ဦးနေဝင်း (၁၀ ဇူလိုင် ၁၉၁၀၊ သို့ ၁၄ သို့ ၂၄ မေ ၁၉၁၁[1] – ၅ ဒီဇင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၁၉၅၈ မှ ၁၉၆၀ အထိ၊ ၁၉၆၂ မှ ၁၉၇၄ အထိ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၂ မှ ၁၉၈၁ အထိ နိုင်ငံ့အကြီးအကဲအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ သူသည် မြန်မာ့တပ်မတော်၏ ခေါင်းဆောင်အဖြစ် ၂၆ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။

အချက်တိုများ နေဝင်း, မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမဆုံး ဥက္ကဋ္ဌ ...
နေဝင်း
Thumb
ဦးနေဝင်း (၁၉၅၁)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမဆုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၄ ဇူလိုင် ၁၉၆၂  ၂၃ ဇူလိုင် ၁၉၈၈
ယခင်လူပါတီတည်ထောင်
ဆက်ခံသူဦးစိန်လွင်
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် သမ္မတ
တာဝန်သက်တမ်း
၂ မတ် ၁၉၆၂  ၉ နိုဝင်ဘာ ၁၉၈၁
(၂ မတ် ၁၉၇၄ အထိ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအမည်ခံဖြင့်)
ယခင်လူမန်းဝင်းမောင် (၁၉၆၂)
ဆက်ခံသူဦးစန်းယု
တတိယမြောက် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၉ အောက်တိုဘာ ၁၉၅၈  ၄ ဧပြီ ၁၉၆၀
ယခင်လူဦးနု
ဆက်ခံသူဦးနု
တာဝန်သက်တမ်း
၂ မတ် ၁၉၆၂  ၂ မတ် ၁၉၇၄
ယခင်လူဦးနု
ဆက်ခံသူဗိုလ်ချုပ် စိန်ဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွားရှုမောင်
(1910-07-10)၁၀ ဇူလိုင်၊ ၁၉၁၀
(1911-05-14)၁၄ မေ၊ ၁၉၁၁ သို့ (1911-05-24)၂၄ မေ၊ ၁၉၁၁ ဟုလည်း ဖော်ပြ
ပေါင်းတလည်မြို့ပဲခူးစီရင်စုအောက်မြန်မာပြည်ဗြိတိသျှဘားမား
ကွယ်လွန်၅ ဒီဇင်ဘာ၊ ၂၀၀၂(2002-12-05) (အသက် ၉၂)
ရန်ကုန်မြို့မြန်မာနိုင်ငံ
သင်္ဂြိုဟ်ရာနေရာအရိုးပြာကို လှိုင်မြစ် တွင် ဖြန့်ကြဲ
လူမျိုးတရုတ်-မွန်-ဗမာ (ကပြား)
နိုင်ငံရေးပါတီမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ကြင်ဖော်(များ)ဒေါ်သန်းညွန့်
ဒေါ်တင်တင်
ဒေါ်ခင်မေသန်း
ဒေါ်နီနီမြင့်
ရတနာနတ်မယ်
သားသမီးကျော်သိန်း
ငွေစိုး
အေးအောင်
စန္ဒာဝင်း
ဖြိုးဝေဝင်း
ကြေးမုံဝင်း
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
လက်မှတ်Thumb
စစ်မှုထမ်းခြင်း
နာမည်ပြောင်တာကာစုဂီ စုစုမု
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ မြန်မာ
အမှုထမ်းကာလ၁၉၃၁–၇၄
ရာထူး ဗိုလ်ချုပ်ကြီး
Commandsကာကွယ်ရေးဦးစီးချုပ်
ပိတ်ရန်

အစောပိုင်းဘဝ

၁၉၁၁ ခု မေလ ၂၄ ရက်နေ့ (သို့) မေလ ၁၄ရက်နေ့ (သို့) ၁၉၁၀ ခု ဇူလိုင်လ ၁၀ရက်နေ့၌ ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတလည်မြို့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည် ရှုမောင်ဖြစ်သည်။တရုတ်.မွန်.ကပြား တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန်တက္ကသိုလ်တွင် ဇီဝဗေဒ ဘာသာရပ်ကို သင်ကြားခဲ့သည်။ သို့သော်လည်း ၁၉၃၁ခုနှစ်တွင် တက္ကသိုလ်အဆောင်သို့ ပြည့်တန်ဆာ ခေါ်ယူသည်ကို အဆောင်မှူး သိရှိသွား၍ ကျောင်းထုတ်ခံရသည်။ ထို့နောက် "သခင်ရှုမောင်"အမည်ဖြင့် တို့ဗမာအစည်းအရုံးဝင် တစ်ဦးဖြစ်ခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလ

