From Wikipedia, the free encyclopedia
ပူရာဏ (ပူရဏ်) ကျမ်း (သို့) စာပေအရ သူရိယမင်းဆက် (သို့) နေမင်းဆက် (အင်္ဂလိပ်: Solar dynasty or the Ikshvaku dynasty) ကို ဒဏ္ဍာရီလာဘုရင် ဣက္ခာကု (Ikshvaku) က တည်ထောင်ခဲ့သည်ဟု ဆိုသည်။[2] ဤမင်းဆက်ကို Sūryavaṁśa (သူရိယဝံသ) ဟူ၍လည်း သိကြပြီး အနက်မှာ "နေမှဆင်းသက်လာသူများ" ဖြစ်သည်။ စန္ဒမင်းဆက် (Lunar dynasty) နှင့်တကွ နေမင်းဆက်သည် ဇာတ်မျိုးနွယ်လေးခုမှ ခတ္တိယမျိုးနွယ် (Kshatriya) ဖြစ်သည်။ ရာမ သည် ဤဣက္ခာကုမင်းဆက် မျိုးရိုးဖြစ်သည်။[5] ဂျိမ်းကျမ်းစာများအရ တိရံတ္တံကရ (ဂျိမ်းဘုရားရှင်) ပေါင်း (၂၄) ဆူမှ (၂၂) ဆူသည် ဤမင်းဆက်အနွယ်များဖြစ်သည်။[4] ရိရှာဘ (Rishabha) သည် ဂျိမ်းဘာသာ၏ ပထမဆုံးဘုရားဖြစ်သည်။ ဗုဒ္ဓကျမ်းစားများအရ ဂေါတမဗုဒ္ဓ သည်လည်း ဤမင်းဆက်မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ မဇ္ဈိမဒေသမှ နောက်ပိုင်းမင်းဆက်များစွာသည်လည်း သူရိယဝံသ နောက်ခံဖြစ်ကြသည်ဟူ၍ ဆိုကြပေသည်။
ဟိန္ဒူ ပူရဏ်ကျမ်းများကျမ်းများတွင် သုဒ္ဓေါဒနမင်း၊ ဂေါတမဗုဒ္ဓနှင့် ရာဟုလာတို့သည် ဤဣက္ခာကု မင်းဆက်နွယ်ဝင်ဟု ဖော်ပြကြသော်လည်း ဗုဒ္ဓဘာသာကျမ်းစာအရ ဣက္ခာကုတို့၏ ဘိုးဘေးသည် မဟာသမ္မတဟူ၍ ပြဆိုကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.