From Wikipedia, the free encyclopedia
အူဂါဇာဟီးန် (Uğur Şahin)သည် တူရကီနိုင်ငံမွေး ဂျာမနီနိုင်ငံသား ဆရာဝန်၊ ကင်ဆာပညာရှင် (Oncologist)နှင့် စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်သည်။[၂][၃][၄] သူ၏အမည်ကို တူရကီအသံထွက်အားဖြင့် အူဟာရှဟီးန် (Turkish: [uːɾ ʃaː.hin])ဟု မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အသံထွက်နိုင်သည်။ သူ၏ အဓိကသုတေသန ဧရိယာများမှာ ကင်ဆာသုတေသနနှင့် ကိုယ်ခံအားပညာရပ် (immunology) ဖြစ်သည်။[၅] သူသည် ဘိုင်ယွန်တက်ခ် (BioNTech) ကုမ္ပဏီကို ဇနီးဖြစ်သူ အော့ဇလဲမ် တူရီးစီ (Özlem Türeci)နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။[၆] သူနှင့် သူ၏ဇနီးကို ယခုအခါ (၂၀၂၀-ခုနှစ် ဒီဇင်ဘာ)တွင် BNT162b2 ကိုဗစ်–၁၉ ကာကွယ်ဆေးကို တီထွင်ခဲ့သော လက်ရွေးစင် အသင်းအဖြစ် အသိအမှတ် ပြုကြပြီး၊ ၂၀၂၁ နိုဘယ်ဆုရနိုင်ချေရှိသူများ အဖြစ်မှန်းဆနေကြသည်။[၇] သူနှင့် သူ၏ဇနီးသည် ဂျာမနီနိုင်ငံရှိ အချမ်းသာဆုံးလူ ၁၀၀ စာရင်း တွင် ပါဝင်သည်။[၈] ၂၀၂၀-ခုနှစ်တွင် ဖောဘ်ဇ်မဂ္ဂဇင်း (Forbes)မှ သူ၏ အသားတင်ပိုင်ဆိုင်မှု (net worth)သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။[၁]
အူဂါဇာဟီးန် (အူဟာရှဟီးန်) (Uğur Şahin) | |
---|---|
၂၀၁၉-ခုနှစ်မှ အူဂါဇာဟီးန် | |
မွေးဖွား | တူရကီနိုင်ငံ၊ Hatay၊ Iskenderun | စက်တင်ဘာ ၂၉၊ ၁၉၆၅
နိုင်ငံသား | ဂျာမနီနိုင်ငံသား |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ[၁] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.