ကျော်ဇောဦး
ရခိုင်နိုင်ငံရေးသမား / From Wikipedia, the free encyclopedia
ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သည်။[1]
ဦးကျော်ဇောဦး | |
---|---|
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) |
ကိုယ်ရေး အချက်အလက်များ | |
နိုင်ငံရေးပါတီ | ရခိုင့်ဦးဆောင်ပါတီ (၂၀၁၈ – လက်ရှိ) တစ်သီးပုဂ္ဂလ (၂၀၁၇ – ၂၀၁၈) |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးကျော်ဇာဦးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ တစ်ဦးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ရွေးကောက်ခံခဲ့ရပြီးနောက် ရခိုင်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ကာ ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[2]
၂၀၁၇ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့ပြီး[3] ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်နှင့်အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[4][5]
ဦးကျော်ဇောဦးသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များကြားနာစုံစမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။[6]