၁၉၇၄ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၇၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1974 Asian Games) သည် အီရန်အင်ပါယာနိုင်ငံ၊ တီဟီရန်မြို့ ၌ ၁၉၇၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အီရန်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် ရယ်ဇာမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | တီဟီရန်မြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၂၅ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃,၀၁၀ | ||
ကစားပွဲအမျိုးအစား | ၂၀၀ (၁၆နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၁ စက်တင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၆ စက်တင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ (ဘုရင်) | ||
Athlete's Oath | Mansour Barzegar | ||
Torch Lighter | Golverdi Peymani | ||
အဓိကအားကစားကွင်း | အာရီမဲ အားကစားကွင်း | ||
|
နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၀၁၀)ဦးတို့သည် အားကစားနည်း (၁၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အာရီမဲ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ အီရန်အင်ပါယာ၊ တရုတ်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
အာရှအားကစားပြိုင်ပွဲကို အရှေ့အလယ်ပိုင်းတိုင်းပြည်၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အားကစားပွဲစဉ်များကို ကမ္ဘာတစ်ဝန်း ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် အားကစားပွဲစဉ်များအတွက် ခေတ်မီနည်းပညာများ အသုံးပြုလာခဲ့ကြသည်။