မြန်မာ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | National League for Democracy |
တည်ထောင်သူ | အောင်ရွှေ တင်ဦး ချစ်ခိုင် ကြည်မောင် အောင်ဆန်းစုကြည် အောင်ကြီး |
နာယက | ဦးတင်ဦး၊ ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း) |
ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် |
ဒုတိယဥက္ကဋ္ဌ (၁) | ဦးဝင်းမြင့် |
ဒုတိယဥက္ကဋ္ဌ (၂) | Dr.ဇော်မြင့်မောင် |
တည်ထောင်ခြင်း | ၂၇ စက်တင်ဘာ ၁၉၈၈ |
ဌာနချုပ် | ၉၇ ဘီ၊ အနောက် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာနိုင်ငံ[၁] |
နိုင်ငံရေး သဘောတရား | လစ်ဘရယ်ဒီမိုကရေစီ နှင့် ဆိုရှယ်ဒီမိုကရေစီ [၂] |
ရပ်တည်ချက် | အလယ်-လက်ဝဲ |
နိုင်ငံတကာ မဟာမိတ် | Socialist International[၃] Progressive Alliance[၄] Council of Asian Liberals and Democrats |
အရောင် | အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁၃၅ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၂၅၅ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ အမတ်နေရာ | ၄၇၆ / ၈၆၀
|
တိုင်းရင်းသားရေးရာဝန်ကြီးများ | ၂၁ / ၂၉
|
ဝက်ဘ်ဆိုဒ် | |
nld-official.org/en/ | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။[၅][၆]
ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါလီမန် မဲဆန္ဒနယ် နေရာများတွင် ရာခိုင်နှုန်းအမြောက်အမြား အနိုင်ရခဲ့သည်။ သို့သော် အုပ်ချုပ်နေသည့် နဝတ အစိုးရမှ အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့ပြီး အရပ်သားသမ္မတအဖြစ် ဦးထင်ကျော်ကိုတင်မြှောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် NLD ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သော ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခဲ့သည်။
၂၀၂၀ မတိုင်မီ NLD အစိုးရ၏ သက်တမ်းအတွင်း ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအားသည် NLD အစိုးရအပေါ် ဝေဖန်မှုများကပို၍ ကျယ်လောင်လာခဲ့သည်။[၇] ထို့အပြင်၂၀၂၀ တွင်ရိုက်ခတ်သော ကိုဗစ်ကပ်ရောဂါကာလ အစပိုင်းတွင် အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်သောကြောင့် WHOမှပင် ချီးကျူးခဲ့ရသော်လည်း နောက်ပိုင်းကာလတွင် NLDအစိုးရ၏ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် ၂၀၂၀မဲဆွဲကာလ လူစုလူဝေးဖြစ်ပေါ်မှုများကြောင့် ရောဂါကူးဆက်မှု ပိုမိုများပြားလာခဲ့ပြီး ဝေဖန်သံများကျယ်လောင်လာခဲ့သည်။[၈][၉][၁၀]
၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီအား ဖျက်သိမ်းမည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း[၁၁] နောက်ပိုင်းတွင် ဆုံးဖြတ်ချက် ပြောင်းလဲသွားကာ ၂၀၂၃ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပါဝင်ခြင်းကို NLD က ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။[၁၂]
NLD သည် NLD-LA (National League for Democracy-Liberated Areas) နှင့် ကွဲပြားခြားနားသည်။ ၎င်း NLD-LA သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဟု ခေါ်ပြီး၊ ထိုင်းနိုင်ငံနယ်စပ်နှင့် အခြား နိုင်ငံများတွင် ဖွဲ့စည်းထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီရရှိစေရန် ပြည်သူများ ဆန္ဒပြကြရာတွင် စစ်အစိုးရမှ ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ကို အာဏာသိမ်းမှုဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။[၅] ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို နဝတ မှ ထုတ်ပြန်သည်။ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် ၄ ဦးစီ ပေါင်း ၁၂ ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး ပါတီ မှတ်ပုံတင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ၄ ဦးဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သတင်းစာဆရာကြီး ဦးဝင်းတင်(ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင်(ဘားကောင်စီရှေ့နေကြီး) နှင့် အကယ်ဒမီ ဦးအောင်လွင်(ရုပ်ရှင်မင်းသား) တို့ဖြစ်ကြသည်။
၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ ဖွဲ့စည်းပုံမှာ