ရဲဘော်သုံးကျိပ် တွင် ပါဝင်ကာ သခင်ရှုမောင် မှ ဗိုလ်နေဝင်း ဟုအမည်ပြောင်းလဲခဲ့သည်။ သွေးသစ္စာပြုချိန်တွင် ပက်ပုံးသို့ ရောက်နေသောကြောင့် ၂၉ ဦးသာ ရှိသည် ဟု ဆိုသည်။ဗမာ့အမျိုးသားတပ်မတော်တွင် Commander အဖြစ်ဖြင့် ဂျပန်များနှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ခြမ်းကွဲချိန်တွင် ဦးနေဝင်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။

အာဏာသိမ်းခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် တော်လှန်ရေးကောင်စီ ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။

နိုင်ငံခေါင်းဆောင်ကာလ

မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ၎င်း၊ ၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ တာဝန်များ ကိုထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက် ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂ တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသား တစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦးလည်း ပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဆူပူလှုပ်ရှားမှုများအသွင်သည် ငြိမ်းချမ်းစွာနေထိုင်နေသော  ပြည်သူလူထုကိုပါ အသက်အန္တရာယ်ပြုလာပြီးအကြမ်းဖက်အသွင်ဆောင်လာသဖြင့် "ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓားကိုဓားဖြင့် သော်လည်းကောင်း၊ လှံကိုလှံဖြင့် သော်လည်းကောင်း တုံ့ပြန်မည် "ဟု ဥပမာပေး၍ ငါးမိနစ်ကြာ သတိပေး မိန့်ခွန်းပြောကြားခဲ့သည်။ ၂၆-နှစ်အကြာ၊ ၁၉၈၈ တွင် ဦးနေဝင်းမှ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ငြင်းဆိုပြောကြားခဲ့သည်။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေဝင်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေဝင်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများ ထောင်သွင်း အကျဉ်းချခြင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် "ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်" အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစန်းယု သည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။

မိသားစုဘဝ

ဒေါ်သန်းညွန့်

ဦးနေဝင်းသည် ၎င်း၏ ဘဝတလျှောက်တွင် တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သားကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။ ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏ သမီး မကြည်ကြည်အေးနှင့် လက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅ နှစ်အရွယ် ၁၉၇၈၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းသည် အသက် ၅၉ နှစ်အရွယ် ၁၉၉၇ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ဒေါ်တင်တင်

ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ လက်ထပ်ခဲ့သည်။ လက်ထပ်မင်္ဂလာပွဲသို့ ဦးနေဝင်း၏ ဖခင် ဦးဖိုးခပါ တက်ရောက်ခဲ့သည်။ သခင်ရှုမောင်နှင့် ဒေါ်တင်တင်တို့မှ ၁၉၃၉ ခုနှစ်ခန့်တွင် သားကြီး ငွေစိုးကို ဖွားမြင်ခဲ့သည်။ သခင်ရှုမောင် ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင် သွားရောက်စဉ်က မောင်ငွေစိုးမှာ ၂ နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောင်တွင် U.B.A လေကြောင်းဌာနတွင် လေယာဉ်မှူး ဖြစ်လာခဲ့သည်။ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်ကို ၁၉၄၉ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

ဒေါ်ခင်မေသန်း (ခ) ကစ်တီဘသန်း

၁၉၅၂ မတ်လ ၁ဝ ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့သည်။ ဒေါ်ခင်မေသန်းမှာ ခွဲစိတ်ဆရာဝန်ကြီးနှင့် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သည်။ ဒေါ်ခင်မေသန်း၏ ငယ်မည်မှာ ကစ်တီဘသန်း ဖြစ်သည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေဝင်းသည် ဒုတိယ မယားကြီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။ ထို့ကြောင့် လက်ထပ်ပြီး ၃ ရက်အကြာတွင် မယားကြီး ဒေါ်တင်တင်က ၁၉၅၂ မတ်လ ၁၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာမှနေ၍ "ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ" ဟူ၍ ခေါင်းစဉ်တပ်ကာ ကြေညာခဲ့လေသည်။ ဗမာ့ခေတ် သတင်းစာပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဦးနေဝင်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျို မဟုတ်ပေ။ ၎င်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ် ဦးနု သမီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူးသက်တင်၏ အကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာသမီးများ ဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်း တို့ ထွန်းကားခဲ့သည်။ ဒေါက်တာတောင်ကြီးနှင့် တရားဝင် ပြတ်စဲခြင်း မရှိဘဲ ဒေါ်ခင်မေသန်းအား လက်ထပ်ခဲ့မှုကြောင့် တပ်မတော်အက်ဥပဒေဖြင့် ဝန်ကြီးချုပ် ဦးနုက အရေးယူရန် ပြင်ဆင်နေစဉ် ဝန်ကြီးချုပ်အား ဝိဓူရ သခင် ချစ်မောင်အပါအဝင် အခြားနိုင်ငံရေး ခေါင်းဆောင်များ ဝိုင်းဝန်းတားမြစ်ခဲ့သဖြင့် ဖြုတ်မပစ်ခဲ့ရပေ။

