ဦးကိုနီ (၁၁ ဖေဖော်ဝါရီ ၁၉၅၃ - ၂၉ ဇန်နဝါရီ ၂၀၁၇) သည် ထင်ရှားသော မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[၂] ဥပဒေ အကြံပေး ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရာထူးကို ရယူနိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ သူသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။[၃]

အချက်တိုများ ဦးကိုနီ, မွေးဖွား ...
ဦးကိုနီ
Thumb
ဦးကိုနီ ဗွီအိုအေနဲ့ အင်တာဗျူး ၂၀၁၅ ခုနစ်
မွေးဖွား(1953-02-11)၁၁ ဖေဖော်ဝါရီ၊ ၁၉၅၃
ကသာမြို့နယ်စစ်ကိုင်းတိုင်း[၁]
ကွယ်လွန်၂၉ ဇန်နဝါရီ၊ ၂၀၁၇(2017-01-29) (အသက် ၆၃)
ရန်ကုန်မြို့
သေဆုံးရခြင်း အကြောင်းရင်းလုပ်ကြံခံရမှု
ထာဝရ နားခိုရာနေရာရေဝေးသုသာန်
နိုင်ငံလူမျိုးမြန်မာ
ပညာရေးB.A. (၁၉၇၅), LL.B. (၁၉၇၆)[၁]
မိခင်ကျောင်းရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်[၁]
အလုပ်အကိုင်ရှေ့နေ
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၆–၂၀၁၇[၁]
ကျော်ကြားမှုအရင်းခံစာရေးဆရာ၊ NLD ပါတီ၏ ဥပဒေအကြံပေး
အိမ်ထောင်ဖက်(များ)ဒေါ်တင်တင်အေး[၁]
သားသမီးယဉ်နွယ်ခိုင်[၁]
အေးသီခိုင်
သန့်ဇင်ဦး
မိဘများ
  • စူလ်တန် မိုဟာမက် (ဖခင်)
  • ဒေါ်ဟလီမာခင်လှ[၁] (မိခင်)
ပိတ်ရန်

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။[၄]

ငယ်ဘဝ

အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းကသာခရိုင်ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။[၁]

ပညာရေး

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

ရှေ့နေဘဝ

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၁]

နိုင်ငံရေးလှုပ်ရှားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၂၀၁၃ ခုနှစ် ​အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင် ဝင်​ရောက်ခဲ့ပြီး[၅] ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[၂] တရားလွှတ်တော်ရှေ့နေဖြစ်သည်။ ဦးကိုနီသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းထက် အသစ်အစားထိုးရေးဆွဲသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။[၅]

မိသားစု

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး

ပြန်ကြားရေးဝန်ကြီးဌာန၏ (Senior Leadership Program) အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။[၆] ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။[၁] ဦးကိုနီ၏ဈာပနသို့ ဘာသာပေါင်းစုံမှ လူ​ပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့သည်။[၇]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.