ပထမဆုံး ဗဟိုကော်မတီ အစည်း အဝေးကို ဦးကြည်ဟန်အိမ်မှာ ကျင်းပပါသည်။[၁၃] နောက်ပိုင်းတွင် အလုပ် အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းခဲ့သည်။[ကိုးကားချက်လိုသည်] ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးချမ်းအေး(စာရေးဆရာ မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ(မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ စာရေးဆရာ မောင်သော်က( ဗိုလ်မှူး ဘသော်)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာငွေစိုး စသည့်ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရခဲ့သည်။ ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ်တွေကို ဖယ်ရှားပစ်ရမယ်”ဟုပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ ဦးအောင်ကြီး ဖယ်ရှားပစ်လိုသည့်သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့ဖြစ်သည်။[ကိုးကားချက်လိုသည်]
နောက်ဆုံးတွင် အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦး၏ ရှေ့မှာ အစွပ်စွဲခံရသူများဘက်မှ ရှုံးလျှင် နုတ်ထွက်ပေးရေး၊ စွပ်စွဲသူဘက်မှ ရှုံးနိမ့်လျှင်လည်း နုတ်ထွက်ပေးရမည် သဘောတူညီချက်နှင့် မဲခွဲဆုံးဖြတ်ကြသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နုတ်ထွက်ပေးရပြီး “ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီ”ဟူ၍ ပါတီတစ်ခု ထူထောင်သွားသည်။ ဦးအောင်ကြီး၏ ပါတီထဲသို့ တက္ကသိုလ် ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်းဖြစ်သည်။[ကိုးကားချက်လိုသည်]
ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် နေရာများတွင် ရာခိုင်နှုန်းအမြောက်အမြား အနိုင်ရခဲ့သည်။ သို့သော် နိုင်ငံတော်အစိုးရ (ယခင်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ န.ဝ.တအစိုးရ)သည် အနိုင်ရပါတီအား နိုင်ငံအုပ်ချုပ်နိုင်ရန် အခွင့်မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို လက်ခံနိုင်ရန်အကြောင်း မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်အစိုးရမှ အမျိုးသားညီလာခံအား ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ်ကို ရေးဆွဲစေခဲ့သည်။ န.ဝ.တအစိုးရမှ ဦးဆောင်ကျင်းပသော အမျိုးသားညီလာခံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျောခိုင်းဆန့်ကျင်ပြီး၊ များမကြာမီတွင် တိမ်းရှောင် ထွက်ပြေးသွားကြသည့် ရွေးချယ်ခံ ကိုယ်စားပြု ကိုယ်စားလှယ်များသည်ကေအင်ယူတို့၏ ဗဟိုဌာနချုပ်ဖြစ်သော မာနယ်ပလော လွတ်မြောက်နယ်မြေတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရဟုခေါ်သော စင်ပြိုင်အစိုးရအဖွဲ့ကို တည်ထောင်ခဲ့ကြသည်။
ပါတီမှ မကြာခဏ လူ့အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုများ ရှိသည်။ ဆန္ဒပြမှုများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ အစာငတ်ခံ ဆန္ဒပြခြင်း အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ ထို့အပြင် စစ်အစိုးရ ရေးဆွဲသည့် လုပ်ငန်းများအား ထောက်ပြ ကန့်ကွက်ခဲ့မှုများလည်း ရှိသည်။
စစ်အစိုးရမှ ၁၉၉၀ ခုနှစ်နောက်ပိုင်း နိုင်ငံတကာသို့ ပိုမို၍ ဆက်ဆံမှုများရှိလာသည်။ ထို့နောက် မြန်မာနိုင်ငံသို့ ခရီးသွားလာရောက်ရေးနှစ် ၁၉၉၆ (Visit Myanmar Year 1996) အဖြစ် စီစဉ်မှုများ ပြုလုပ်ကာ နိုင်ငံတကာရှိ ခရီးသွားများကို အလည်အပါတ်လာကြရန် ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေခြင်း၊ ခရီးသွားများ အသုံးပြုရန် လမ်းပန်းဆက်သွယ်ရေးများ၊ ဝန်ဆောင်မှု အဆောက်အဦးများ ပြုလုပ်ရာတွင် အဓ္ဓမ ခိုင်းစေမှုများရှိခဲ့ခြင်းတို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ “ခရီးသွားများလာရောက်ရန် အချိန်မဟုတ်သေး” ဟုဆိုကာ ဆန့်ကျင်ထုတ်ဖော် ပြောဆိုခဲ့သည်။
ထို ၁၉၉၆ မြန်မာ့ခရီးသွားနှစ်တွင် စစ်အစိုးရမှ ခရီးသွား ၁ သန်းခွဲ ရောက်ရှိလည်ပတ်မည်ဟု ခန့်မှန်းခဲ့သည်။ လာရောက်သူ အလွန်နည်းပါသောကြောင့် ခရီးသွား ၂ သိန်းသို့ လျှော့ချ မျှော်မှန်းခဲ့သော်လည်း၊ လာရောက်ခဲ့သူမှာ ၂ သိန်းအောက် လျှော့နည်းခဲ့သည်။
