အာဇာနည်ဗိမာန်
မြန်မာနိုင်ငံရှိ ဗိမာန် / From Wikipedia, the free encyclopedia
အာဇာနည်ဗိမာန် သည် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်အနီးတွင် တည်ရှိသည်။ ဂူဗိမာန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်များကိုလည်း မြှုပ်နှံထားသည်။ အာဇာနည်ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်သည်။[1][2][3]
အချက်တိုများ ကိုဩဒိနိတ်, တည်နေရာ ...
အာဇာနည်ဗိမာန် | |
ကိုဩဒိနိတ် | 16.8025°N 96.1475°E / 16.8025; 96.1475 |
---|---|
တည်နေရာ | ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
ရည်ရွယ် | ဗိုလ်ချုပ်အောင်ဆန်း နှင့် အစိုးရဝန်ကြီးများ |
ပိတ်ရန်
အာဇာနည်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံသားအားလုံး နိုင်ငံခေါင်းဆောင်ကြီးများကို အရိုအသေပေးကာ အလေးပြုကြသည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တစ်နိုင်ငံလုံးရှိ မြန်မာနိုင်ငံတော်အလံများကိုလည်း ထက်ဝက်ခန့်နှိမ့်ချ ထားကြသည်။