From Wikipedia, the free encyclopedia
သီရိပျံချီ ပါမောက္ခ ဘသန်း FRCS FACS FICS ( ၉ မေ ၁၈၉၅ – ၄ နိုဝင်ဘာ ၁၉၇၁) သည် မြန်မာဆေးဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်၊ ပညာပေးဆရာ နှင့် အုပ်ချုပ်သူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော မှုခင်းခွဲစိတ်ဆရာဝန်ကြီး ဦးဘသန်းသည် ရန်ကုန်ဆေးရုံကြီး နှင့် ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) စစ်အတွင်း ဆေးနှင့် သူနာပြုကျောင်းများကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ဦးဘသန်းသည် မကွယ်လွန်မီ နှစ်လအလို အထိ ရန်ကုန် နှင့် မန္တလေးရှိ ပင်မ ဆေးတက္ကသိုလ်များ၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဘသန်း | |
---|---|
ပထမ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ပါမောက္ခချုပ် | |
တာဝန်သက်တမ်း ၁ အောက်တိုဘာ ၁၉၆၄ – ၃၀ ဩဂုတ် ၁၉၇၁ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဒေါက်တာ ဦးဖေကျင် |
1st မန္တလေးတက္ကသိုလ်၊ ဆေးပညာဌာနမှူး | |
တာဝန်သက်တမ်း ၁၉၆၀ – ၁၉၆၃ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဖေသိန်း |
3rd, 5th and 7th ရန်ကုန်တက္ကသိုလ်၊ ဆေးပညာဌာနမှူး | |
တာဝန်သက်တမ်း ၁၉၅၅ – ၁၉၅၇ | |
ယခင်လူ | ဒေါက်တာမင်းစိန် |
ဆက်ခံသူ | ဒေါက်တာမင်းစိန် |
တာဝန်သက်တမ်း ၁၉၅၁ – ၁၉၅၃ | |
ယခင်လူ | ဒေါက်တာမင်းစိန် |
ဆက်ခံသူ | ဒေါက်တာမင်းစိန် |
တာဝန်သက်တမ်း ၁၉၄၈ – ၁၉၄၉ | |
ယခင်လူ | ဒေါက်တာမင်းစိန် |
ဆက်ခံသူ | ဒေါက်တာမင်းစိန် |
ရန်ကုန်ပြည်သူ့ဆေးရုံ ဆေးရုံအုပ် | |
တာဝန်သက်တမ်း ၁၉၄၂ – ၁၉၄၅ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ရာထူးဖျက်သိမ်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | c. ၉ မေ ၁၈၉၅ ပြွန်တန်ဆာမြို့ ပဲခူးတိုင်း၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၄ နိုဝင်ဘာ ၁၉၇၁ ရန်ကုန်မြို့ |
ကြင်ဖော်(များ) | ဒေါ်ခင်ကြည် |
သားသမီး | ခင်မေသန်း ကျော်သန်း ခင်မေအေး |
ပညာရေး | ကာလကတ္တားတက္ကသိုလ် (MB) Royal College of Surgeons of Edinburgh (FRCS) |
ဗိုလ်ချုပ်အောင်ဆန်း နှင့် ကားဗုံးပေါက်ကွဲ၍ လုပ်ကြံခံရသော ဦးတင်ထွဋ် အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားများ၏ အလောင်းကို ခွဲစိတ်စစ်ဆေးခြင်းကြောင့်လည်း လူသိများသည်။ ၎င်း၏သမီးဖြစ်သူ ဒေါ်ခင်မေသန်းသည် ဗိုလ်ချုပ်နေဝင်း ၏ တတိယဇနီးအဖြစ် ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ မြန်မာနိုင်ငံ၏ သမ္မတကတော် ဖြစ်ခဲ့သည်။