၂၀၀၁ ခုနှစ်တွင် စစ်အစိုးရမှ ပါတီရုံးခွဲများ ကို ဖွင့်ခွင့် ပြန်ပေးခဲ့ပြီး၊ ဖမ်းဆီးထားသည့် အဖွဲ့ဝင် တချို့ကို ပြန်လွှတ်ပေးခဲ့သည်။[၁၄] ၂၀၀၂ မေလတွင်၊ ပါတီ၏ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြန်သည်။ လွတ်မြောက်လာပြီးနောက် ပြည်သူ့ထောက်ခံမှုများ ဆက်လက်ရရှိစေရန်၊ သူမနှင့် ပါတီဝင်များ နိုင်ငံတဝှမ်း စည်းရုံးရေးဆင်းခဲ့သည်။ သို့သော် ၂၀၀၃ မေလ၊ ဒီပဲယင်း မြို့အနီးတွင် ပါတီဝင် အဖွဲ့တချို့ကို ရိုက်နှက်ခြင်း၊ ပစ်သတ် ခံခဲ့ရခြင်းများ ရှိခဲ့ခြင်းသည် စစ်အစိုးရ ကျောထောက်နောက်ခံ စီစဉ်ပေးနေမှုများကြောင့် ဖြစ်ပြီး၊ ၎င်းကို ဒီပဲယင်း လုပ်ကြံမှုကြီး ဟု အများသိကြပြီး ပါတီအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် လက်ထောက် ပါတီ အတွင်းရေးမှူး ဦးတင်ဦး တို့ ထပ်မံ ဖမ်းဆီးခြင်း ခံရပြန်သည်။[၁၅]
၂၀၀၄ ခုနှစ်တွင် စစ်အစိုးရမှ ပါတီလှုပ်ရှားမှုများကို ခွင့်မပြုပေ။ ၂၀၀၆ ခုနှစ်တွင် တပ်မတော် နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းတို့၏ ဖိအားပေးမှုများကြောင့်၊ ပါတီဝင်များ အဖွဲ့ချုပ်ဝင်အဖြစ်မှ နုတ်ထွက်ကြသည်။
၂၀၁၀ မေလ ၆ ရက်နေ့တွင် ပါတီသည် တရားဝင်ပါတီအဖြစ် လျှောက်ထားခြင်းမရှိသဖြင့် တရားမဝင်ပါတီဟု စစ်အစိုးရမှ ကြေညာခဲ့သည်။[၁၆] ၂၀၁၁ နိုဝင်ဘာတွင် ရွေးကောက်ပွဲအတွက် ပါတီမှ တရားဝင်ဖြစ်စေရန် လျှောက်ထားမည်ကာ၊ ရွေးကောက်ပွဲ ကော်မတီမှ ၎င်းလျှောက်ထားခြင်းကို လက်ခံခဲ့သည်။[၁၇]
၂၀၁၁ ခုနှစ် ၅ လ ၁၉ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင်၊ မြန်မာပြည်အလှအပများအား ပျော်ရွင်စွာ ခံစားရင်း၊ မြန်မာ့ သာမန် ပြည်သူများ၏ စားဝတ်နေရေး၊ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးများကို တိုးတက်အားပေးစေမည့် ခရီးသွားများအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[၁၈]
သည်တိုင်မ်း သတင်းစာမှ ခရီးသွားများအား ပို၍လျော့ပေါ့သည့် ကြေညာချက် ထွက်လာပြီနောက်ပိုင်း ပါတီခေါင်းဆောင်ပိုင်း ဦးဝင်းတင်အား မေးမြန်းရာတွင်“မြန်မာပြည်ကို ခရီးသွားတွေ လာစေချင်ပါတယ်၊ စစ်အစိုးရကို ကူညီစေဖို့ မဟုတ်ဘူး၊ နိုငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အားလုံးပဲပေါ့ အဲဒီအခြေအနေတွေကို နားလည်ပြီး ပြည်သူတွေကို ကူညီမည့် ခရီးသွားများဟု” ဆိုခဲ့ပြီး၊ အပျော်စီးသင်္ဘောကြီးများဖြင့် ရောက်ရှိလာကြသည့် ခရီးသွားများသည် စစ်အစိုးရသို့ ဝင်ငွေထောက်ပံ့မှုကြီးဖြစ်စေပြီး၊ ထိုလို စီးပွားရေးအကြီးစားမျိုးကို မကြိုက်ဟုလည်း သတိပေးခဲ့သည်။[၁၉]
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လသာမြို့နယ်အနိုင်ရ ပြည်သူ့လွှတ်တော်အမတ် အမျိုးသား ဦးကြည်မြင့်(ဒီမိုကရေစီ အင်အားစု)မှ ဒီချုပ် ပါတီသို့ ပြန်ဝင်ချင်ကြောင်း ပြောကြားခဲ့သည်။[၂၀]
၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေတွင် (မဲအရေ အတွက် ၅၆၀၀၀) ဖြင့်၊ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုးမင်း(မဲအရေ အတွက် ၉၀၀၀) အား အနိုင်ရရှိခဲ့သည်။ [၂၁]
၂၀၁၅ ရွေးကောက်ပွဲကို မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့် အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော် နေရာတွေမှာ ၈၀% အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စု အဆင့် လွှတ်တော် ၂ ရပ်ပေါင်းမှာ ၃၂၉ နေရာဖြစ်ပြီး အန်အယ်လ်ဒီက ၃၆၉ နေရာ ရရှိထားတဲ့အတွက် လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရရှိခဲ့သည်။[၂၂] ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု အများစုသည် ပါတီကိုလည်းမကြည့်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုလည်း မကြည့်၊ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ကြည့်၍ မဲပေးခဲ့ကြသည်ဟု ဆိုနိုင်သည်။ NLD ကိုယ်စားလှယ် အများစု ပါဝင်သည့် လွှတ်တော်များက အတည်ပြုခဲ့သည့် ဝန်ကြီးအဖွဲ့နှင့် ပတ်သက်၍ ဝေဖန် သုံးသပ်သံ များ ကျယ်ကျယ် လောင်လောင် ထွက်ခဲ့သည်။ အငြင်းပွားဖွယ်ရာ ပါရဂူဘွဲ့ရ ပုဂ္ဂိုလ်များ ကိစ္စသည် လူမှုကွန်ရက် စာမျက်နှာတွင် ခေါင်းစည်း သတင်း ဖြစ်ခဲ့သည်။[၂၃]
ဒီချုပ် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ကြေညာချက်ပါတီသည် အကြမ်းမဖက်ရေး နှင့် ငြိမ်းချမ်းရေးကို မူတည်ပြီး၊ မြန်မာနိုင်တွင် ပါတီစုံ ဒီမိုကရေစီဖြစ်ထွန်းလာရေးကို ရည်ရွယ်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။[၂၄] ပါတီသည် လူ့အခွင့်အရေး ရရှိစေရန် ဦးစားပေးဆောင်ရွက်ပြီး (လူတိုင်း ရေးသားပြောဆိုခွင့်)၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေးကို အဓိကပေး ဆောင်ရွက်သည်။[၂၅]
