![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/my/thumb/3/3b/ESA_LOGO.svg/langmy-640px-ESA_LOGO.svg.png&w=640&q=50)
ဥရောပ အာကာသ အေဂျင်စီ
From Wikipedia, the free encyclopedia
ဥရောပ အာကာသ အေဂျင်စီ (ESA; ပြင်သစ်: Agence spatiale européenne, ASE) သည် အာကာသစူးစမ်းလေ့လာရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကာ ၁၉၇၅ ခုနှစ်တွင် အဖွဲ့ဝင် ၂၂ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ဌာနချုပ်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တည်ရှိပြီး ဝန်ထမ်းအင်အား ၂၀၀၀ ရှိပြီး[3] နှစ်စဉ် ဘက်ဂျက်ကုန်ကျငွေမှာ €၅.၂၅ ဘီလီယံ / US$၅.၇၇ ဘီလီယံ (၂၀၁၆) ဖြစ်သည်။
![]() | |
အတိုကောက် |
|
---|---|
ပိုင်ဆိုင်သူ | |
တည်ထောင် | မေ ၃၀၊ ၁၉၇၅; ၄၉ နှစ် အကြာက (၁၉၇၅-၀၅-30) |
ဌာနချုပ် | ပဲရစ်မြို့၊ Île-de-France၊ ပြင်သစ်။ |
ပင်မ အာကာသဆိပ်ကမ်း | Guiana Space Centre |
စီမံခန့်ခွဲသူ | Johann-Dietrich Wörner ညွန်ကြားရေးမှူး |
ဘက်ဂျက် | ![]() |
တရားဝင် ဘာသာစကား | အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်[2] |
ဝဘ်ဆိုဒ် | esa.int |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/41/Views_in_the_Main_Control_Room_%2812052189474%29.jpg/640px-Views_in_the_Main_Control_Room_%2812052189474%29.jpg)
ESA ၏ အာကာသပျံသန်းရေး စီမံကိန်းတွင် လူသားများလိုက်ပါခြင်းစီမံကိန်း ပါဝင်ပြီး ပင်မရည်ရွယ်ချက်မှာ နိုင်ငံတကာ အာကာသ စခန်းသို့ ပူးပေါင်းပါဝင်ခြင်း ဖြစ်သည်။ လူသားမဲ့ အာကာသယာဉ်များ စေလွှတ်ခြင်းများမှာ လကမ္ဘာ၊ ကမ္ဘာမြေစူးစမ်းရေး၊ သိပ္ပံနှင့်ဆက်သွယ်ရေးနည်းပညာ၊ ယာဉ်များအား ဒီဇိုင်းဆွဲပစ်လွှတ်တင်ခြင်း၊ အာကာသယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းများ ဖြစ်သည်။ အဖွဲ့အစည်း၏ အောက်ပါ သုတေသန ၅ ချက်ကို ဆောင်ရွက်လျက်ရှိသည်။
- ESA ၏ သိပ္ပံ စီမံကိန်းများအား နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည်။
- ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စီမံကိန်းအား အီတလီနိုင်ငံတွင် အခြေစိုက်သည်။
- ESA စီမံကိန်း ထိန်းချုပ်စခန်းမှာ ဂျာမနီနိုင်ငံတွင် ဖြစ်သည်။
- ဥရောပ အာကာသယာဉ်မှူးများစခန်းကိုမူ ဂျာမနီနိုင်ငံ ကိုလိုဂျိန်မြို့တွင် တည်ရှိပြီး
- ဥရောပ အာကာသ နက္ခတ္တအသင်း (ESAC) သည် စပိန်နိုင်ငံတွင် တည်ရှိသည်။