ဦးနေဝင်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။ သမီးစန္ဒာဝင်းကို ၁၉၅၂ တွင်ဖွားမြင်ခဲ့သည်။

ဒေါ်နီနီမြင့်

ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီးနောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြို့နေ အဖ ဦးလှ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဦးနေဝင်းနှင့် လက်ထပ်စဉ်က ဒေါ်နီနီမြင့်သည် အသက် ၃၂ နှစ်ရှိပြီး ဦးနေဝင်းသည် အသက် ၆၃ နှစ် ရှိနေပြီ ဖြစ်သည်။

ရတနာနတ်မယ်

ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်နဝါရီ ၃၁ – ၁၈၆၆ ဩဂုတ် ၂) ၏ မြစ် ရတနာနတ်မယ်နှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ၂၅ ဒီဇင်ဘာ ၁၉၇၆ ရက်စွဲပါ ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ရတနာနတ်မယ်၏ မိခင်မှာ လင်းပင်ထိပ်တင်မလတ်ဖြစ်ပြီး အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော်ရ သခင်ကြီး ခင်ဖော့တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးဖြစ်သည်။ သို့သော် ၅ လမျှ ပေါင်းဖြစ်လိုက်ကြသည်။ ဦးနေဝင်းသည် ရတနာနတ်မယ်နှင့် အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ်ခဲ့သည်။

ဒေါ်ကြာစံ

အသက် ၇၇ နှစ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။

ကွယ်လွန်ခြင်း

၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ သေဆုံးသည့်နေ့ နေ့တွင်းချင်းပင် သဂြိုဟ်ခဲ့သည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချူပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီး နေဝင်း (ငြိမ်း) ကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။

သေဆုံးပြီး နှစ် ၂၀ ကျော်ကြာသောအခါ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ဧပြီလ ၁၇ ရက်နေ့နှစ်ဆန်းတစ်ရက်နေ့မှာ အဂ္ဂမဟာသရေစည်သူဘွဲ့ကို ချီးမြှင့်ခဲ့ပြန်သည်။

ထမ်းဆောင်ခဲ့သော စစ်ဖက်ဆိုင်ရာတာဝန်များ

နောက်ထပ် အချက်အလက်များ ခုနှစ်, နေရာ ...
[2]
ခုနှစ်နေရာရာထူးမှတ်ချက်
၁၉၄၁ ဧပြီ ၂၅ရဲဘော်သုံးကျိပ်တပ်ဖွဲ့ (၂)၊ ပြည်တွင်းသူပုန်အဖွဲ့ဗိုလ်ဒီဇင်ဘာတွင် ဗိုလ်ဘွဲ့ယူခဲ့
၁၉၄၂ မတ်တပ်မမှူး၊ ဘီအိုင်အေတပ်မကြီး (၂)ဗိုလ်
၁၉၄၂ ဇူလိုင်တပ်ရင်းမှူး၊ ဘီဒီအေတပ်ရင်း (၁)ဗိုလ်မှူး
၁၉၄၃စစ်သေနာပတိချုပ်၊ ဗမာ့အမျိုးသားတပ်မတော်ဗိုလ်မှူးကြီးအကျင့်ပျက်ချစားမှုကြောင့် ရိက္ခာနှင့်ထောက်ပံ့ရေးဌာနကြီးမှူးနေရာသို့ အဆင့်ချခံရ
၁၉၄၅ မတ် ၂၇တိုင်းမှူး၊ တိုင်း (၂) မြစ်ဝကျွန်းပေါ်အရှေ့ပိုင်း
၁၉၄၅ စက်တင်ဘာဒုတိယတပ်ရင်းမှူး၊ ဗမာ့သေနတ်ကိုင်တပ်ရင်း (၄)ဗိုလ်မှူးဗမာ့တပ်မတော်ကို အသစ်ပြန်လည်ဖွဲ့စည်း
၁၉၄၆ နိုဝင်ဘာ ၁၆ဒုတိယဗိုလ်မှူးကြီး
၁၉၄၇ ဒီဇင်ဘာ ၂၀တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗိုလ်မှူးချုပ်အောက်တိုဘာ ၈ ၌ ဗိုလ်မှူးချုပ်ရားထူးရရှိ
၁၉၄၈ ဩဂုတ် ၁ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဩဂုတ် ၁၃ တွင် ဗိုလ်ချုပ်ဖြစ်လာ
၁၉၄၉ ဖေဖော်ဝါရီ ၁စစ်ဦးစီးချုပ်ဗိုလ်ချုပ်
၁၉၄၉ မတ် ၃ဒုတိယဗိုလ်ချုပ်ကြီး
၁၉၅၆ ဇန်နဝါရီ ၁ဗိုလ်ချုပ်ကြီး
ပိတ်ရန်

ဓာတ်ပုံများ

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.