းမှာ ဖေကမ္ဘာငြိမ်းချမ်း တွင်သည်။

ဒဂုံတက္ကသိုလ်မှ ဝါဏိဇ္ဇနှင့် ဘွဲ့ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ ဘွဲ့လွန်ဒီပလိုမာ တက်သည်။

အနုပညာ လှုပ်ရှားမှု

ဂစ်တာတီးခြင်းနှင့် သီချင်းရေးခြင်းကို ငယ်စဉ်ကပင် လုပ်ခဲ့သည်။ ဂျီလတ်နှင့် တွဲကာ NC 13 ဂီတအဖွဲ့ ထောင်ထားသည်။

ဘာလာလာ တေးစီးရီးတွင် ပါဝင်သော အောင်လ၏ အချိန်လွန်ငှက် သီချင်းသည် တေးရေးဖြစ်သူ ကမ္ဘာအား လူသိများစေခဲ့သည်။

ရေးသား သီဆိုခဲ့သော သီချင်းများ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, တေးဆို ...
ခေါင်းစဉ် တေးဆို တေးရေး မှတ်ချက်
မ' ပါကွယ် ကမ္ဘာ ကမ္ဘာ
သစ်ပင် ကမ္ဘာ ကမ္ဘာ
သစ်ပင်လို ရသ၊ ကမ္ဘာ ကမ္ဘာ
အချိန်လွန်ငှက် အောင်လ ကမ္ဘာ
မြို့ပြလမ်းခွဲ ဂျီလတ် ကမ္ဘာ
ခဏတာ ဂျီလတ် ကမ္ဘာ
နေပူထဲမှာ ဂျီလတ် ကမ္ဘာ
စာချွန်တော် ဇွဲပြည့် ကမ္ဘာ
ငါ့အိမ် ဂျက်မြသောင်း ကမ္ဘာ
နွေ ပိုပိုဟေသာ ကမ္ဘာ
ထို့ကြောင့် ဝေးကြသည် အိမ့်ချစ် ကမ္ဘာ
မှားလား ဂျီလတ် ကမ္ဘာ
ပိတ်ရန်

ဘဝနိဂုံး

၂၀၁၉ ခု၊ မတ်လ ၄ ရက်တွင် လုပ်ကြံခံရကာ နေပြည်တော်မြို့၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ် လမ်းနံဘေးတွင် သေဆုံးနေသည်ကို တွေ့ရသည်။ [1]

ကိုးကား

ပြင်ပလင့်များ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.