ကျောက်ဖြူမြို့
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကျောက်ဖြူမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တွင် တည်ရှိသည်။ ကျောက်ဖြူခရိုင်နှင့် ကျောက်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရခိုင်ပြည်နယ်၏ ဒုတိယမြို့တော်လည်းဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက် ကမ်းခြေအနီး ပင်လယ်ပြင်တွင် တည်ရှိသော ရမ်းဗြဲကျွန်း၏ မြောက်ဘက်အစွန်း သံစစ်မြစ်ဝ၌ တည်ရှိသည်။ ရန်ကုန်မြို့မှ အနောက်မြောက်ဘက် မိုင် ၂၅ဝ (ကီလိုမီတာ ၄၀၀) အကွာတွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့နှင့် ရန်ကုန်မြို့တို့အကြား ဆန်စပါးကုန်သွယ်ရာ သဘာဝအလျောက် တည်ရှိသော ပင်လယ်ဆိပ်ကမ်း တည်ရှိသည်။ ခရစ်သက္ကရာဇ် ၁၉၈၃ ခုနှစ် စစ်တမ်းအရ ခန့်မှန်း လူဦးရေ ၁၉,၄၅၆ ဦး ရှိသည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.၂၂ ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၄၁ ယောက် ရှိသည်။
ကျောက်ဖြူမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 19°25′N 93°33′E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ရခိုင် |
ခရိုင် | ကျောက်ဖြူ |
မြို့နယ်ရုံးစိုက်ရာမြို့ | ကျောက်ဖြူမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ရှေးအခါက ရခိုင်ပြည်၌ မထင်ရှားသော တံငါရွာကလေးမျှသာ ဖြစ်ခဲ့၏။ ကျောက်ဖြူမြို့ကို ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နေရာတွင် စစ်တပ်များ ချထားခဲ့၏။ ထိုအခါ ကျောက်ဖြူမြို့နယ်မြေသည် စစ်တွေ၊ သံတွဲနှင့် ရမ်းဗြဲခရိုင်များအတွင်းသို့ ကျရောက်ခဲ့၍ အမ်းမြို့မှာ ခရိုင်ဌာနချုပ် ရုံးစိုက်ရာမြို့ မညီညွတ်ခြင်း၊ ပင်လယ်ကမ်းခြေနှင့် ဝေးခြင်းတို့ကြောင့် ယခင်စစ်တပ်များ ချထား ခဲ့ဘူးသော ကျောက်ဖြူမြို့သို့ ၁၈၃၈ ခုနှစ်တွင် ရွေ့ပြောင်းရုံးစိုက်ခဲ့၏။ ရမ်းဗြဲခရိုင်နှင့် အမ်းခရိုင်တို့ကိုလည်း ပေါင်း၍ ကျောက်ဖြူခရိုင်ဟု သတ်မှတ်ခဲ့လေသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ဝ ကျော် ပါဝင်သည်။
လက်ရှိ ကျောက်ဖြူမြို့မှ ၇ မိုင်ခန့် ကွာဝေးသော အုန်းတောရွာ အနီးတွင် ကျောက်ဖြူရွာဟောင်း တည်ရှိခဲ့ပြီး၊ ကြီးမားသော အဖြူရောင် ကျောက်တုံးကြီး နှစ်တုံးကို (ပေ ၇၀-ခန့် မြင့်သည်။) အစွဲပြု၍ ကျောက်ဖြူဟု အမည်တွင်ခြင်း ဖြစ်သည်။ ထို ၁၈၅၂ တွင် ခရိုင်မြို့အဆင့် တိုးမြှင့်ခံရပြီး၊ ၁၉၇၄ ခုနှစ် အထိ ခရိုင်မြို့ဖြစ်ခဲ့သည်။ ၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ခရိုင်မြို့များ အားလုံးကို ဖျက်သိမ်းလိုက်သောအခါ ကျောက်ဖြူသည် ၁၉၇၄ မှ ၁၉၈၈ အထိ ရခိုင်ပြည်နယ်၏ မြို့နယ် တစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၈၈ တွင် ကျောက်ဖြူ မြို့နယ်စု ဖြစ်လာပြီး၊ နောင်တွင် ကျောက်ဖြူခရိုင် ပြန်ဖြစ်လာသည်။
