၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား
From Wikipedia, the free encyclopedia
၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲသည် အသက် ၂၂ နှစ်အောက် အာရှဖလား ပြိုင်ပွဲများ၏ ပထမဆုံး ပွဲဦးထွက် ဖြစ်သည်။ အိမ်ရှင်နိုင်ငံကို အိုမန်နိုင်ငံ အဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား အရည်ချင်းပြည့်မီချက် ခြေစစ်ပွဲများကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် မှ ဇူလိုင်လ ၃ ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ နောက်ဆုံးပွဲများကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် မှ ၂၆ ရက်နေ့ အထိ ကျင်းပခဲ့သည်။