![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/bd/Microsoft_Cortana.svg/langmy-640px-Microsoft_Cortana.svg.png&w=640&q=50)
Cortana
From Wikipedia, the free encyclopedia
Cortana သည် Intelligent Personal Assistant (IPA) ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ မိုက်ခရိုဆော့ဖ်မှ ဖန်တီးထားပြီး မိုက်ခရိုဆော့ဖ်ဝင်းဒိုး ၁၀၊ ဝင်းဒိုး ၁၀ မိုဘိုင်းဖုန်းများ၊ ဝင်းဒိုးဖုန်း ၈.၁ (ယခု Bing Mobile ဖြင့်အစားထိုးထား)[4] ၊ မိုက်ခရိုဆော့ဖ် Band, Xbox One[5][6], iOS နှင့် အန်းဒရိုက်[7]တို့တွင် အသုံးပြုထားသည်။
![]() ![]() | |
Cortana on Windows 10 | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Microsoft |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | ဧပြီ ၂၊ ၂၀၁၄; ၁၀ နှစ် အကြာက (၂၀၁၄-၀၄-02)[1] |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Windows, iOS, Android, Xbox OS |
ပလက်ဖောင်း |
|
ရရှိနိုင်သော ဘာသာစကား |
|
ဆော့ဖ်ဝဲလ် အမျိုးအစား | Intelligent personal assistant |
လိုင်စင် | Proprietary |
ဝက်ဘ်ဆိုဒ် | microsoft.com/en-us/windows/cortana |
Cortana သည် ကီးဘုတ်မှစေခိုင်းမှုမပါဘဲ အသံများကို မှတ်ထားနိုင်ခြင်း၊ နှိုးဆော်သတိပေးမှုများ ထားနိုင်သည်။ ထို့ပြင် Bing (ဘင်း) ရှာဖွေမှုစနစ်မှ အချက်အလက်များကို အသုံးပြုကာ မေးခွန်းများကို ဖြေကြားပေးနိုင်သည်။
Cortana သည် လက်ရှိအချိန်တွင် ဆော့ဖ်ဝဲ၏ အမျိုးအစားနှင့် နေရာဒေသကိုမူတည်၍ အင်္ဂလိပ်၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ဂျပန် ဘာသာစကားများ ဖြင့် အသုံးပြုနိုင်သည်။ Cortana သည် အဂိကအားဖြင့် လက်ထောက်အကူအညီ (assistant) ဆော့ဖ်ဝဲများဖြစ်သည့် Apple's Siri, Google's Google Assistant, Samsung's Bixby, and Amazon's Alexa ကို ယှဉ်ပြိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။