၂၀၁၂ မတ်လ ၁၃ ရက် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ အထက်ပါအချက်များအပြင်၊ တရားစီရင်ရာတွင် မျှတရေးနှင့် မီဒီယာများ လွတ်လပ်မှုအပြည့်ရရှိရေး၊ လူမှုဖူလုံရေးများ အထောက်အပံ့များ မြှင့်တင်ပေးရန်အတွက် တရားဝင်ထောက်ပံ့ပေးခွင့် ရှိရန် တောင်းဆိုခဲ့သည်။
ပါတီမှ စစ်သားအမတ်များ ပါဝင်နေရန် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒကို ပြန်လည်ပြင်ဆင်မည်ဟု ဆိုခဲ့သည်။ ပါလီမန်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် “ဒီမိုကရေစီ နည်းလမ်းမကျ”ဟုဆိုခဲ့သည်။[၂၆]
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ပါတီက ဆောင်ရွက်မည့် မူဝါ ဒ လေးချက်နှင့်စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့်ကဏ္ဍ များပါဝင်သည့် ကဏ္ဍ ၁၃ ခုအ တွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ပြထားသည်။ NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေး သည် နံပါတ် (၁) ဦးစားပေးနေရာတွင် ပါဝင်သည်။ ပြည်သူများ ရသင့်ရထိုက် သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေမည့် ဥပဒေများ ဖျက် သိမ်းရေး၊ အခြေခံဥပဒေမှ ပြဋ္ဌာန်း ထားသည့်အခွင့်အရေးများကို ထိ ရောက်စွာကာကွယ်၍ ခေတ်နှင့် အညီမြှင့်တင်ရေး၊ တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီ ရင်ရေးစနစ်ထူထောင်ရေးစသည့် ကိစ္စရပ်များကို ဆောင်ရွက်မည် ဖြစ်ကြောင်းဖော်ပြပါရှိသည်။ တပ်မတော်နှင့် ပတ်သက်၍ နိုင်ငံတွင် တပ်မတော်သည်မရှိမ ဖြစ်လိုအပ်သောအဖွဲ့အစည်းဖြစ် ကာ ဒီမိုကရေစီ ကျင့်စဉ်များကို ကာကွယ် ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာရှိသော အင်အားစု ဖြစ်ရေး၊ စစ်ရေးစွမ်းရည်မြင့်မား ၍ နည်းပညာပိုင်းဆိုင်ရာ တိုး တက်သော အဆင့်အတန်းမြင့် သည့် ခေတ်မီတပ်မတော်တည် ဆောက်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။[၂၇]
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အဓိကရည်မှန်းချက် ၃ရပ်မှာ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ နှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။[၂၈]
ပါတီကို ပါတီဝင်များမှ စတင်၍ ရပ်ကွက်/ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့များဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားသည်။ ဗဟိုအဆင့်တွင် ဗဟိုကော်မတီနှင့် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တို့ကို ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီ၏ သဘာပတိအဖွဲ့ကို ခန့်အပ်တာဝန်ပေးသည်။
ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပါတီစတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၊ (၂၇) ရက်နေ့တွင် ဖွဲ့စည်းကြေညာခဲ့သည်။
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဦးအောင်ကြီး | အငြိမ်းစား တပ်မတော် ဗိုလ်မှူးချုပ် |
၂။ | ဒုတိယဥက္ကဋ္ဌ | သူရ ဦးတင်ဦး | အငြိမ်းစား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် |
၃။ | အထွေထွေအတွင်းရေးမှူး | ဒေါ်အောင်ဆန်းစုကြည် | |
၄။ | အတွင်းရေးမှူးအဖွဲ့ဝင် | ဦးကြည်ဟန် | |
၅။ | ဦးချစ်ခိုင် | အငြိမ်းစား တပ်မတော် ဒုဗိုလ်မှူးကြီး | |
၆။ | ဦးဝင်းတင် | သတင်းစာဆရာ၊ စာရေးဆရာ | |
၇။ | အဖွဲ့ဝင် | ဦးအောင်ရွှေ | အငြိမ်းစား တပ်မတော် ဗိုလ်မှူးချုပ် |
၈။ | ဦးကြည်မောင် | အငြိမ်းစား တပ်မတော် ဗိုလ်မှူးကြီး | |
၉။ | ဒေါ်မြင့်မြင့်ခင် | ဘားကောင်စီအဖွဲ့ဝင် ရှေ့နေကြီး | |
၁၀။ | ဦးလွင် | နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်ဟောင်း၊
အငြိမ်းစား တပ်မတော်ဗိုလ်မှူးကြီး | |
၁၁။ | ဦးဘရွှေ | ||
၁၂။ | ဦးအောင်လွင် | ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဖလင်အယ်ဒီတာ |
ပါတီကို အထက်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ် ( ) ဖြင့် ခွင့်ပြုခဲ့သည်။ ထို့နောက် ပါတီတွင်း ခေါင်းဆောင်မှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဦးအောင်ကြီး ဦးဆောင်သော အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ပြန်လည် ဖွဲ့စည်းခဲ့သည်။
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | သူရ ဦးတင်ဦး | |
၂။ | အထွေထွေအတွင်းရေးမှူး | ဒေါ်အောင်ဆန်းစုကြည် | |
၃။ | အတွင်းရေးမှူးအဖွဲ့ဝင် | ဦးချစ်ခိုင် | |
၄။ | ဦးဝင်းတင် | ||
၅။ | စည်းရုံးရေးမှူး | ဦးအောင်ရွှေ | |
၆။ | သုတေသနမှူး | ဦးကြည်မောင် | |
