From Wikipedia, the free encyclopedia
ဓာတုဗေဒ ဘာသာရပ်တွင် ပီအိတ်ချ် (အင်္ဂလိပ်: PH ; potential of hydrogen or power of hydrogen)[1] ဆိုသည်မှာ ပျော်ရည်တစ်ခု၏ အက်ဆစ်ဓာတ် သို့မဟုတ် ဘေ့စ်ဓာတ်ကို သတ်မှတ်ရန် တိုင်းတာမှုတစ်ခုဖြစ်သည်။ ရေ စင်စစ်သည် သာမန် အခန်းအပူချိန်တွင် ပီအိချ် ၇ နီးပါးမျှ ရှိသည်ဟု ဆိုသည်။[2] ပီအိတ်ချ် ပမာဏ ၇ ထက်နည်းသော ရေများကို အက်ဆစ်ဓာတ်များသည် ဟု ဆိုကြပြီး ပီအိတ်ချ် ပမာဏ ၇ ထက်များသော ရေကို ဘေ့စ် ဓာတ်များသည် သို့မဟုတ် အယ်လ်ကာလိုင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် pH တန်ဖိုးသည် မည်သည့် အက်ဆသ်နှင့် ဘေ့စ်များအတွက်မဆို သုညထက် နည်းနိုင်ပြီး ၁၄ ထက်များနိုင်သည်။[3] ပီအိတ်ချ် တိုင်းတာမှုသည် ဆေးပညာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောပညာ၊ အစားအသောက် သိပ္ပံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံ ၊ သမုဒ္ဒရာ ဆိုင်ရာပညာ၊ မြို့ပြ အင်ဂျင်နီယာ ဘာသာ နှင့် အခြား မြောက်မြားစွာသော ပညာရပ်တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.