ဦးဘသန်းကို ၁၈၉၅ ခုနှစ် မေလတွင် ဦးကင်းနှင့် ဒေါ်ဆွေတို့က ပြွန်တန်ဆာမြို့ငယ်လေးတွင် မွေးဖွားခဲ့ပြီး[၁] ရန်ကုန် စိန့်ပေါလ် အင်္ဂလိပ် အထက်တန်းကျောင်း မှ ဘွဲ့ရရှိ၍ [၁] [၂] စာရိတ္တကောင်းမွန်ပြီး ၁၉၁၄ ခုနှစ်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက်ခဲ့ပြီး ၁၉၂၂ တွင် ကလက္ကတ္တား ဆေးတက္ကသိုလ်တွင် ဆေးပညာ ဆက်လက်သင်ယူခဲ့သည်။ [၁] (မြန်မာနိုင်ငံ၏ ပထမဆုံး MBBS အစီအစဉ်ကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့သည်။ [၃] ) သူသည် 1922 ခုနှစ်တွင် ကျန်းမာရေးဌာနတွင် မြို့ပြလက်ထောက်ခွဲစိတ်ဆရာဝန် (CAS) အဖြစ် စတင်ခဲ့ပြီး 1932 ခုနှစ်တွင် Edinburgh တော်ဝင်ကောလိပ် ခွဲစိတ်ဆရာဝန် များထံမှ FRCS လက်မှတ်ကို ရရှိခဲ့သည်။ [ [note ၁] [၁] [၄]
ဦးဘသန်းသည် ကိုလိုနီခေတ် ရန်ကုန်တွင် ရှိသော နိုင်ငံခြား သမားတော်များနှင့် အထူးကု ဆရာဝန်ကြီးများ ဖွဲ့ထားသည့် ကိုလိုနီခေတ် သေးငယ်သော ဆေးအသိုက်အဝန်းတွင် ပါဝင်ခဲ့သည်။ [note ၂] အလုပ်ကျင့်ဝတ်ကြောင့် လူသိများသော သူ၏ဆောင်ပုဒ်မှာ “ဇွဲ” ဖြစ်သည်။ [၅] ၁၉၃၀ ခုနှစ်များနှောင်းပိုင်းတွင် ခွဲစိတ်ဆရာဝန်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ခွဲစိတ်ဌာန)၏ ဒုတိယအကြီးအကဲ ဖြစ်လာခဲ့သည်။ ပထမဆုံး မြန်မာမှုခင်း ဆရာဝန် လဲဖြစ်ပြီး [၆] ၁၉၃၈တွင် ကိုလိုနီအစိုးရကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရဲတွေရဲ့ သတ်ဖြတ်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ရဲ့ အလောင်းကို ခွဲစိတ်ပြီးနောက် ထင်ရှားလူသိများလာပါသည်။ [၇]
၁၉၃၇ ခုနှစ်တွင် ဘသန်းသည် ရန်ကုန်ဆေးကောလိပ် တွင် မှုခင်းဆေးပညာ ကထိကအဖြစ် စတင်သင်ကြားခဲ့သည်။ [၁] [၅] သူက မြန်မာဆေးကျောင်းသားတွေအတွက် အတုယူစရာပါ။ ၁၉၃၉ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ RMC တွင် ပညာသင်ကြားခဲ့သော ဦးမြင့်ဆွေ ၏ အဆိုအရ ဦးဘသန်းနှင့် ဦးဟင်နရီ [note ၃] တို့မှာ ထိုအချိန်က သူသိခဲ့သော ဌာနေမြန်မာ ခွဲစိတ်ဆရာဝန် နှစ်ဦးသာ ဖြစ်သည်ဟု ဆိုသည်။ [၅] (ထိုအချိန်က FRCS ခွဲစိတ်ဆရာဝန် အနည်းဆုံး မြန်မာကျောင်းသားတစ်ဦး ရှိသည်ကို မြင့်ဆွေ မမှတ်မိပါ။ သူမသည် ဒေါက်တာ ရင်မေ ဖြစ်ပြီး 1929 ခုနှစ်တွင် RCS Edinburgh မှ မီးယပ်ပညာ (FRCS [၈] ကို ဘသန်း မတိုင်မီ သုံးနှစ်ခန့် ရရှိခဲ့သည်။ နောက်ထပ် FRCS ခွဲစိတ်ဆရာဝန်မှာ ၁၉၃၇ ခုနှစ်တွင် ကိုလိုနီခေတ်ပါလီမန်တွင် ပထမဆုံး အမျိုးသမီးဥပဒေပြုသူဖြစ်လာသော ဒေါက်တာ စောဆ [၉] ဖြစ်သည်။ )
ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂-၁၉၄၅) ဂျပန်ခေတ်မြန်မာပြည် (၁၉၄၂-၁၉၄၅) အတွင်း ဂျပန်မဟုတ်သော လူနာများအား ကုသပေးရန် ရန်ကုန်တွင် ပင်မဆေးရုံကို တည်ထောင်ခဲ့ခြင်းအတွက်လည်း လူသိများခဲ့ပါသည်။ အဆိုပါဆေးရုံတွင် ဗမာ့လွတ်လပ်ရေး /ကာကွယ်ရေးတပ်မတော် (BIA/BDA) နှင့် အိန္ဒိယအမျိုးသားတပ်မတော် (INA) မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များအပြင် ပြည်သူများအား ကုသပေးပါသည်။ ထို့ပြင် စစ်အတွင်း ဆေးနှင့် သူနာပြုကျောင်းများကိုလည်း တည်ထောင်ခဲ့သည်။
စစ်အတွင်းက ဆေးရုံကို အချိန်မရွေး လာကုပေးတတ်ပြီး ထိုအချိန် ကုသပေးနေသော ဆရာဝန် အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး၊ ဗြိတိသျှအစိုးရနှင့်အတူ တိုင်းပြည်မှ မစွန့်ခွာခဲ့သော အထူးကုဆရာဝန် တဦးလည်း ဖြစ်သည်။ [၁၀] ထို့အပြင် ဂျပန်ဘုရင့်တပ်မတော်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ဂျပန်တို့ အတွက်သာ သိမ်းဆည်းလိုက်သဖြင့် (၁၉၄၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မဟာမိတ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သိမ်းပိုက်ပြီး မကြာမီတွင် ပင်မဆေးရုံကို ဆုံးရှုံးခဲ့ရသည်) ဝင်လာသော ဂျပန်အုပ်ချုပ်ရေးမှ ဒေါက်တာ တီဆူဇူကီး [note ၄] ကို BIA အတွက် ဆေးရုံအသစ်ရှာရန် ဦးဘသန်းအား တာဝန် ပေးခိုင်းခဲ့သည်။ [၁၀] ဘသန်းက သဘောတူပြီး မတ်လနှောင်းပိုင်းတွင် အခြားသမားတော်တဦးနှင့် လက်ထောက်တဦးတို့နှင့် အတူ ရန်ကုန်ရှိ အင်္ဂလီကန် ဒိုင်အိုစီဆန်ကျောင်း အဆောက်အအုံတွင် ပြင်ပလူနာ ဆေးခန်းတစ်ခုနှင့် ကုတင် အနည်းငယ်ပါသည့် ဆေးရုံကို ဖွင့်လှစ်ခဲ့သည်။ [၁၁]
ထိုအချိန်တွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး ဝန်ထမ်းနည်းပါးခြင်းက အဆိုးဆုံး ဖြစ်နေသည်။ ကျွမ်းကျင် ဝန်ထမ်းအများစု မရှိတော့သဖြင့် နောက်ဆုံးနှစ် ဆေးကျောင်းသားနှင့် သူနာပြုသင်တန်းသားများ နှင့် အစားထိုးခဲ့ရသည်။ [၁၁] သူသည် နိုင်ငံတွင်းရှိ ကျန်ရှိနေသော ဆရာဝန်နှင့် သူနာပြုအများစုကို တာဝန်ပြန်ထမ်းဆောင်နိုင်ရန် စည်းရုံးနိုင်ခဲ့သည်။ အတွေ့အကြုံ ရင့်ကျက်သော အထူးကု ဆရာဝန် သုံးဦး— Dr. S. Sen (Internal Medicine)၊ ဒေါက်တာ ရင်မေ (သားဖွားဌာနမှူး) နှင့် ဒေါက်တာချန်တိတ် (မျက်စိရောဂါဗေဒဌာနမှူး) တို့ ပါဝင်ခဲ့ကြသည်။ [၁၁] ဒေါက်တာရင်မေ တို့လို ဒေါက်တာဆန် နဲ့ အကြီးတန်းသူနာပြု ဒေါ်ခင်ကြည် တို့ကို ရန်ကုန်ကို ပြန်လာအောင် လုပ်ပေးနိုင်ခဲ့သည်။ [note ၅] ၁၉၄၂ ခုနှစ် ဧပြီလတွင် ဆေးရုံတွင် လာနေသူ မြင့်ဆွေပြန်ပြောင်းပြောချက်အရ ဆေးရုံကို လာကြည့်သော ဘသန်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက - လက်တဆုပ်စာ လူတစုက ဘာအလုပ်မှ မဖြစ်ဘူး ဟု ပြောခဲ့သည်ကို ဘသန်းက “ဒီလူတစုကပဲ ကောင်းကောင်း လုပ်ပြခဲ့တာဗျ” ဟု အင်္ဂလိပ်လို တုံ့ပြန်ခဲ့သည်။ [၁၂]
"It's the determined few that command the crowd."
ဘသန်းက ထိုလူ့ သံသယတွေကို မှားကြောင်း သက်သေပြဖို့ ဆုံးဖြတ်ခဲ့တယ်။ သူသည် ဆေးရုံတွင် မမောမပန်း အလုပ်လုပ်ပြီး ရံဖန်ရံခါ ဆေးရုံတွင် အိပ်လေ့ရှိသည်။ ဆေးရုံ အစောပိုင်းကာလတွေမှာ သူဟာ ခွဲစိတ်မှုတင်မကဘဲ ကိစ္စအားလုံးကို ကိုင်တွယ်ခဲ့ပါတယ်။ [၁၃] နောက်ခြောက်လအတွင်း သူသည် လုပ်ငန်းလည်ပတ်နေသော ဆေးရုံတစ်ရုံ ဖြစ်စေရန် ဝန်ထမ်း၊ စက်ကိရိယာများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ပေါင်းစပ်ခဲ့သည်။ သူ၏ ခေါင်းဆောင်မှုအောက်တွင်၊ ဆေးရုံသည် BIA/BDA နှင့် INA များသာမက သာမန်စစ်မှုထမ်းများနှင့် သာမန်ပြည်သူများအတွက်ပါ ဂျပန်မဟုတ်သော လူနာများ အတွက် အဓိက အားထားရသည့် နေရာ ဖြစ်လာခဲ့သည်။ BIA ဆေးရုံအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟု အမည်ပြောင်းလဲကာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ပါသည်။ [၁၄]
ဘသန်းအတွက် အဆက်မပြတ် ခေါင်းခဲစရာတစ်ခုမှာ ဂျပန်၏ ထောက်လှမ်းမှုနှင့် ဝင်ရောက် စွက်ဖက်ခြင်းပင်ဖြစ်သည်။ တချို့ ဂျပန်အေးဂျင့်များက နှစ်ရှည်လူနာအဖြစ်ပင် အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။ [၁၅] သို့သော်လည်း ပိုကြီးသော ပြဿနာမှာ အနီးရှိ စစ်တန်းလျားမှ ဂျပန်တပ်သားများက လူနာများနှင့် ဝန်ထမ်းများ အထူးသဖြင့် သူနာပြုများကို နှိပ်စက်ခြင်း ဖြစ်သည်။ ဘသန်းကိုယ်တိုင်လည်း စစ်သားများက ပြင်းထန်စွာ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ [note ၆] 1943 ခုနှစ်တွင် ဂျပန်တို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ သေမင်းတမန် မီးရထား တွင် အလုပ်လုပ်ရန် ဆေးရုံမှ ဆရာဝန်များကို စတင်စေလွှတ်ခဲ့ပြီး လူအများစုမှာ သေဒဏ်ချမှတ်ခံရသလို သေဆုံးခဲ့ရသည်။ [၁၆] မြင့်ဆွေ၏ အဆိုအရ လူတိုင်းသည် အစော်ကားခံရသော်လည်း အားကိုးရာမရှိသဖြင့် မည်သို့မှ ပြန်မလုပ်နိုင်ခဲ့ပေ။ [၁၇]
