ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ်အမိန့်ကြော်ငြာစာဖြင့်ကြေညာ၍ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကိုသတ်မှတ်ပါသည်။

အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

နောက်ထပ် အချက်အလက်များ နေ့အမည်, ရက်စွဲ ...
နေ့အမည် ရက်စွဲ ကြာချိန် အကြောင်းအရာ
နိုင်ငံတကာနှစ်သစ်ကူးနေ့ ဇန်နဝါရီ ၁ ၁ ရက် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံအများစုအတိုင်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း
လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ၁ ရက် ဗြိတိသျှအင်ပါယာမှလွတ်လပ်ရေးရရှိခြင်း
ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ၁ ရက် ပင်လုံညီလာခံကိုဂုဏ်ပြုခြင်း
တောင်သူလယ်သမားနေ့ မတ် ၂ ၁ ရက် တောင်သူလယ်သမားများအား ဂုဏ်ပြုခြင်း
တပေါင်းလပြည့်နေ့ တပေါင်းလပြည့် ၁ ရက် တပေါင်းပွဲတော်
တော်လှန်ရေးနေ့ မတ် ၂၇ ၁ ရက် ဂျပန်တို့ကိုစတင်တော်လှန်ခဲ့ခြင်း
မြန်မာနှစ်သစ်ကူး (သင်္ကြန်) ရုံးပိတ်ရက်များ ၄ သို့မဟုတ် ၅ ရက် အကြို၊ အကျ၊ အကြတ်၊ အတက် လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့
မေဒေးနေ့ မေ ၁ ၁ ရက် အလုပ်သမားနေ့
ကဆုန်လပြည့်နေ့ ကဆုန်လပြည့် ၁ ရက် ဂေါတမဗုဒ္ဓ ဗျာဒိတ်ရခြင်း၊ ဖွားတော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပရိနိဗ္ဗာန်ပြုခြင်းတို့ဖြစ်ရာနေ့
အာဇာနည်နေ့ ဇူလိုင် ၁၉ ၁ ရက် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရမှုကို အောက်မေ့ခြင်း
ဝါတွင်းသုံးလ စတင်ခြင်း ဝါဆိုလပြည့် ၁ ရက် ဂေါတမဗုဒ္ဓ ပဋိသန္ဓေတည်ခြင်း၊ တောထွတ်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူသည့်နေ့ဖြစ်ခြင်း
သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ်လပြည့်နေ့ ၅ ရက် မီးထွန်းပွဲတော်ကျင်းပသည်။
တန်ဆောင်တိုင်ပိတ်ရက်များ တန်ဆောင်မုန်းလပြည့်နေ့ အထိ ၄ ရက်
အမျိုးသားနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ၁ ရက် တက္ကသိုလ်ကျောင်းသားများ ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ခဲ့ကြခြင်း
ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ ၁ ရက် ယေရှုခရစ်တော်၏မွေးနေ့
အီဒုလ်အဿွဟာနေ့ ကြေညာချက်အလိုက်ပြောင်းလဲနိုင် ၁ ရက်
ဒီပါဝလီနေ့ ကြေညာချက်အလိုက်ပြောင်းလဲနိုင် ၁ ရက် ဟိန္ဒူဘာသာဝင်တို့၏ မီးထွန်းပွဲတော်
ကရင်နှစ်သစ်ကူးနေ့ ပြာသိုလဆန်း ၁ ရက် ၁ ရက်
တရုတ်နှစ်သစ်ကူးနေ့ ကြေညာချက်အလိုက်ပြောင်းလဲနိုင် ၁ ရက် တရုတ်နိုင်ငံ နှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအား ပိုမိုခိုင်မာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ် ကစပြီး သတ်မှတ်ခြင်း[၁]
ပိတ်ရန်

အခြားနေ့ထူးများ

အောက်ဖော်ပြပါနေ့များသည် ရုံးပိတ်အားလပ်ရက်ကဲ့သို့မဟုတ်သော်လည်း နေ့ထူးဖြစ်အသိအမှတ်ပြုခံရသော သို့မဟုတ် ‌ဒေသခံအသိုင်းအဝိုင်းများ၌သာ ကျင်းပကြသော နေ့ရက်များဖြစ်ကြသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.