From Wikipedia, the free encyclopedia
ကြယ်ပုညို ဆိုသည်မှာ ဂျူပီတာဂြိုဟ်အရွယ်အစားထက် ပိုကြီးကာ အသေးဆုံးကြယ်ထက် ပိုသေးပြီး ယင်းတို့ကြားရှိ နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခုဟု ဆိုနိုင်သည်။[1] ယင်းတို့အား ကြယ်ဟု မခေါ်ဆိုနိုင်သကဲ့သို့ ဂြိုဟ်ဟုလည်း မသတ်မှတ်နိုင်ပေ။ ကြယ်ပုညိုများသည် သာမန်ကြယ်များကဲ့သို့ ဟိုက်ဒရိုဂျင်-၁ ဖျူးရှင်းအား မလောင်ကျွမ်းစေနိုင်ပေ။ ကြယ်များအား အမျိုးအစားအဖြစ် စတီလာပုံစံဖြင့် ခွဲခြားပြီး ဂြိုဟ်များအား M, L, T, Y စသည်ဖြင့် ခွဲခြားသည်။[2][3] ကြယ်ပုညိုဟု အမည်နာမ တပ်ခေါ်ကြသော်လည်း ယင်းတို့၏အရောင်သည် ကွဲပြားကြသည်။[2] ကြယ်ပုညိုများ၏အရောင်သည် လူသားတို့မျက်လုံးတွင် လိမ္မော်ရောင်/အဝါရောင် ဖြစ်နိုင်သည်။[4] ကြယ်ပုညိုများသည် မြင်နိုင်သောလှိုင်းအလျားထဲတွင် များစွာတောက်ပခြင်း မရှိကြပေ။ ကြယ်ပုညိုကဲ့သို့သော အရာဝတ္ထုများအားလှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသေးသည်။ အလင်းနှစ် ၆.၅ အကွာတွင် တည်ရှိသော Luhman 16 သည် ၂ဝ၁၃ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် ကြယ်ပုညိုတစ်စင်းဖြစ်သည်။ ကြယ်ပုညိုတို့၏ အရွယ်အစား အစရှိသည်တို့အား အခြေခံကာ များစွာသောအမျိုးအစားအဖြစ် ထပ်မံကွဲပြားသေးသည်။ ကြယ်ပုညိုအနီးအနားတွင် လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်များတွင် သက်ရှိများရှင်သန်ရန်မူ မလွယ်ကူပေ။[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.