ဘသန်းက အလုပ်အရမ်းများနေတဲ့ ဝန်ထမ်းတွေကို အားပေးခဲ့ပြီးစိတ်ဓာတ်တက်ကြွရန် ဂီတဖျော်ဖြေပွဲများ လုပ်ပေးခဲ့သည်။ ဦးဘသန်းသည် စန္ဒယားဝါသနာပါသူ နှင့် ပတ္တလား ပညာရှင်ဖြစ်ပြီး လူနာများအတွက် သူ၏ဝန်ထမ်းများမှ တေးဂီတနှင့် အော်ပရာ ဖျော်ဖြေပွဲငယ်များကို စီစဉ်ကျင်းပရန် အချိန်ပေးခဲ့သည်။ ၎င်း၏ ကလေးနှစ်ဦးဖြစ်သည့် ခင်မေသန်း နှင့် ကျော်သန်း တို့ကိုလည်း ထိုပွဲများတွင် ဖျော်ဖြေစေခဲ့သည်။ [၁၈]
ဗိုလ်ချုပ်အောင်ဆန်း ၊ နေဝင်း ၊ ဗိုလ်လက်ယာ ၊ ဗိုလ်ဆည် ၊ သခင်သန်းထွန်း ၊ သခင်မြ ၊ သခင်ဖိုးလှကြီး ၊ ဘ ချို ၊ ကျော်ငြိမ်း ၊ ဆူဘတ်ချန္ဒရာဘို့(စ်) ၊ JR Bhonsle တို့လို သမိုင်းအရ အရေးပါတဲ့ သူတွေကို ကုသ ပေးခဲ့တဲ့ ဆေးရုံလည်း ဖြစ် ပါတယ် ။ [၂၀] ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ စတွေခဲ့ရာ နေရာလည်းဖြစ်သည်။ ဘသန်းက ဆေးရုံမှာ မင်္ဂလာဧည့်ခံပွဲကို စီစဉ်ပေးပြီး သီချင်းဆို စန္ဒယား တီးကာ ချီးမြှင့်ပေးခဲ့သည်။ [note ၇]
ဦးဘသန်းသည် ၁၉၄၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆေးနှင့် သူနာပြုကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများသည် အခြေခံ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသာရှိသော မြန်မာစစ်တပ် အပါအဝင် နိုင်ငံတဝှမ်း ဆေးဝန်ထမ်းများ ပြတ်လပ်မှုကို ဖြေရှင်းရန် ဖြစ်သည်။ ဆေးရုံသည် ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် သမားတော်များနှင့် သူနာပြုများကို ပိုခန့်လာနိုင်သော်လည်း တဖက်မှာ လူနာများ မှာလည်း ပိုမိုများပြား လာခဲ့သည်။ [၂၁] ဘသန်း သည် ဂျပန်ဖက်မှ အထူးကု/ ပါမောက္ခ အနည်းငယ် ( Dr. Asahi၊ Suji၊ Horibe နှင့် Shikuma) ပါ ဆေးရုံတွင် ခန့်ထားနိုင်ခဲ့သည်။ [၂၂] ထိုအချိန်၌ပင်၊ စစ်အတွင်းကျောင်းသည် MBBS ပရိုဂရမ်မဟုတ်ဘဲ နှစ်နှစ်ခွဲ LSMP (လိုင်စင်ရ ခွဲစိတ်ကုသမှုနှင့် ဆေးဘက်ဆိုင်ရာ လေ့ကျင့်သူ) ပရိုဂရမ်တစ်ခုသာ ကမ်းလှမ်းနိုင်သည်။ [၂၁] (ကျောင်းစဖွင့်သည့် ၁၉၄၄ ခုနှစ် ဇွန်လ တတန်းလုံးကို ဗမာ့တပ်မတော်မှ ခေါ်ခန့်ခဲ့သည်။ နောက်အတန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလတွင် ဘွဲ့ရခဲ့သည်။ [၂၃] ) သူနာပြုကျောင်း၏ အတန်းများကို ညနေပိုင်းတွင် ဆေးရုံ၌ပင် သင်ကြားခဲ့ပြီး အစပိုင်းတွင် အကြီးတန်း သူနာပြု နှစ်ဦး (မီမီကြီးနှင့် ဒေါ်တင်နု) တို့က သင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ပရိုဂရမ် ဘွဲ့ရများက သင်ကြားပေးခဲ့သည်။ ထိုပရိုဂရမ် ကို ဘသန်း၊ ဆန်နှင့် ရင်မေတို့က ကြီးကြပ်ပြီးစာမေးပွဲ စစ်ပေးသည်။ [၂၄]