၇။ | လူထု လူတန်းစားရေးရာမှူး | ဒေါ်မြင့်မြင့်ခင် | |
၈။ | ဘဏ္ဍာရေးမှူး | ဦးလွင် | |
၉။ | ပြန်ကြားရေးမှူး | ဦးအောင်လွင် |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ (ယာယီ) | ဦးကြည်မောင် | |
၂။ | အတွင်းရေးမှူး | ဦးချစ်ခိုင် | |
၃။ | အဖွဲ့ဝင် | ဦးအောင်ရွှေ | |
၄။ | ဦးစိုးသိမ်း | စာရေးဆရာ မောင်ဝံသ | |
၅။ | ဦးလွင် | ||
၆။ | ဒေါ်မြင့်မြင့်ခင် | ||
၇။ | ဦးခင်မောင်ဆွေ | ||
၈။ | ဦးရွှေ | ||
၉။ | ဦးကျော်မင်း | ||
၁၀။ | ဦးချမ်းအေး | စာရေးဆရာ မောင်စူးစမ်း |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဦးအောင်ရွှေ | |
၂။ | အတွင်းရေးမှူး | ဦးလွင် | |
၃။ | ဘဏ္ဍာရေးမှူး | ဦးညွန့်ဝေ | |
၄။ | အဖွဲ့ဝင် | ဦးသန်းထွန်း | |
၅။ | ဦးလှဖေ | ||
၆။ | ဦးမြလေး | ||
၇။ | ဦးစိုးမြင့် | သခင် စိုးမြင့် | |
၈။ | ဦးရွှေ | ||
၉။ | ဦးလွန်းတင်[၂၉] | ||
၁၀။ | ဦးမင်းဝေ |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဦးအောင်ရွှေ | |
၂။ | ဒုတိယဥက္ကဋ္ဌ | သူရ ဦးတင်ဦး | |
၃။ | ဦးကြည်မောင် | ||
၄။ | အထွေထွေအတွင်းရေးမှူး | ဒေါ်အောင်ဆန်းစုကြည် | |
၅။ | အဖွဲ့ဝင် | ဦးလွင် | |
၆။ | ဦးသန်းထွန်း | ||
၇။ | ဦးညွန့်ဝေ | ||
၈။ | ဦးစိုးမြင့် | ||
၉။ | ဦးလွန်းတင် | ||
၁၀။ | ဦးလှဖေ |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဦးအောင်ရွှေ | |
၂။ | ဒုတိယဥက္ကဋ္ဌ | သူရ ဦးတင်ဦး | |
၃။ | အထွေထွေအတွင်းရေးမှူး | ဒေါ်အောင်ဆန်းစုကြည် | |
၄။ | အတွင်းရေးမှူး | ဦးလွင် | |
၅။ | အဖွဲ့ဝင် | ဦးဝင်းတင် | |
၆။ | ဦးသန်းထွန်း | ||
၇။ | ဦးညွန့်ဝေ | ||
၈။ | ဦးစိုးမြင့် | ||
၉။ | ဦးလွန်းတင် | ||
၁၀။ | ဦးလှဖေ | ||
၁၁။ | ဦးခင်မောင်ဆွေ | ||
၁၂။ | ဒေါက်တာသန်းညိမ်း | ||
၁၃။ | ဦးအုန်းကြိုင် | ||
၁၄။ | ဦးဝင်းမြင့် | ||
၁၅။ | ဦးထွန်းထွန်းဟိန် | ||
၁၆။ | ဒေါက်တာဝင်းနိုင် | ||
၁၇။ | ဦးဉာဏ်ဝင်း | ||
၁၈။ | ဦးဟံသာမြင့် | ||
၁၉။ | ဦးသိန်းညွန့် | ||
၂၀။ | ဒေါက်တာမေဝင်းမြင့် |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | နာယက | သူရ ဦးတင်ဦး | |
၂။ | အဖွဲ့ဝင် | ဦးဝင်းတင် | |
၃။ | ဦးသန်းထွန်း | ||
၄။ | ဦးလှဖေ | ||
၅။ | ဦးကျော်ခိုင် | ||
၆။ | ဦးသိန်းတန် | ||
၇။ | နိုင်သောင်းညွန့် |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် | |
၂။ | အဖွဲ့ဝင် | ဦးဉာဏ်ဝင်း | |
၃။ | ဦးဟံသာမြင့် | ||
၄။ | ဦးအုန်းကြိုင် | ||
၅။ | ဦးဝင်းမြင့် | ||
၆။ | ဦးဝင်းထိန် | ||
၇။ | ဦးထွန်းထွန်းဟိန် | ||
၈။ | ဒေါက်တာမေဝင်းမြင့် | ||
၉။ | ဒေါက်တာဇော်မြင့်မောင် | ||
၁၀။ | ဒေါက်တာအောင်မိုးညို | ||
၁၁။ | ဒေါ်ခင်ဌေးကြွယ် | ||
၁၂။ | ဒေါ်နန်းခင်ထွေးမြင့် | ||
၁၃။ | ဦးကျော်ခင် | ||
၁၄။ | ဦးညီပု | ||
၁၅။ | ဒေါက်တာမျိုးအောင် |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် | |
၂။ | အတွင်းရေးမှူးအဖွဲ့ဝင် | ဦးဉာဏ်ဝင်း | |
၃။ | ဦးဟံသာမြင့် | ||
၄။ | ဦးဝင်းမြင့် | ||
၅။ | ဦးဝင်းထိန် | ||
၆။ | ဒေါက်တာဇော်မြင့်မောင် | ||
၇။ | အဖွဲ့ဝင် | ဦးအုန်းကြိုင် | |
၈။ | ဦးထွန်းထွန်းဟိန် | ||
၉။ | ဒေါက်တာမေဝင်းမြင့် | ||
၁၀။ | ဒေါက်တာအောင်မိုးညို | ||
၁၁။ | ဒေါ်ခင်ဌေးကြွယ် | ||
၁၂။ | ဒေါ်နန်းခင်ထွေးမြင့် | ||
၁၃။ | ဦးကျော်ခင် | ||
၁၄။ | ဦးညီပု | ||
၁၅။ | ဒေါက်တာမျိုးအောင် | ||
၁၈။ | မန်းဂျော်နီ | ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ | |
၁၆။ | ဦးဖြိုးမင်းသိန်း | ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ | |
၁၇။ | ဦးအောင်စိုး | ||
၁၉။ | ဒေါက်တာမျိုးညွန့် | ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှစတင်၍ |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
နာယက | သူရ ဦးတင်ဦး | ပါတီဥက္ကဋ္ဌဟောင်း၊
အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
သဘာပတိအဖွဲ့ဝင် | ဦးဝင်းထိန် | တပ်မတော် ဗိုလ်ကြီးဟောင်း၊
ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်ဟောင်း | |
ဦးအုန်းကြိုင် | |||
ဦးကျော်ခင် | |||
မန်းဂျော်နီ | ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် | |
၂။ | ဒုတိယဥက္ကဋ္ဌ (၁) | ဦးဝင်းမြင့် | |
