၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု H
From Wikipedia, the free encyclopedia
၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု Hကစားပွဲများကို ၂၀၁၈ ဇွန်လ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကစားမည်ဖြစ်သည်။[1] ဤအုပ်စုတွင် ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာနှင့် ဂျပန်အသင်းတို့ ပါဝင်သည်။ ထိပ်ဆုံးအသင်းနှစ်သင်းဖြစ်သော ကိုလံဘီယာအသင်းနှင့် ဂျပန်အသင်းတို့မှာ ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။[2] ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် သန့်ရှင်းစွာကစားမှု စည်းမျဉ်းအသက်ဝင်ခဲ့ပြီး ဂျပန်အသင်းမှာ ပြိုင်ပွဲသုံးခုတွင် အဝါကဒ်အနည်းဆုံး ရရှိခဲ့မှုကြောင့် အမှတ်တူနေသော ဆီနီဂေါအသင်းကို ဖြတ်ကျော်၍ ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။[3][4]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/4b/Russia_stamp_2018_%E2%84%96_2352.jpg/320px-Russia_stamp_2018_%E2%84%96_2352.jpg)