၁၉၄၅ ခုနှစ် မေလတွင် မဟာမိတ်တပ်များ ရန်ကုန်သို့ ပြန်လာပြီးနောက် ဘသန်းကို အဘယ့်ကြောင့် ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို ဗြိတိသျှတို့က အကြိမ်ကြိမ် မေးခဲ့ကြသည်။ နောက်ဆုံးတွင် ဗြိတိသျှတို့က ဘသန်းအား ဆေးရုံတွင် ဆိုးရွားသော အခြေအနေများအတွက်သာ ပြစ်တင်ရှုတ်ချခဲ့သည်။ သို့သော် သူတို့လည်း ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် ဆေးရုံကို ပိတ်ပစ်ခဲ့ရသည်။ [၂၅] ဗြိတိသျှတို့က RMC ကို ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဆေးပညာဌာနအဖြစ် ပြန်လည်စတင်ခဲ့ပြီး ဒေါက်တာဒဗလျူဘာရစ်ခ်ျကို ၎င်း၏ပထမဌာနမှူးအဖြစ် ခန့်အပ်ကာ နောက်ပိုင်း ၁၉၄၇ တွင် ဒုတိယဗိုလ်မှူးကြီး၊ ဒေါက်တာ မင်းစိန် (ဒေါက်တာရင်မေ၏ခင်ပွန်း [၂၆] ) ကို ခန့်အပ်ခဲ့သည်။ (၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ ထွက်ခွာသွားချိန်အထိ ဦးဘသန်းသည် ဌာနမှူးဖြစ်မည်မဟုတ်ပေ။ )
မည်သို့ပင်ဆိုစေကာမူ ဘသန်းသည် ထိုအချိန်က တိုင်းပြည်၏ ထိပ်တန်းခွဲစိတ်ဆရာဝန်ဖြစ်သည်။ [၂၇] နာမည်ကျော် နိုင်ငံရေးသမားများ (အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူများ) ၏ အလောင်းကို စစ်ဆေးခြင်းအတွက် သူ့ကို အမှတ်ရနေပါသည်။ ဗိုလ်ချုပ်၏ အလောင်းကို ခွဲစိပ်စစ်ဆေးရန် ဦးဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား အစိုးရအဖွဲ့ဝင် အရာရှိများကို လုပ်ကြံသူများ၏ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။ [၂၈] လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ကိုးဦးကို အာဇာနည်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် လွတ်လပ်ရေးရခါစ တိုင်းပြည်၏ ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဦး တင် ထွဋ်၏ အလောင်းကို စစ်ဆေးသည်။ ဦးတင်ထွဋ်သည် ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရမှုမှ လွတ်မြောက်ခဲ့သော်လည်း ဒုတိယအကြိမ် ကြိုးပမ်းမှုမှ မလွတ်မြောက်ခဲ့ပေ။ [၆] (၁၉၄၃ ခုနှစ်တွင် ဖိုးလှကြီး၏ အလောင်းကိုလည်း ဘသန်းစစ်ဆေးခဲ့သေးသည်။ [၂၉] )
