![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/my/thumb/6/64/Windows_XP_Luna.png/640px-Windows_XP_Luna.png&w=640&q=50)
Windows XP
From Wikipedia, the free encyclopedia
Windows XP (stylized as Windowsxp; codenamed Whistler)[5] သည် မိုက်ခရိုဆော့၏ ကွန်ပျူတာ မောင်းနှင်ရေးစနစ်ဖြစ်ပြီး Windows NT ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဩဂုတ်လတွင် တွင် စတင်ဖြန့်ချိခဲ့ပြီး ၂၀၀၁ အောက်တိုဘာလတွင် ဈေးကွက်တွင် ရောင်းချခဲ့သည်။
Windows NT စက်မောင်းစနစ်၏ ဗားရှင်းတစ်ခု | |
![]() | |
![]() Screenshot of Windows XP, showing the start menu and the "My Computer" window. | |
ဖန်တီးသူ | Microsoft |
---|---|
ရင်းမြစ်အမျိုးအစား | Closed source, shared source[1] |
အသုံးပြုသူထံသို့ ဖြန့်ချီခြင်း | ဩဂုတ် ၂၄၊ ၂၀၀၁; ၂၂ နှစ် အကြာက (၂၀၀၁-၀၈-24) |
ရရှိနိုင်မှု | အောက်တိုဘာ ၂၅၊ ၂၀၀၁; ၂၂ နှစ် အကြာက (၂၀၀၁-၁၀-25)[2] |
နောက်ဆုံးဖြန့်ချီခြင်း | Service Pack 3 (5.1.2600) / ဧပြီ ၂၁၊ ၂၀၀၈; ၁၆ နှစ် အကြာက (၂၀၀၈-၀၄-21)[3] |
အဆင့်မြှင့်တင်မှုနည်းလမ်း | Windows Update Windows Server Update Services (WSUS) System Center Configuration Manager (SCCM) |
ပလက်ဖောင်းများ | IA-32, x86-64 and Itanium |
ကာနဲလ် အမျိုးအစား | Hybrid |
လိုင်စင် | Trialware, volume licensing, SaaS |
ယခင်အမျိုးအစား | Windows 2000 (2000) and Windows ME (2000) |
နောက်ထွက်အမျိုးအစား | Windows Vista (၂၀၀၇) |
ဝက်ဘ်ဆိုဒ် | windows.microsoft.com at the Wayback Machine (archived ဇူလိုင် ၉, ၂၀၁၃) |
အထောက်အပံ့ပေးမှု အခြေအနေ | |
|
Windows XP သည် ယခင် Windows 9x စီးရီး၏ အဆင့်မြင့် os ဗာရှင်းတစ်ခုဖြစ်ကာ လုံခြုံရေး၊ စွမ်းဆောင်ရည်များ ပါဝင်လာခဲ့သည်။ [6] graphical user interface အား ဒီဇိုင်းပြန်လည်မွမ်းမံခဲ့ပြီး ဉာဏ ချိုးဖောက်မှုအား လျှောချရန် Microsoft Product Activation အား ပထမဆုံး အသုံးပြုသည့် ဝင်းဒိုးဗားရှင်းဖြစ်သည်။ ယင်း os အား release လုပ်ခဲ့ချိန်တွင် Windows ME နှင့်ယှဉ်လျင် အသုံးပြုသူများထံမှ အပေါင်းလက္ခဏာဆန်သော မှတ်ချက်များ သိသိသာသာ လက်ခံရရှိခဲ့သည်။[7] ခန့်မှန်းချက်အရ ပထမ ၅ နှစ်ကာလအတွင်း ကမ္ဘာအနှံ့ ကော်ပီပေါင်း ၄၀၀ မီလီယန် ရောင်းချခဲ့ရသည်ဟုဆိုသည်။[8][9] ၂၀၁၄ တွင် ကော်ပီပေါင်း အနည်းဆုံး ၁ ဘီလီယံ ရောင်းချခဲ့ရသည်။[10] Windows Vista ထွက်လာပြီးနောက်တွင်လည်း Windows XP သည် လူကြိုက်များသည့် OS တစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၁ နှစ်အကုန်ရောက်မှသာ Windows 7 ၏ စုစုပေါင်း ဈေးကွက် ရောင်းအားကြောင့် ကျော်ဖြတ်ခံရသည်။[11] Windows XP ၏ ထပ်တိုးနှစ်ကာလသည် ၂၀၁၄ April လတွင် ကုန်ဆုံးခဲ့သည်။ သို့သော် Windows 7 Windows 8.1 Windows 10 ပြီးလျင် တရုတ်နိုင်ငံကဲ့သို့ အချို့သောနိုင်ငံများတွင် ၄ ခုမြောက် လူကြိုက်အများဆုံး OS အဖြစ် ရပ်တည်နေဆဲဖြစ်ကာ[12] မြောက်ကိုရီးယားတွင် ပိုများပြီး[13][14])အိန္ဒိယတွင် ၆.၂၅% ရှိသည်။[15]