အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
ဘူးပင်(Calabash) သည် လူတို့ စားသုံးရသော ဟင်းသီးဟင်းရွက်ပင် ဖြစ်၍ ရုက္ခဗေဒအလိုအားဖြင့် လဂျင်နေးရီးယား ဗာလဂါရစ်ဟု ခေါ်သည်။
Calabash | |
---|---|
Green calabash growing on its vine | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Cucurbitales |
မျိုးရင်း: | Cucurbitaceae |
မျိုးဇာတ်: | Benincaseae |
မျိုးစု: | Lagenaria |
မျိုးစိတ်: | L. siceraria |
ဒွိနာမ | |
Lagenaria siceraria | |
Synonyms[1] | |
စာရင်း
|
အပူပိုင်းဒေသ အထူးသဖြင့် အတန်ငယ်ခြောက်သွေ့သော ဒေသတွင် စိုက်ပျိုးကြသည်။ ခြံဝင်းအနည်းငယ်ရှိသော အိမ်ရာများတွင် အိမ်တွင်းဟင်းခင်းအဖြစ် စင်ကလေးများ ထိုး၍ပင် စိုက်ပျိုးလေ့ ရှိကြသည်။
ယင်းသည် နွယ်ပင်ဖြစ်၍ အကိုင်းအရွက်စသည်တို့၌ အမွေးနုကလေးများ ဖုံးနေသည်။ အသီးအနုတွင်လည်း အမွေးနုများ ပါရှိ၍ ရင့်လာသည်နှင့်တပြိုက်နက် အမွေးများ ပါးသွားသည်။ အရွက်သည် လက်ဝါးပုံ ကျယ်ပြန့်၍ နူးညံ့ထူထဲသည်။ အသီးသည် ပုလင်းပုံသဏ္ဌာန် အောက်ပိုင်းကား၍ လည်ဝကျဉ်းသည်။ အချို့ဘူးသီးသည် ပု၍ အချို့သည် ရှည်သည်။ ၂ ပေခန့်အထိ ရှည်သော ဘူးသီး ရှိသည်။ ဘူးပွင့်သည် အဖြူရောင်ဖြစ်၍ အချင်း ၂ လက်မခွဲခန့် ကျယ်သည်။
ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဘူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာတစ်မျိုး ဖြစ်သည်။ ဘူးသီးအသားကို လှီး၍ အခြောက်လှန်းပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြသည်။ ဘူးသီး၊ ဘူးညွန့်၊ ဘူးရွက်တို့၏ အရသာသည် ချိုသည်။ နှုတ်ကို မြန်စေတတ်သည်။ ဓာတုရသကျမ်း အလိုအားဖြင့် ဘူးသီးသည် တောပင့်ကူ၏ အဆိပ်ကိုပင် လျင်စွာပယ်နိုင်သည်ဟု ဆိုသည်။ ဘူးသီးနှင့် ကျေးသား ရောစပ်၍ မစားသင့်ချေ။ အန္တရာယ်ဖြစ်စေတတ်သည်။
၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး | |
---|---|
စွမ်းအင် | ၆၃ kJ (၁၅ kcal) |
3.69 g | |
Dietary fiber | 1.2 g |
အဆီဓာတ် | 0.02 g |
ပရိုတိန်း | 0.6 g |
ဗီတာမင်များ | |
Thiamine (B1) | (3%) 0.029 mg |
Riboflavin (B2) | (2%) 0.022 mg |
Niacin (B3) | (3%) 0.39 mg |
Pantothenic acid (B5) | (3%) 0.144 mg |
ဗီတာမင် ဘီ6 | (3%) 0.038 mg |
Folate (B9) | (1%) 4 μg |
ဗီတာမင် စီ | (10%) 8.5 mg |
သတ္တုဓာတ်များ | |
ကယ်လဆီယမ် | (2%) 24 mg |
သံဓါတ် | (2%) 0.25 mg |
မဂ္ဂနီစီယမ် | (3%) 11 mg |
မက်ဂနိစ် | (3%) 0.066 mg |
ဖော့စဖရပ် | (2%) 13 mg |
ပိုတက်ဆီယမ် | (4%) 170 mg |
ဆိုဒီယမ် | (0%) 2 mg |
သွပ် | (7%) 0.7 mg |
အခြားပါဝင်ပစ္စည်း | |
ရေ | 95 g |
| |
Percentages are roughly approximated using US recommendations for adults. ရင်းမြစ်: USDA Nutrient Database |
ပြုတ်ထားသော ဘူးသီးတွင် ရေ ၉၅%၊ ကာဗိုဟိုက်ဒရိတ် ၄%၊ ပရိုတင်း ၁% နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်သည်။ ချက်ပြုတ်ထားသော ဘူးသီး ၁၀၀ ဂရမ် (၃.၅ အောင်စ) တွင် ဗီတာမင်စီ အလယ်အလတ်ပမာဏ (နေ့စဉ်တန်ဖိုး၏ ၁၀%) ကို ပေးစွမ်းပြီး အခြားသော သေးငယ်သည့် အာဟာရဓာတ်များ သိသိသာသာ ပါဝင်မှုမရှိပေ။
ဘူးသီးရင့်ရင့်ကို အတွင်းမှ အသားများ ခြစ်ထုတ်၍ ဘူးတောင်ခွံချည်း ကျန်သည့်အခါ အခြောက်လှန်းကာ ရေ၊ ထန်းရည် ထည့်၍ သယ်ယူရန် အသုံးပြုကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.