လွတ်လပ်ရေးရပြီးနောက် ဘသန်းသည် တိုင်းပြည်တွင် ဆေးပညာ တိုးချဲ့ရေးကို အာရုံစိုက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စ၍ သူနှင့် မင်းစိန်တို့ နောက် ၁၁ နှစ်ကြာ ဆေးကျောင်းတွင် ဌာနမှူးအဖြစ် အလှည့်ကျ တာဝန်ယူခဲ့သည်။ ဦးဘသန်းသည် ၁၉၄၈-၁၉၄၉၊ ၁၉၅၁-၁၉၅၃၊ ၁၉၅၅-၁၉၅၇ တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မင်းစိန်သည် နောက်ထပ်သုံးကြိမ်- ၁၉၄၉-၁၉၅၁၊ ၁၉၅၃-၁၉၅၅၊ နှင့် ၁၉၅၇-၁၉၅၉ (လွတ်လပ်ရေးမရမီ ၁၉၄၇-၁၉၄၈ ခုနှစ်တို့အပြင်၊ [၂၆] ဦးဘသန်းသည် ၁၉၄၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ခွဲစိတ်ဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အတွင်းက ဆေးရုံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကြည်ပေါ က ဆက်ခံခဲ့ပါတယ်။ [၃၀] ဦးဘသန်းသည် မန္တလေး ဆေးကျောင်းတွင် ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ မန္တလေး ဆေးပညာ ပထမဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [note ၈]
ရန်ကုန်တွင် အလုပ်ထွက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သော ဦးဘသန်း သည် ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်လာသော ရန်ကုန်ဆေးတက္ကသိုလ် ၁ ၏ ပထမဆုံးပါမောက္ခချုပ် ဖြစ်လာခဲ့သည်။ ၎င်း၏ ကျောင်းသားဟောင်းများ အဆိုအရ ပါမောက္ခသည် ဇွဲ ၏ အရေးပါမှုကို ၎င်း၏ ကျောင်းသားများအား ဟောပြောခြင်း ဖြစ်ပြီး၊ [note ၉] နှင့် ကျောင်းတွင် ဂီတအဖွဲ့များ စီစဉ်ခြင်းနှင့် ဇွဲ အကြောင်းကို ကျောင်းပွဲများတွင် သီချင်းပင် သီဆိုခဲ့သည်။ [၆] အားလပ်ချိန်များတွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် အတိုင်ပင်ခံ ခွဲစိတ်ဆရာဝန်အဖြစ် အသက် 70 နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ [၆] ပါမောက္ခချုပ်သည် ၁၉၇၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် အငြိမ်းစားယူခဲ့ပြီး ကိုးပတ်အကြာ ၁၉၇၁ [၁] နိုဝင်ဘာလ [၃] ရက်နေ့ အသက် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ထိုသို့ထမ်းဆောင်မှုများကြောင့် သီရိပျံချီ ဘွဲ့ကို အစိုးရက ချီးမြှင့်ခဲ့သည်။ [note ၁၀] သူ၏ တွန်းအားကြောင့် လူသိများသော်လည်း ဘသန်းမှာ အခြားစိတ်ဝင်စားမှုများ ရှိသည်။ သူသည် ဂီတကို နှစ်သက်ပြီး အားလပ်ချိန်များတွင် စန္ဒယားနှင့် ပတ္တလား တီးခြင်းကို နှစ်သက်သည်။ [note ၁၁] သမိုင်းပညာရှင် ရောဘတ်တေလာ၏ အဆိုအရ ဘသန်းသည် မြင်းပြိုင်ပွဲ နှင့် အားကစားကို နှစ်သက် သဘောကျသူ တယောက်ဖြစ်သည်။ [၂၇] ဒေါ်ခင်ကြည် (ဗိုလ်ချုပ်၏ဇနီးမဟုတ်)နှင့် လက်ထပ်ခဲ့ပြီး[၁] ကလေး ၃ ယောက်ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.