၃။ | ဒုတိယဥက္ကဋ္ဌ (၂) | ဒေါက်တာဇော်မြင့်မောင် | |
၄။ | အတွင်းရေးမှူးအဖွဲ့ဝင် | ဦးဉာဏ်ဝင်း | |
၅။ | ဦးဟံသာမြင့် | ||
၆။ | အဖွဲ့ဝင် | ဦးထွန်းထွန်းဟိန် | |
၇။ | ဒေါက်တာမေဝင်းမြင့် | ||
၈။ | ဒေါက်တာအောင်မိုးညို | ||
၉။ | ဒေါ်ခင်ဌေးကြွယ် | ||
၁၀။ | ဒေါ်နန်းခင်ထွေးမြင့် | ||
၁၁။ | ဦးညီပု | ||
၁၂။ | ဒေါက်တာမျိုးအောင် | ||
၁၃။ | ဦးဖြိုးမင်းသိန်း | ||
၁၄။ | ဦးအောင်စိုး | ||
၁၅။ | ဒေါက်တာမျိုးညွန့် |
စဉ် | တာဝန် | အမည် | မှတ်ချက် |
---|---|---|---|
နာယက | သူရ ဦးတင်ဦး | ပါတီဥက္ကဋ္ဌဟောင်း၊
အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
သဘာပတိအဖွဲ့ဝင် | ဦးဝင်းထိန် | တပ်မတော် ဗိုလ်ကြီးဟောင်း၊
ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်ဟောင်း | |
ဦးအုန်းကြိုင် | |||
ဦးကျော်ခင် | |||
မန်းဂျော်နီ | ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း |
စဉ် | တာဝန် | အမည် | ထမ်းဆောင်နေသော နိုင်ငံရေးရာထူး | မှတ်ချက် |
---|---|---|---|---|
၁။ | ဥက္ကဋ္ဌ | ဒေါ်အောင်ဆန်းစုကြည် | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊
နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး |
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ပါတီတာဝန်များ ထမ်းဆောင်ခွင့်မရှိပါ။ |
၂။ | ဒုတိယဥက္ကဋ္ဌ(၁) | ဦးဝင်းမြင့် | နိုင်ငံတော်သမ္မတ | ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ပါတီတာဝန်များ ထမ်းဆောင်ခွင့်မရှိပါ။ |
၃။ | ဒုတိယဥက္ကဋ္ဌ (၂) | ဒေါက်တာဇော်မြင့်မောင် | မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
၄။ | အတွင်းရေးမှူးအဖွဲ့ဝင် | ဦးဉာဏ်ဝင်း | ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ၊
မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင် |
|
၅။ | ဦးဟံသာမြင့် | |||
၆။ | အဖွဲ့ဝင် | ဦးထွန်းထွန်းဟိန် | ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
၇။ | ဒေါက်တာမေဝင်းမြင့် | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ||
၈။ | နန်းခင်ထွေးမြင့် | ကရင်ပြည်နယ် ဝန်ကြီးချုပ် | ||
၉။ | ဒေါက်တာအောင်မိုးညို | မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် | ||
၁၀။ | ဒေါ်ခင်ဌေးကြွယ် | ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် | ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ပါတီတာဝန်များ ထမ်းဆောင်ခွင့်မရှိပါ။ | |
၁၁။ | ဒေါက်တာမျိုးအောင် | နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ | ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ပါတီတာဝန်များ ထမ်းဆောင်ခွင့်မရှိပါ။ | |
၁၂။ | ဦးညီပု | ရခိုင်ပြည်နယ် ဝန်ကြီးချုပ် | ||
၁၃။ | ဦးအောင်ကြည်ညွန့် | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ||
၁၄။ | ဦးသိန်းဦး | |||
၁၅။ | ဦးဖြိုးမင်းသိန်း | ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် | ||
၁၆။ | ဒေါက်တာမျိုးညွန့် | |||
၁၇။ | ဒေါက်တာတင်မျိုးဝင်း | ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ | ||
၁၈။ | ဒေါက်တာမြင့်နိုင် | စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် | ||
၁၉။ | ဦးအင်ထုံးခါးနော်ဆမ် | |||
၂၀။ | ဦးတင်ထွဋ်ဦး | |||
၂၁။ | အဖွဲ့ဝင် | ဦးအောင်စိုး | ၂၀၁၉ ခုနှစ်တွင် ပါတီမှ နုတ်ထွက် |
၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် NLD သည် စုစုပေါင်းမဲဆန္ဒရှင် ၁၃,၂၅၃,၆၀၆ ဦး မဲပေးခဲ့သည့်အနက် မဲပေါင်း ၇,၉၄၃,၆၂၂ မဲကို ရရှိပြီး မဲဆန္ဒရှင် စုစုပေါင်း၏ (၅၉.၉%)နှင့် မဲဆန္ဒနယ်မြေ ၄၉၂ နယ်အနက် ၃၉၂ နယ်၌ အနိုင်ရရှိခဲ့သည်။ စစ်အစိုးရမှ ထူထောင်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ၁၀ နေရာသာ အနိုင်ရခဲ့သည်။[၃၀] သို့သော် စစ်အစိုးရ (ယခင် ငြိမ်ဝပ်ပိပြားရေးမှ အမည်ပြောင်းသွားသည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတိုကောက် SPDC) သည် ပါတီအား အစိုးရ အသစ်ဖွဲ့ခွင့် မပေးခဲ့ချေ၊[၃၁] ရွေးကောက်ပွဲအပြီးတွင် ပါတီအား ဖိအားပေးမှုများရှိလာပြီး၊ ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကျစေခဲ့သည်။ နေအိမ်အကျယ်ချုပ်သည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၆ နှစ်တိုင်အောင် ကြာမြင့်ခဲ့သည်။ ပါတီ၏ အဖွဲ့ဝင်ခေါင်းဆောင်ပိုင်းတချို့သည် ဖမ်းချုပ်ခံရခြင်းမှ ထွက်ပြေးလွတ်မြောက်ကြပြီး၊ ပြည်ပတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ထူထောင်ခဲ့သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ သပိတ်မှောက်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝသဘောတူကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းအား ပြောကြားခဲ့သည်။[၃၂]အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအား ဝင်ရောက်ဆင်နွှဲမည်မဟုတ်ဟု ထုတ်ပြန်ရခြင်းမှာ- အဖွဲ့ဝင်ခေါင်းဆောင်တချို့အား ကိုယ်စားလှယ်အဖြစ် ပြုလုပ်ခွင့် မပေးထားပေ။ ရေးဆွဲထားသော ရွေးကောက်ပွဲ ဥပဒေအသစ်တွင် ပါတီမှ ဝင်ရောက်ဆင်နွှဲလိုပါက၊ ခေါင်းဆောင်ပိုင်းများကို ပါတီအဖွဲ့ဝင်အဖြစ်မှ ပယ်ထုတ်ရမည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပါတီသည် မေလတွင် တရားမဝင်အသင်းဖြစ်ခဲ့သည်။[၁၆] ထို့နောက် ရွေးကောက်ပွဲဝင်ချင်သော အသင်းဝင်တချို့ ခွဲထွက်သွားသည့်သူများမှ အမျိုးသား ဒီမိုကရေစီ အင်အားစု ကို တည်ထောင်ခဲ့သည်၊[၃၃] သို့သော် ရွေးကောက်ပွဲ ဝင်ပြိုင်ရာတွင် မဲ ၃ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံဖြစ်သည့် ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီ မှ မဲအားလုံးနီးပါး အနိုင်ရရှိခဲ့ပြီး၊ အမေရိကန် သမ္မတ ဘာရက် အိုဘားမားမှ ထိုဖြစ်ရပ်ကို “အခိုးခံလိုက်ရသည်” ဟု ဖော်ဆိုသည်။[၃၄]
ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ၊ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်မှ “လွန်ခဲ့တဲ့ လအနည်းငယ်က အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင်၊ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ လို့ ဆိုလို့မရပါဘူး”ဟု မတ်လ ၃၁ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။[၃၅]
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[၃၆]ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[၃၇][၃၈][၃၉]အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ရယူနိုင်ခဲ့သည်။[၄၀] အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နေရာတွေမှာ ၈၀% အနိုင်ရရှိခဲ့ပါတယ်။
အခမဲ့ ဆေးခန်းများ၊ အဖွဲ့ချုပ်သွေးလှူလူငယ်ကွန်ယက်လည်း ရှိသည်။ ပညာရေး လုပ်ငန်းဆိုင်ရာများတွင်၊ ဒီချုပ်မှ စာကြည့်တိုက်များ၊ အခမဲ့ စာသင်ကျောင်းများ၊ နည်းပညာ သင်တန်းပို့ချချက်များကို ဆောက်တည် ဆောင်ရွက်ပေးလျက်ရှိသည်။ အသက်မွေးဝမ်းပညာရပ်ဆိုင်ရာ ကျောင်းများ၊ ဘာသာစကားကျောင်းများကို ဖွင့်လှစ်သင်ကြားပေးမှုများ ရှိသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင်၊ ခေါင်းဆောင်များ အကြား ဆွေးနွေးမှုများ ထပ်ရှိလာပြီးနောက်ပိုင်း၊ ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာကို ဝင်ရောက်ပြိုင်နိုင်ရန်၊ ပါတီအား တရားဝင်ဖြစ်စေရန် ပြန်လည် လျောက်ထားမည်ဟုဆိုခဲ့သည်။[၄၁] ထိုဆုံးဖြတ်ချက်ချပြီးနောက်ပိုင်းတွင်၊ ဒေါ်အောင်ဆန်းစုကြည်မှ အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပါတ်မည်ဟုဆိုခဲ့ပြီး၊ [၄၂] နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လည်ပါတ်ခြင်း ပြုလုပ်ခဲ့သည်။[၄၃] ဥရောပ သမဂ္ဂ လက်ထောက်သမ္မတ ကက်သရင်းအက်ရှ်တွန် Catherine Ashton မှလည်း လွတ်လပ်သည့် ရွေးကောက်ပွဲကြီး ဖြစ်လာနိုင်ခြင်းကို ကြိုဆိုခဲ့ပြီး၊ အီးယူမှ မြန်မာနိုင်ငံသို့ ထားသည့် ပေါ်လစီများအား ပြန်လည်သုံးသပ်သွားမည်ဟုဆိုသည်။[၄၄]
၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တက်ရောက်လာသည့် အစိုးရအကြား ဆွေးနွေးမှုများရှိခဲ့ပြီးနောက်ပိုင်း၊ အစိုးရမှ တောင်းဆိုမှုများကို လိုက်လျောလာခဲ့သည်။ အောက်တိုဘာလတွင် နိုင်ငံရေး အကျဉ်းသား တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး၊ ကုန်သွယ်ရေး အသင်းများ ထူထောင်ခွင့် ပေးခဲ့သည်။ [၄၅][၄၆]
၁၉၉၀ မှ စ၍ ကုလသမဂ္ဂ ကိုယ်စားလှယ် ၈ ယောက်၏ တာဝန်မှာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ နှင့် စစ်အစိုးရအကြား နိုင်ငံရေးပြဿနာများ ပြေလည်တိုးတက်မှုများရှိစေရန် နှင့် မြန်မာနိုင်ငံ၏ အဖြစ်အပျက်များကို လေ့လာရန်ဖြစ်သည်။ ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် သတင်းပို့သူများသည် ၄၇ ကြိမ်တိုင်အောင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။ ကုလသမဂ္ဂ၏ ရာထူး အကြီးဆုံး အထွေထွေအတွင်းရေးမှူးသည်လည်း နှစ်ကြိမ်တိုင်အောင် ရောက်ရှိခဲ့သည်။[၄၇]