ယခုအခါ ကျောက်ဖြူမြို့မှာ ခရိုင်ရုံးစိုက်ရာ စည်ကားသောမြို့ကြီး ဖြစ်လာရုံမျှမက သင်္ဘောဆိပ်မြို့လည်း ဖြစ်လာ၍ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်ကြ၏။ မြို့ပေါ်တွင် ခရိုင်ဌာနချုပ် ရုံးများအပြင် ဆေးရုံ၊ ရဲဌာန၊ စာပို့တိုက်၊ စာသင်ကျောင်းနှင့် ဈေးများရှိကြ၏။ မြို့စည်ပင်ရေးကို ၁၈၈၅ ခုနှစ်မှ စ၍ မြူနီစီပယ်အဖွဲ့က စီမံအုပ်ချုပ်လာခဲ့၏။ [1]
၁၉၅၃ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ကျောက်ဖြူမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ကျောက်ဖြူဥပစာကောလိပ် ကို ၁၉၅၄ တွင် ဖွင့်လှစ်သည်။ ဤဥပစာ ကောလိပ်ကျောင်းတွင် အထွေထွေဝိဇ္ဇာ ပညာရပ်များကို ပါ သင်ကြားပို့ချခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်သည် ကျောက်ဖြူဥပစာကောလိပ်ဖြင့် သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ် သမိုင်းမှတ်တမ်းများက ပြဆိုသည်။ ဆရာဖြစ်သင်ကောလိပ်သည် ယခုအခါ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ် အဖြစ်တည်ရှိပြီး၊ ပညာရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချလျက် ရှိသည်။
ကျောက်ဖြူအစိုးရစက်မှုလက်မှုသိပ္ပံအား ၂၀၂၂ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ အင်ဂျင်နီယာနည်းပညာဘွဲ့ (B.Tech) ပေးအပ်မည့် သင်တန်းများကို စတင်သင်ကြားပေးခဲ့သည်။၂၀၂၃ခုနှစ်၊မေလတွင် အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)ကို နည်းပညာတက္ကသိုလ် (ကျောက်ဖြူ) အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့သည်။[2]
၁။ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး(ကုတင်နှစ်ရာဆံ့ဆေးရုံ
၂။Grand Healthcare Hosြိ့သြသိ့pital
မြို့မအားကစားကွင်း ၊ကျောက်ဖြူ တည်ရှိပြီး ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲနှင့်[3] အခြားသောအားကစားပွဲများ ကျင်းပသည်။ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ရက်နေ့တွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်ပ ခဲသည်။[4]
ထိုမိုးလုံလေလုံခန်းမ၌ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဘောလုံး၊ မြန်မာ့ရိုးရာခြင်း၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ပြေးခုန်ပစ် စသည့် အားကစားသင်တန်းများကို ရက်အကန်သတ်ဖြစ် အခမဲ့ဖွင့်လှစ် ခဲသည်။[5]
ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ကုန်းလမ်းနှင့် လေယာဉ်လမ်းများဖြင့် ဆက်သွယ်လျက် ရှိသည်။ ကျောက်ဖြူလေဆိပ်တွင် မြန်မာ့လေကြောင်းလိုင်းမှ စစ်တွေ၊ သံတွဲ၊ ရန်ကုန် ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲပေလျက် ရှိသည်။
