From Wikipedia, the free encyclopedia
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ် သည် အမှတ်(၂၇၀)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိသော အစိုးရအထက်တန်းကျောင်းဖြစ်သည်။ ၁၈၇၁ခုနှစ်က အင်္ဂလိပ်အစိုးရတို့တည်ထောင်ပေးခဲ့သောအစိုးရကျောင်း(၆)ကျောင်းအနက် အထက်တန်းအဆင့်ပြည့်မှီသည့် တစ်ခုတည်းသောကျောင်းဖြစ်သည်။[ကိုးကားချက်လိုသည်]
အ.ထ.က (၁) လသာ (စင်ထရယ်) | |||||
---|---|---|---|---|---|
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ လသာမြို့နယ် | |||||
လိပ်စာ | |||||
အမှတ်(၂၇၀) ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် ၊ လသာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး | |||||
သတင်းအချက်အလက် | |||||
အမျိုးအစား | အစိုးရအထက်တန်းကျောင်း | ||||
ဆောင်ပုဒ် | သီလ သမာဓိ ပညာ | ||||
တည်ထောင် | ၁၈၇၁ ခုနှစ် ၊ မတ်လ ၃ ရက် | ||||
ကျောင်းအမှတ် | (၁) | ||||
ကျောင်းအုပ်ကြီး | ဦးခင်မောင်ဝင်း | ||||
အတန်းများ | သူငယ်တန်း မှ ဒွါဒသမတန်း အထိ | ||||
ကျောင်းသား/သူဦးရေ | ၂၀၀၀ ခန့် | ||||
|
အ.ထ.က ၁ လသာ ကျောင်းသည် အင်္ဂလိပ်အစိုးရတို့ အောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးချိန်တွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးတည်ထောင်ဖွင့်လှစ်ပေးသော အစိုးရအထက်တန်းအဆင့်မီကျောင်းတစ်ကျောင်းဖြစ်သည်။ ၁၈၇၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ဤကျောင်းကို ရန်ကုန်အစိုးရအထက်တန်းကျောင်း (Yangon Government High School) အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၈၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအုပ်ကြီးအဖြစ် ပထမဦးဆုံးဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်မှာ Mr.ဂီလ်ဘတ်(Mr.Gilbert) ဖြစ်သည်။ ထို့ပြင် ရန်ကုန်ကောလိပ်ကို ၁၉၀၀ပြည့်နှစ်၌ အထက ၁ လသာတွင် ဦးစွာဖွင့်လှစ်ခဲ့သည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်မှစ၍အချိန်အတော်အကြာထိအမျိုးသားသီးသန့်ကျောင်းဖြစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလမှသာ ကျောင်းသူများပါ တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။
အရှေ့ဆောင်ပုံသဏ္ဌာန်မှာ အင်္ဂလိပ်အက္ခရာ အီး(E) ပုံဖြစ်သည်။ အနောက်ဆောင်ပုံသဏ္ဌာန်မှာ အင်္ဂလိပ်အက္ခရာ စီ(C)ပုံဖြစ်သည်။ သူငယ်တန်း(KG) မှ ဒွါဒသမတန်း(G-12) အထိ ပညာသင်ကြားနိုင်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်တွင် ပင်မနှစ်ထပ်ဆောင်အား “သီဟဆောင်”အဖြစ်လည်းကောင်း၊ လေးထပ်ကျောင်းဆောင်အား “အဓိပတိဆောင်”အဖြစ်လည်းကောင်း အမည်သတ်မှတ်ခဲ့သည်။
ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များလိမ္မာယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းတတ်စေရန်အလို့ဌာ ကျောင်းဝန်းအတွင်း၌ပင် ကျောင်းသားဟောင်းများ၊ စေတနာရှင်အလှူရှင်များ၊ ဆရာ၊ ဆရာမများမှ စုပေါင်းကာတည်ဆောက်ခဲ့သော ဗဟိုစံပြဓမ္မာရုံအား ၂၀၁၃ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
အထက ၁ လသာ ၏ မျက်နှာစာရှိ ပင်မနှစ်ထပ်ကျောင်းဆောင်(သီဟဆောင်)အား ကျောင်းသားဟောင်းဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်မိသားစုဝင်များ၊ ကျောင်းသားဟောင်းများ၊ အလှူရှင်များ မှ စုပေါင်းမတည်ကာ ငွေကျပ်သိန်းလေးထောင်ခန့် အကြီးစားပြုပြင်မွမ်းမံခဲ့ပြီး ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၄ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးထံသို့ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် အထက ၁ လသာ တည်ထောင်စဉ်က ဆောက်လုပ်ခဲ့ပြီး ၁၉၆၃ခုနှစ်တွင်မီးလောင်၍ပျက်စီးသွားသော နဂိုမူလကျောင်းဆောင်နေရာ၌ ကျောင်းသားဟောင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ မတည်ကာ စေတနာရှင်အလှူရှင်များ၊ ကျောင်းသားဟောင်းများမှစုပေါင်း၍ ငွေကျပ်သိန်းပေါင်းတစ်သောင်းခန့်လှူဒါန်းကာ လေးထပ်ကျောင်းဆောင်သစ်(အဓိပတိဆောင်)အားဆောက်လုပ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တနင်္လာနေ့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၁၉၆၅-၁၉၈၅ ခုနှစ် ပညာသင်နှစ် နှင့် ၁၉၈၆ခုနှစ်နောက်ပိုင်းပညာသင်နှစ် တွင်ပညာသင်ကြားခဲ့ကြသော ကျောင်းသားဟောင်းကြီးများအဖွဲ့သည် ကျောင်းတော်ကြီးအား ယခုလက်ရှိတိုင် လိုအပ်သည်များကိုပြုပြင်မွမ်းမံပေးလျက်ရှိသည်။
Seamless Wikipedia browsing. On steroids.