Kiss (band)
From Wikipedia, the free encyclopedia
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
ကစ် (တီးဝိုင်း) သည်အမေရိကန်ပြည်ထောင်စုတွင် တည်ထောင်ခဲ့သော အမေရိကန် ဟဲဗီးမယ်တယ်၊ ဟာ့ဒ်ရော့ခ် တီးဝိုင်းတစ်ခုဖြစ်သည်။ ၎င်းကို ၁၉၇၃ ခုနှစ်နယူးရော့မြို့တွင် ဖွဲ့စည်းခဲ့ကြသည်။ မူလအဖွဲ့ဝင်များမှာ -ဂျန်စင်မင်စ်၊ ပရယ်စတန်းနလီ၊ ပီတာ ခရက်စ် နှင့် အေ့စ်ဖရဲလီ (Gene Simmons, Paul Stanley, Peter Criss, Ace Frehley) တို့ဖြစ်ကြသည်။ ၎င်းတို့သည် "Rock and Roll All Nite" (၁၉၇၅), "Strutter" (၁၉၇၄) and "Detroit Rock City" (၁၉၇၆) အစရှိသည့်သီချင်းများအား စင်မြင့်ဖျော်ဖြေမှုများဖြင့် ကျော်ကြားခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ ဂြိုဟ်သားဆန်ဆန် ဝတ်စားဆင်ယဉ်မှုမှာလည်း လူအများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော ပုံစံများဖြစ်သည်။ ၎င်းတို့၏ သီချင်းဗွီဒီယိုများအား ယူကျု(ဘ်)(youtube)ဝက်ဆိုဒ်တွင် လွှင့်တင်ပေးထား၍ သီချင်းတစ်ပုဒ် ပျမ်းမျှကြည်ရှုသည့် ကြိမ်ရေမှာ ၈ သန်းခန့်ရှိလေသည်။