ဖေ့စ်ဘွတ်ခ်
လူမှုကွန်ယက် / From Wikipedia, the free encyclopedia
ဖေ့စ်ဘွတ်ခ် (အင်္ဂလိပ်: Facebook)သည် ၂၀၀၄ ခုနှစ်တွင် အင်တာနက်၌ စတင်လွှင့်တင်ခဲ့သည့် လူမှုဆက်ဆံရေးအင်တာနက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မယ်လိုပက်ခ် တွင် တည်ရှိသည်။ ဖေ့စ်ဘွတ်ခ်ကို ဟားဘတ်တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော မာ့ခ် ဇက်ကာဘာ့ဂ်နှင့် အက်ဇူရို ဆာဖရင်း၊ အန်ဒရူး မတ်ခ်ကော်လန်၊ ဒတ်စတင်း မော့စကိုဗစ် နှင့် ခရစ်ဟျူးစ် တို့ ပူးပေါင်းတည်ထောင်ခဲ့သည်။[8][9][10] ဖေ့ခ်ဘွတ်ခ် စတင်တင်ချင်းတွင် ဟားဗတ် တက္ကသိုလ် အတွင်းမှာသာ သီးသန့်အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခုဖြစ်ခဲ့သည်။ ထိုမှ အခြား တက္ကသိုလ်များသို့ တိုးချဲ့ကာ ၂၀၀၆ ခုနှစ်တွင် အသက် (၁၃) နှစ် ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။
ဝဘ်ဆိုဒ် အမျိုးအစား | လူမှုရေးကွန်ယက် |
---|---|
ဖတ်ရှုရရှိနိုင်မှု | ဘာသာစကားစုံ (၁၄၀) |
ကိုဩဒိနိတ် | 37.4848°N 122.1484°W / 37.4848; -122.1484 |
ဝန်ဆောင်မှု ဧရိယာ | အမေရိကန် (၂၀၀၄–လက်ရှိ) ကမ္ဘာတလွှား (၂၀၀၅–လက်ရှိ) |
ပိုင်ဆိုင်သူ | Facebook, Inc. |
တည်ထောင်သူများ | မာ့ခ် ဇက်ကာဘာ့ဂ် Eduardo Saverin |
စီအီးအို | မာ့ခ် ဇက်ကာဘာ့ဂ် |
ဝဘ်ဆိုဒ် | |
Alexa အဆင့် | ၅ (ဒီဇင်ဘာ ၂၀၁၉)[1] |
မှတ်ပုံတင်ခြင်း | လိုအပ် |
အသုံးပြုသူ | လစဉ်အသုံးပြုသူ ၂.၄၅ ဘီလီယံ (စက်တင်ဘာ ၂၀၁၉[2] |
လွှင့်တင်ခြင်း | ဖေဖော်ဝါရီ ၄၊ ၂၀၀၄; ၂၀ နှစ် အကြာက (၂၀၀၄-၀၂-04) |
လက်ရှိ အခြေအနေ | သက်ဝင်နေဆဲ |
အသုံးပြုထားသည့် ပရိုဂရမ်းမင်း | C++, PHP (as HHVM), D |
[3][4][5][6][7] |
အသုံးပြုသူများသည် ကိုယ်ရေးအချက်အလက်များကို ဖော်ပြနိုင်သည်။ နှစ်သက်ရာဓာတ်ပုံများကို တင်ကာ အခြားသူများနှင့် ဝေမျှနိုင်သည်။ အခြားအသုံးပြုသူများကို မိတ်ဆွေစာရင်းတွင် ပေါင်းထည့်နိုင်သည်။ သတင်း အချက်အလက်များကို ဖလှယ်နိုင်သည်။ အသုံးပြုသူများသည်လည်း ကျောင်းအလိုက်၊ လုပ်ငန်းအလိုက် စသည်ဖြင့် ဝါသနာတူရာ စိတ်ဝင်စားမှုတူရာ အဖွဲ့အစည်းများတွင် ပါဝင်နိုင်သည်။ ကမ္ဘာတဝန်းတွင် ဖေ့စ်ဘွတ်ခ်ကို လစဉ်အသုံးပြုသူဦးရေမှာ ၂၀၁၅ ဇူလိုင် စာရင်းများအရ ပျမ်းမျှ သန်း ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံး အကြိမ် ပြင်ပသို့ စတော့ရှယ်ယာများ ကို ၃လ ကြာ ထုတ်ရောင်းချခဲ့သည်။ ဖေ့ခ်ဘုတ်သည် တိုးတက်မှု အမြန်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။[11]