စစ်အစိုးရသည် ကုလသမဂ္ဂမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စုံခွင့်တောင်းခြင်းများကို ပယ်ချခဲ့ခြင်း မကြာခဏဖြစ်ခဲ့သည်။
၂၀၁၂ မေလ ၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတွင် အဖွဲ့ချုပ် ခေါင်းဆောင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ အတွင်းရေးမှူးမှ ဒေါ်စုအား “သူဟာ ကျွန်တော်တို့ လူတွေအားလုံရဲ့ လူ့အခွင့်အရေးမျှော်လင့်ချက် အမှတ်အသား တစ်ခုဟု” တင်စားပြောဆိုခဲ့သည်။[၄၈]
အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားစေရန် အားပေးတိုက်တွန်းမှုများ အမြဲပြုလုပ်ပေးခဲ့သည်။ ငွေကြေးဖြင့်ဖြစ်စေ၊ စီးပွားရေးပိတ်ဆို့မှုဖြင့်ဖြစ်စေ၊ သံတမန်ဆက်သွယ်ရေးဖြင့်ဖြစ်စေ နည်းမျိုးစုံနှင့် ဒီမိုကရေစီ လမ်းကြောင်း ပွင့်လင်းစေရန် တွန်းအားပေးခဲ့သည်။ အမေရိကန်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမြဲထောက်ခံပေးလျက်ရှိသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုစဉ်က တရုတ်သံအမတ်ကြီး Cheng Ruisheng သည် NLD ရုံးချုပ်ကို ဂုဏ်ပြုခဲ့သည့် ပထမဆုံး သံတမန်ဖြစ်ခဲ့သည်။[၄၉] တရုတ်ပြည်သူ့သမ္မတနိုင်ငံ အုပ်ချုပ်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှုပ်ရှားမှုများကို အားပေးခြင်းမျိုး မရှိခဲ့ဘဲ၊ စစ်အစိုးရနှင့် ၂၀၁၁ အစိုးရသစ်နှင့်ဆက်ဆံမှုများသာ သမိုင်းတလျှောက်တွင် ရှိခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟို ကော်မီတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ဂမ်း Wang Gang ခေါင်းဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံခြင်းမရှိခဲ့ပေ။[၅၀]
၂၀၁၄ ဧပြီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။[၅၁] ၂၀၁၆ ခုနှစ်မှစ၍ ပါတီ ထိပ်တန်းပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် လူငယ်အဖွဲ့ဝင် များ အပါအဝင် NLD အဖွဲ့ဝင် ၁၀၀ ကျော် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ခရီးစဉ် တလျှောက်တွင် မြန်မာကိုယ်စားလှယ်များက တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ခေါင်းဆောင်မှုပုံစံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးများကို လေ့လာကြသည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တင်းမာမှုများ တိုးပွားလာနေချိန်တွင် တရုတ်နိုင်ငံက NLD နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတခုကို တည်ဆောက်ခဲ့သည်။[၄၉]
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအား မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နယ်တွင် ပြုလုပ်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၉၂၀ (၈၂.၄%) တွင် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တပ်မတော်က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းယူခဲ့ပြီး ပါတီခေါင်းဆောင်များနဲ့ ပါတီဝင်အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကောက်ယူရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ မှတ်တမ်းများအရ လွှတ်တော်ကိုယ်စားလှယ် ၉၀ အပါအဝင် ဖမ်းဆီးခံခဲ့ရသူ ပါတီဝင် ၁၁၆၉ ဦး ရှိခဲ့ပြီး ဖမ်းဆီးထားစဉ်ကာလအတွင် ကွယ်လွန်သူ ၆၇ ဦး ရှိခဲ့သည်။ ထို့အပြင် ပါတီရုံးများအား ဝင်ရောက်ကျူးကျော်မှု ၁၂၀ ကြိမ်နှင့် ပါတီဝင် ၂၇၄ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရသည်။
ခုနှစ် | အနိုင်ရ နေရာ | မဲ | ရာခိုင်နှုန်း | ရလဒ် | မှတ်ချက် | ခေါင်းဆောင် |
---|---|---|---|---|---|---|
၂၀၁၀ | ၀ / ၂၂၄ |
— | — | — | သပိတ်မှောက် | ဒေါ်အောင်ဆန်းစုကြည် |
၂၀၁၂ | ၄ / ၂၂၄ |
— | — | ၄ | အတိုက်အခံ | |
၂၀၁၅ | ၁၃၅ / ၂၂၄ |
— | — | ၁၃၁ | အစိုးရဖွဲ့စည်း | |
၂၀၂၀ | ၁၃၈ / ၂၂၄ |
— | — | ၃ | အသိအမှတ်မပြု | |
ခုနှစ် | အနိုင်ရ နေရာ | မဲ | ရာခိုင်နှုန်း | ရလဒ် | မှတ်ချက် | ခေါင်းဆောင် |
---|---|---|---|---|---|---|
၂၀၁၅ | ၄၇၆ / ၈၅၀ |
— | — | ၄၇၄ | ဒေါ်အောင်ဆန်းစုကြည် | |
၂၀၂၀ | ၅၀၁ / ၈၈၀ |
— | — | ၂၅ | ||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.