ကျောက်ဖြူမြို့မှ ၁၆ မိုင်ကွာဝေးသည့် မင်းပြင် အရပ်တွင် မိုးလေဝသ တိုင်းထွာရေး ရေဒါစခန်း တစ်ခုကို ဆောက်လုပ်ထားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေဒါ စခန်းဖြစ်သည်။ ဇင်ချောင်းကမ်းခြေသည် လှပသော ပင်လယ် ကမ်းခြေဖြစ်သည်။ ကျောက်ဖြူမြို့အနီးရှိ ပွိုင့်ကမ်းခြေသည် ထင်ရှားသည်။
ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ စိုင်ချုံရွာအနီးတွင် နဂါးပွက်တောင် ခေါ် ရွံ့မီးတောင် ရှိသည်။
ဝေသာလီခေတ် လက်ရာများဖြစ်သည့် ကံ့ကော်တောဘုရား ရုပ်ပွားတော်နှစ်ဆူမှာ ကျောက်ဖြူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရားဖြစ်သည်။ ကျောက်တစ်လုံးဘုရားမှာ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီးက စတင် တည်ထားခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ကျောက်ဆောင် တစ်ခုလုံးကို လှိုဏ်ပတ်လမ်းများဖြင့် ဂူများထွင်းကာ ဘုရားရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။ စုစုပေါင်း ဂူပေါက် ၅၅ ပေါက်ရှိသည်။ စေတီတောင် ရွှေသာလျောင်းဘုရား၊ စေတီယျတောင်ဘုရားနှင့် သာသနာ ၂၅၀ဝ စေတီတို့မှာ ထင်ရှားသည်။ စေတီတောင်ဘုရား၊ ကျောက်တစ်လုံးဘုရားနှင့် ကံ့ကော်တောဘုရားပွဲတော်များကို တန်ခူးလအတွင်းတွင် ကျင်းပလေ့ရှိ ကြသည်။ ကံ့ကော်တောဘုရားပွဲတော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ ထိုပွဲတော်ကို ကျောက်ဖြူခရိုင်ရှိ မြို့များပါ လာရောက် လေ့ရှိသည်။
မြို့၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ ကညင်တောရပ်ကွက် အနီးရှိ စေတီတောင်ပေါ်တွင် လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူ ရှိသည်။ မြို့၏အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ ဂုံးချွိန်ရွာသို့ သွားရာလမ်းခရီး၌ ကျောက်တစ်လုံးဘုရား တည်ရှိသည်။ ဤဘုရားမှာ ကြီးမားသော ကျောက်တုံးကြီး တစ်ခုကို ဘုံဆောင်ပြာသာဒ်လိုဏ်ဂူနှင့် ရုပ်တုတော်များပါ အပြီးဖြစ်မြောက်အောင် ထုလုပ်မွန်းမံထားခြင်း ဖြစ်သည်။ လိုဏ်ဂူတော်နှင့်တကွ ဘုရားရုပ်တုတော်များ၊ ပန်းဆိုင်းများ၊ ဘီလူးရုပ်၊ နတ်ရုပ် စသောအရုပ်ဟန်ပန် တို့သည် ရှေးရခိုင်များ၏ ဗိသုကာပညာနှင့် ကျောက်ဆစ်ပညာများကို သရုပ်ဖော်ပြလျက်ရှိသည်။ ကျောက်တစ်လုံးဘုရား၏ တောင်ဘက် ၂ မိုင်ခန့်အကွာ ကံကော်တောအရပ်တွင် ကံကော်တောဘုရားဟု ထင်ရှားသော ရုပ်တုတော်တစ်ဆူ ရှိသည်။ ထိုရုပ်တုတော်ကို ပင်လယ်ထဲမှ ပင့်ဆောင်ရရှိခဲ့သောကြောင့် ပေါ်တော်မူဘုရားဟု ခေါ်ဝေါ်သမုတ်ကာ ကိုးကွယ်ကြသည်။
== ကျောက်ဖြူမြို့မှ ထင်ရှားသော ပုဂ္ဂိုလ်များ= = ==ရခိုင့်တပ်တော်( ဒု )စစ်ဦးချုပ်ဒေါက်တာ ( ညိုထွန်းအောင်#
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.