From Wikipedia, the free encyclopedia
Makita Corporation (တမ်းပလိတ်:Tyo) သည် စက်ကိရိယာများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၁၉၁၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၊ Anjō တွင် အခြေစိုက်သည်။ ဘရာဇီး၊ တရုတ်၊ ဂျပန်၊ မက္ကဆီကို၊ ရိုမေးနီးယား၊ ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီ၊ ဒူဘိုင်း၊ ထိုင်းနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် စက်ရုံများ တည်ထောင်ထားသည်။ ၂၀၁၂ ခုနှစ်တွင် နှစ်စဉ် ရောင်းချရမှုမှာ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံထိ ရှိခဲ့သည်။[1][2]
အမျိုးအစား | Public K.K. |
---|---|
လုပ်ငန်း | Power tools |
ဌာနချုပ် | , ဂျပန်နိုင်ငံ |
ဝန်ဆောင်မှု ဧရိယာ | Worldwide |
အရေးပါ ပုဂ္ဂိုလ်များ |
|
အလုပ်သမားဦးရေ | ၁၃,၈၄၅ (၂၀၁၅) |
ဝက်ဘ်ဆိုက် | makita.co.jp |
Mosaburo Makita သည် Makita Electric Works ကို ၁၉၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် Aichi စီရင်စုရှိ နာဂိုယာမြို့၌တည်ထောင်ခဲ့သည်။ ပထမကမ္ဘာစစ်ကာလတစ်လျှောက် စီးပွားရေးတိုးတက်မှုကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်မှုကြီးထွားလာခြင်းအချိန်ဖြစ်သည်။ ကုမ္ပဏီသည် ပထမဦးဆုံးအဖြစ် အလင်းရောင်သုံးစက်ကိရိယာများ၊ မော်တာများနှင့်ထရန်စဖော်မာများကိုရောင်းချခြင်း နှင့် ပြုပြင်ခြင်းပြုလုပ်သောစက်ရုံငယ်လေးဖြစ်ပြီးအဖွဲ့ဝင် လေး ဦး သာရှိခဲ့သည်။
၁၉၃၅ ခုနှစ်တွင် ပထမ ဦး ဆုံးလျှပ်စစ်မီးစက်နှင့်မော်တာများကိုဆိုဗီယက်ယူနီယံသို့တင်ပို့ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် Makita Electric Works, Inc. ကိုတည်ထောင်ခဲ့သည်။ ထိုအချိန်ကကုမ္ပဏီတွင်မတည်ငွေရင်း ယန်း ၁၈၀,၀၀၀၊ စုစုပေါင်းရှယ်ယာ ၃,၆၀၀ နှင့် ၀ န်ထမ်း ၉၄ ဦး ရှိသည်။
၁၉၄၅ ခုနှစ်တွင် လေကြောင်းစီးနင်းမှုကိုရှောင်ရှားရန်အတွက် Anjo-City, Sumiyoshi-Cho (လက်ရှိရုံးချုပ်ရှိရာမြို့) သို့စက်ရုံပြောင်းရွှေ့ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ပထမ ဆုံးထုတ်ကုန်တစ်ခုဖြစ်သည့် လက်ကိုင်ရွေဘော်စက်များကိုစတင်ထုတ်လုပ်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် Power Tool Manufacturer အဖြစ်သို့စတင်အသွင်းပြောင်းပြီး လက်ကိုင်ရွေဘော်စက်များကို Australia နိုင်ငံသို့စ၍တင်ပို့ခဲ့သည်။
၁၉၆၉ ခုနှစ်တွင် 6500D Cordless Drill ပထမဦးဆုံး အားပြန်သွင်းနိုင်သော ဘယ်ထရီစွမ်းအင်သုံး ဖောက်စက်ကိုစတင်တီထွင်ခဲ့သည်။
၁၉၇၀ ခုနှစ်တွင် Makita U.S.A Inc အဖြစ် အမေရိကားတွင် စတင်တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာနိုင်ငံအတော်များများတွင် စက်ရုံများ ကုမ္ပဏီများဖွင့်လှစ်ခဲ့သည်။ Makita Thiland Manufacturer စက်ရုံကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Makita Corporation ၏ နောက်ဆုံး တည်ထောင်သောစက်ရုံတစ်ရုံဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.