၂၀၁၇ ခုနှစ် စိန့်ပီတာစဘတ်မီသရို ဗုံးပေါက်ကွဲခြင်း
အကြမ်းဖက်မှုစာတမ်း From Wikipedia, the free encyclopedia
အကြမ်းဖက်မှုစာတမ်း From Wikipedia, the free encyclopedia
၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် စိန့်ပီတာစဘတ်မီသရိုလိုင်းပေါ်ရှိ ဆန်နာယားရင်ပြင် ဘူတာရုံနှင့် တက္ကနော်လော်ဂျီချက်စကီး အင်စတီကျူ ဘူတာရုံအကြားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ကနဦးသတင်းများအရ လူ ၇ ဦးသည် ဗုံးပေါက်ကွဲသည့်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆေးကုသနေစဉ် အရေးပေါ်အခြေအနေတွင် နောက်ထပ် ရှစ်ဦး သေဆုံးခဲ့ရာ စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့သည်။ ။[6][7][8][9][3]
၂၀၁၇ ခုနှစ် စိန့်ပီတာစဘတ်မီသရို ဗုံးပေါက်ကွဲခြင်း | |
---|---|
Saint Petersburg Metro station Tekhnologichesky Institut - the explosion occurred in the tunnel between it and Sennaya Ploshchad station. | |
နေရာ | စိန့်ပီတာစဘတ်မီသရိုလိုင်းပေါ်ရှိ ဆန်နာယားရင်ပြင် ဘူတာရုံနှင့် တက္ကနော်လော်ဂျီချက်စကီး အင်စတီကျူ ဘူတာရုံအကြားစိန့်ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ |
ကိုဩဒိနိတ် | 59°54′59″N 30°19′07″E |
ရက်စွဲ | ၃ ဧပြီ ၂၀၁၇ ၁၄:၄၀[1] (EEST (UTC +3)) |
ပစ်မှတ် | အများပြည်သူ |
တိုက်ခိုက်မှု အမျိုးအစား | အသေခံဗုံးခွဲမှု[2] |
လက်နက်များ | သံမိုဗုံး |
သေဆုံးသူဦးရေ | ၁၅ ယောက် (ပြစ်မှုကျူးလွန်သူ တရားခံအပါအဝင်)[3] |
ဒဏ်ရာရဦးရေ | ၆၄[4] |
ရန်ပြုသူများ | Akbarzhan Jalilov[5] |
အဆိုပါဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ [10][11][12] ပေါက်ကွဲစေတတ်သောပစ္စည်းအား ရုံးသုံးလက်ဆွဲအိတ်အတွင်း ထည့်သွင်းသယ်ဆောင်ခဲ့ခြင်းဖြစ်သည်။[10] ပေါက်ကွဲစေတက်သော ပစ္စည်းပါရှိသော ဒုတိယမြောက် တစ်ခုအား ဗော့စတန်နီးယားရင်ပြင်ဘူတာရုံတွင် တွေ့ရှိခဲ့ပြီး ရထားပေါ်တွင်ပင် ထိုဗုံးအား အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့သည်။[9]သံသယရှိသူ ပြစ်မှုကျူးလွန်သူ တရားခံ၏အမည်မှာ အာ့ခ်ဘားရွှန် ဂျာလီလော့ဗ်ဖြစ်ပြီး ကာဂျစ္စတန်နိုင်ငံဖွား ဥဇဘတ်လူမျိုး ရုရှားနိုင်ငံသားဖြစ်သည်။[5]
နိုင်ငံ | သေဆုံးသူ |
---|---|
ရုရှား | ၃ |
ကာဇက်စတန်[13][14] | ၁ |
အဇာဘိုင်ဂျန်[15] | ၁ |
ဘီလာရုဇ်[16][14] | ၁ |
ဥဇဘက်ကစ္စတန်[16][14] | ၁ |
တာဂျစ်ကစ္စတန်[16][14] | ၁ |
မဆုံးဖြတ်နိုင်သေးသူ | ၆ |
စုစုပေါင်း | ၁၄ |
ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လူ ၅၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး ၁၄ ဦး (ပေါက်ကွဲမှုဖြစ်ပွားစဉ် ၇ ဦး၊ ဆေးကုသနေစဉ် ၇ ဦး)သေဆုံးခဲ့သည် ဟုဆိုသည်။[17][18][19] ၃၉ ဦးသည် ဆေးရုံတွင် ကုသလျက်ရှိပြီး ၎င်းတို့အထဲမှ ၆ ဦးသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေသည်။[19] ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။[8]
ကာဂျစ္စတန်နိုင်ငံနှင့် ရုရှားထောက်လှမ်းရေးတို့၏ စုံစမ်းထုတ်ဖော်မှုအရ တိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု သံသယရှိသူမှာ ဥဇဘက်(Uzbeks)လူမျိုး၊[20][21][22] ၂၂ နှစ်အရွယ်ရှိ ကာဂျစ္စတန်နိုင်ငံဖွား ရုရှားနိုင်ငံသား Akbarzhon Jalilov ဖြစ်သည်။[23][24][25] ဂျာလီလော့ဗ်သည် ၁၉၉၅ ခုနှစ်တွင် ကာဂျစ္စတန်နိုင်ငံ၊ အော့ရှ်မြို့တွင် မွေးဖွားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မော်စကိုသို့ ရောက်ရှိလာခဲ့သည်။[24] ရုရှားသတင်းစာ Moskovskij Komsomolets အရ ၂၀၁၅ ခုနှစ်က ဆူရှီဘားတစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း Gazeta.ru က ဆိုသည်။[26][27] အခြားရင်းမြစ်များအရ ဂျာလီလော့ဗ်သည် ဂိုဒေါင်တစ်ခုတွင် လုပ်ကိုင်နေခဲ့ပြီး တိုက်ခိုက်မှု မလုပ်မီ တစ်ပတ်ခန့်အလိုတွင် ပျောက်သွားခဲ့သည်ဟု ဆိုကြသည်။[26] အာဏာပိုင်များက သူသည် အစ္စလာမ် အစွန်းရောက်အုပ်စုများနှင့် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ကြောင်း အင်တာဖက်(Interfax)က ဆိုသည်။[28]
ထိခိုက်မှုများအတွက် ဝမ်းနည်းကြေကွဲကြောင်းကို တရုတ်၊[29] ချက်နိုင်ငံ၊[30] ဒိန်းမတ်၊[31] ပြင်သစ်၊[32] ဂျော်ဂျီယာ၊[33] ဟန်ဂေရီ၊[34][35] အိန္ဒိယ၊[29] အင်ဒိုနီးရှား၊[36] အီရန်၊[9] အစ္စရေး၊[37] မလေးရှား၊[29] ပါကစ္စတန်၊[29] ပိုလန်၊[38][39] ပေါ်တူဂီ၊[40] ယူကရိန်း၊[41] ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ NATO၊ နှင့် ဥရောပသမဂ္ဂတို့၏[32] ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတကာမှ ထုတ်ပြန်ခဲ့သည်။
တိုက်ခိုက်မှုများကို ထိတ်လန့်မှုကြောင့် ယူကရိန်းနိုင်ငံသည် နိုင်ငံတွင်းရှိ မီသရိုဘူတာရုံများတွင် လုံခြုံရေးများ တိုးမြှင့်ခဲ့သည်။[42]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.