![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/my/thumb/0/07/Logo_of_2020_Paralympics.png/640px-Logo_of_2020_Paralympics.png&w=640&q=50)
၂၀၂၀ နွေရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ
ဩဂုတ်လမှ စက်တင်ဘာလ ၂၀၂၁ အထိ တိုကျို၌ကျင်းပသောမသန်စွမ်းအိုလံပစ်ပွဲ / From Wikipedia, the free encyclopedia
၂၀၂၀ နွေရာသီ ပါရာလမ်းပစ်ပြိုင်ပွဲ (သို့မဟုတ်) ၂၀၂၀ နွေရာသီ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2020 Summer Paralympics) သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၅ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၆ကြိမ်မြောက် နွေရာသီ မသန်စွမ်းအိုလံပစ် အားကစားပွဲတော် ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၁ရက်နေ့မှ စက်တင်ဘာလ ၆ရက်နေ့အထိ ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။
![]() | |||
အိမ်ရှင်နိုင်ငံ | တိုကျိုမြို့၊ ![]() | ||
---|---|---|---|
ဆောင်ပုဒ် | United by Emotion | ||
နိုင်ငံများ | ၁၆၃ | ||
ပါဝင်ယှဉ်ပြိုင်သူ | ၄၅၃၇ | ||
ပွဲစဉ်များ | ၅၃၉ (၂၂) | ||
ဖွင့်ပွဲအခမ်းအနား | ၂၄ ဩဂုတ် ၂၀၂၁ | ||
ပိတ်ပွဲအခမ်းအနား | ၅ စက်တင်ဘာ ၂၀၂၁ | ||
Opened by | နာရူဟီတို (ဧကရာဇ်) | ||
Cauldron | Yui Kamiji Karin Morisaki Shunsuke Uchida | ||
Stadium | ဂျပန် အမျိုးသားအားကစားကွင်း | ||
နွေရာသီ အားကစားပွဲ | |||
| |||
ဆောင်းရာသီ အားကစားပြိုင်ပွဲ | |||
|
ပြိုင်ပွဲကို ၂၀၂၁ခုနှစ်သို့ ရွှေ့ဆိုင်းထားသော်လည်း ပြိုင်ပွဲ၏ အမည်ကိုမူ ၂၀၂၀ဖြင့်သာ ဆက်လက်ထားရှိသည်။ တိုကျိုမြို့သည် ၁၉၆၄ နွေရာသီပါရာလမ်းပစ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသောကြောင့် တိုကျိုမြို့သည် နွေရာသီပါရာလမ်းပစ်ကို ၂ကြိမ်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၉၈ ဆောင်းရာသီ ပါရာလမ်းပစ်ကိုလည်း လက်ခံကျင်းပခဲ့ပြီး ပါရာလမ်းပစ်ပြိုင်ပွဲများကို ၃ကြိမ်တိုင်တိုင် လက်ခံကျင်းပခဲ့သည်။
၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲကျင်းပပြီး ၁၆ရက်အကြာတွင် ပါရာလမ်းပစ်ကို တရားဝင် စတင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲကဲ့သို့ပင် အားကစားကွင်း၊ရုံများတွင် ပရိသတ်များ ကြည့်ရှုနိုင်ခြင်း မရှိပေ။