From Wikipedia, the free encyclopedia
ကင်ပိမ့်ပင်သည် စားသုံးနိုင်သောအပင်ဖြစ်ပြီး အိန္ဒိယကျွန်းဆွယ်၊ အရှေ့တောင်အာရှနှင့် နယူးဂီနာနိုင်ငံဇာတိဖြစ်သည်။ တရုတ်နိုင်ငံ၊ ဘရာဇိးနိုင်ငံ၊ အာဖရိကတိုက်နှင့် ကိုလမ်ဘီယာနိုင်ငံတို့တွင် သဘာဝအလျောက်ပေါက်ရောက်သည်။[1]
ကင်ပိမ့်ပင် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
(unranked): | Angiosperms |
(unranked): | Eudicots |
(unranked): | Core eudicots |
မျိုးစဉ်: | Caryophyllales |
မျိုးရင်း: | Basellaceae |
မျိုးစု: | Basella |
မျိုးစိတ်: | B. alba |
ဒွိနာမ | |
Basella alba L. | |
Synonyms | |
Basella rubra Roxburgh |
နှစ်ကြာခံနွယ်ပင်မျိုးဖြစ်၍ အခက် အလက် များ ဖြာထွက်၏ ။ ပင်စည်သွယ်ပြီး အလွန် ရှည်သည်။ လက်ယာဘက်သို့ နွှယ်တက်သည်။ ပင်စည် အရည်ရွှမ်းပြီး ပြောင်ချော၍ အစိမ်းရောင် သို့မဟုတ် ခရမ်းရောင်ရှိသည်။
၂-၅ လက်မခန့် ရှည်ပြီး ၁-၃ လက်မထိ ကျယ်သည်။ အရွက် ထူသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်း နှလုံးပုံရှိသည် ။ ရွက်ပြားချောပြီး ရွက်ညှာ ၁/၂ လက်မမှ တစ်လက်မထိ ရှည်သည်။ ရွက်နားညီသည်။
အဖြူရောင် သို့မဟုတ် အနီရောင်ဖြစ်သည်။ ပွင့်ညှာမဲ့ ကြားထွက် တစ်ပင်တိုင်ပန်းခိုင်ဖြစ်သည်။ တန်ဆောင်မုန်းလမှ တပို့တွလအတွင်း ပွင့်သည်။
စားတော်ပဲခန့်ရှိ တစ်စေ့သီး ဖြစ်သည်။ အဖြူ သို့မဟုတ် အနီရောင်ဖြစ်၏ ။ မှည့်သောအခါ ခရမ်းရောင်ရှိသည်။ တပေါင်းလ၊ တန်ခူးလတွင် သီးသည်။
မြန်မာဆေးကျမ်းများအလိုအရ ကင်ပိမ့်သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊ သလိပ်ကို ဖြစ်စေ၏ ၊ ၀ဖြိုးစေ၏ ၊ နှုတ်ကို မြိန်စေ၏ ၊ ထိုင်းမှိုင်းစေ၏ ၊ အိပ်ပျော်စေ၏ ။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.