Adobe Acrobat
From Wikipedia, the free encyclopedia
Adobe Acrobatသည် Adobe Inc မှ ထုတ်လုပ်ဖြန့်ချိသည့် အသုံးချဆော့ဝဲနှင့် ဝဘ်ဝန်ဆောင်မှုများအစု ဖြစ်သည်။ ၎င်းသည် PDF ဖိုင်များကို ကြည့်ရှုခြင်း၊ ဖန်တီးခြင်း၊ ပြင်ဆင်ခြင်း၊ ပရင့်ထုတ်ခြင်းနှင့် ဖိုင်များကို ထိန်းချုပ်ခြင်း စသည်များကို လုပ်ဆောင်ပေးသည်။[4]
Adobe Acrobat Pro DC running on Windows 10. Other editions of Acrobat DC (Standard and Reader) feature a similar interface. | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Adobe Inc. |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | ဇွန် ၁၅၊ ၁၉၉၃; ၃၁ နှစ် အကြာက (၁၉၉၃-၀၆-15) |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Windows, macOS, Linux,[1] Android, iOS, BlackBerry Tablet OS, BlackBerry 10, Windows Phone |
ဆိုဒ် | |
ဆော့ဖ်ဝဲလ် အမျိုးအစား | Desktop publishing |
လိုင်စင် | Proprietary
|
ဝက်ဘ်ဆိုဒ် |
ဤဆော့ဝဲအစုတွင် Acrobat Reader (ယခင် Reader), Acrobat (ယခင် Exchange) and Acrobat.com တို့ ပါဝင်ကြသည်။ Acrobat Reader သည် စားပွဲတင်ကွန်ပျူတာများနှင့် မိုဘိုင်းပလက်ဖောင်းများစွာတို့တွင် Freeware အနေဖြင့် ရရှိနိုင်သည်။ Acrobat Reader သည် PDF ဖိုင်များကို ကြည့်ရှုခြင်း၊ ပရင့်ထုတ်ခြင်း၊ မှတ်ချက်များထည့်သွင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။[5] ထို့အပြင် ပရီမီယံ ဝန်ဆောင်မှုများကိုလည်း အသုံးပြုသူသည် အခပေးဆောင်ကာ အသုံးပြုနိုင်သည်။ စီးပွားဖြစ်ထုတ်ဝေထားသည့် Acrobat ဆော့ဝဲကို မိုက်ခရိုဆော့ဝင်းဒိုး၊ macOS တို့တွင် ရရှိနိုင်ပြီး ၎င်းသည် PDF ဖိုင်များကို ဖန်တီးခြင်း၊ တည်းဖြတ်ခြင်း၊ ပြောင်းလဲခြင်း၊ ဒီဂျစ်တယ်နည်းဖြင့် လက်မှတ်ရေးထိုးခြင်း၊ encrypt ပြုလုပ်ပေးခြင်း၊ export ပြုလုပ်ခြင်းနှင့် ထုတ်ဝေခြင်းများကို ပြုလုပ်ပေးသည်။ Acrobat.com သည် ဖိုင်များကို သိမ်းဆည်းရယူနိုင်သည့် ဝန်ဆောင်မှု (file hosting services)နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာထိန်းသိမ်းမှု စသည့်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးထားသည်။